top of page
Search

ရုရှားတပ်များကို ဒုက္ခပေးနေသော မောင်းသူမဲ့လေယာဉ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 30, 2022
  • 1 min read

ပုံမှန်မှာ မောင်းသူမဲ့လေယာဉ်တွေက အမေရိကန်လုပ်ဆိုရင် စျေးကြီးပါတယ်။ သန်း ၂၀ အထက်ပါ။ယခုဟာက ရုရှားတပ်ကို ဒုက္ခပေးနေတာက အမေရိကန်လုပ်မောင်းသူမဲ့လေယာဉ်မဟုတ်ဘဲ တူရကီထုတ်ပါ။ သူ့ကို Bayraktar TB2 လို့ ခေါ်ပါတယ်။ သူ့ကို လစ်ဗျား၊ ဆီးရီးယားနဲ့ အာမေးနီးယားက စစ်ပွဲတွေမှာ သုံးခဲ့ပါတယ်။ အာမေးနီးယားနဲ့ အာဇာဘာဂျန်ကစစ်ပွဲမှာ အာဇာဘာဂျန်က ဒီတူရကီကဒရုန်းနဲ့ဝေဟင်ကိုစိုးမိုးပြီး စစ်နိုင်ခဲ့ပါတယ်။

ဒီ TB2 မောင်းသူမဲ့လေယာဉ်ဟာ အမြင့်ပေ ၁၈၀၀၀ ကနေ ပျံသန်းနိုင်ပြီး ကီလို ၃၀၀ (မိုင် ၁၈၆) အကွာအဝေးကို ပျံသန်းနိုင်ပါတယ်။ ဖရူဆိုကနေ နေပြည်တော်က တိုက်ရိုက် မိုင် ၈၀လောက်သာ ဝေးပါတယ်။ ဖာပွန်ကနေ နေပြည်တော်က ၁၄၄ မိုင်ပါ။ ကနီကနေ နေပြည်တော်က မိုင် ၂၀၀ ပါ။ သူက ကီလို၁၅၀ လောက် လက်နက်ကိုသယ်နိုင်ပြီး ဒုံးပျံ လေးခုကို သယ်နိုင်ပါတယ်။ TB2 ရဲ့စျေးက တစ်စင်းကိုဒေါ်လာ ၂ သန်းပါ။ အမေရိကန်စျေးထက်အများကြီးသက်သာပါတယ်။ ဒါဆိုယူကရိန်းက ဘယ်လိုသုံးသွားခဲ့လဲ?

ပုံမှန်မှာက ဒရုန်းကို ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးက အဆင့်မြင့်ရင် ပစ်ချလို့ရနိုင်ပါတယ်။ ဒါပေမယ့် ရုရှားရဲ့ရှေ့တန်းက စစ်ကြောင်းတွေ တပ်စခန်းတွေကိုတော့ လေကြောင်းရန်ကာကွယ်ရေး ထိထိရောက်ရောက်ပေးဖို့ ရုရှားအတွက်ခက်ခဲ့ပါတယ်။

စာရေးသူတို့အတွက် နေပြည်တော်ကို မောင်းသူမဲ့နဲ့တိုက်ဖို့က မခက်ခဲပါ။ ဒါပေမယ့် ဒီထက်လက်တွေ့ကျတာတွေကို အာမေးနီးယားနဲ့ အာဇာဘာဂျန်စစ်ပွဲမှာ လေ့လာနိုင်ပါတယ်။ အာမေးနီးယားဟာ စစ်ဖြစ်ရင် အရပ်သားပစ်မှတ်တွေပစ်ပြီး ခြိမ်းခြောက်လေ့ရှိပါတယ်။ အာဇာဘာဂျန်ထဲက နယ်မြေကိုလဲယခင်ထဲက သိမ်းထားခဲ့ပါတယ်။ ဒီ ၂၀၂၀ စစ်ပွဲမှာ အာဇာဘာဂျန်က အာမေးနီးယားရဲ့ လက်နက်ကြီးတွေ၊ တင့်ကားတွေ၊ ထောက်ပို့တွေကို ဒီမောင်းသူမဲ့နဲ့ ပစ်ပြီး ဒေါ်လာ တစ်ဘီလီယံ (သန်း တစ်ထောင်)ဖို့ ဖျက်ခဲ့ပါတယ်။ ဒါကြောင့်အာမေးနီးယားစစ်ရှုံးခဲ့ပါတယ်။

ယခုစာရေးသူတို့ကို ဒုက္ခပေးနေတာက မအလတပ်ရဲ့ လက်နက်ကြီးတွေပါ။ ဒီလို TB 2 မောင်းသူမဲ့လေယာဉ်တွေသာ စာရေးသူတို့ စစ်မျက်နှာတိုင်းပါ ပိုင်ဆိုင်နိုင်ရင် ရန်သူ့လက်နက်ကြီးတွေ၊ လက်နက်သိုလှောင်ရုံတွေ ထောက်ပို့တွေကို ပစ်နိုင်မှာပါ။ ဒါမှရန်သူက စစ်ရာဇဝတ်မှုတွေ မကျူးလွန်နိုင်မှာပါ။လေယာဉ်အပြ+င် လက်နက်ဒုံးလဲ ဝယ်ရမှာပါ။ လက်နက်ဒုံးကလဲ သိန်းဂဏန်းရှိပါတယ်။ ဒါပေမယ့်ငွေကုန်ရကျိုးနပ်မှာပါ။

ဒီလို TB2 မောင်းသူမဲ့လေယာဉ်ရဖို့ ဘာလုပ်ရမလဲ။ ပထမက ပိုက်ဆံလိုပါတယ်။ ပိုက်ဆံရပြီးရင်တူရကီကနေ ဝယ်ရမှာပါ။ တူရကီနဲ့ အဆက်အသွယ်လိုပါမယ်။ ဒီကိစ္စက ရိုဟင်ဂျာတွေအနေနဲ့ မိမိကိုသတ်ခဲ့တဲ့ မအလကို လက်စားချေလိုရင် အမေရိကန်နဲ့ ICC ကို မမျှော်ဘဲ NUG နဲ့ တူရကီအစိုးရကိုဆက်သွယ်ပေးလိုက်ပါ။ NUG ကို TB2 ရောင်းဖို့ ပြောပေးပါ။ TB2 နဲ့ မအလတပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို NUG က ရပ်ပေးနိုင်မှာပါ။

Reference : Bayraktar website, Sky News, CNN, BBC, Al-Jazeera

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page