top of page
Search

ရှေ့နောက်စကားမညီသော သာဝ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 7, 2021
  • 1 min read

တပ်မတော်သတင်းမှန်က မဲစာရင်းတွေ မမှန်နိုင်ဘူးဆိုပြီး ထုတ်ပြန်နေတာ တွေ့ရပါတယ်။ ဒါဟာစေတနာနဲ့ လုပ်တာလား? ရှုံးမဲ မဲတာလားဆိုတဲ့ မေးခွန်းရှိပါတယ်။ ဒီမဲတွေ ထွက်ခဲ့တာ ကြာခဲ့ပါပြီ။ပထမမဲမှာ သာဝရဲ့ မွေးစားသား ထွေအုပ်နဲ့ လူဝင်မှုကြောင့် အမှားရှိပါတယ်။စာရေးသူတို့က ဝိုင်းအော်ခဲ့ပါတယ်။ တပ်မတော်ဟာ စေတနာရှိရင် အဲ့ဒီအချိန်ကထဲက အော်ပြီး ယခုလို မဲစာရင်းတွေ စစ်ပေးခဲ့သင့်ပါတယ်။ ဒါပေမယ့် သာဝနဲ့အဖွဲ့ဟာ ဘာမှ မဲစာရင်းဝင်မစစ်ပေးခဲ့ပါ။ အိုကေ ယခုတပ်မတော်ကြီးက မဲစာရင်းတွေမှားနိုင်ခဲ့တယ်လို့ တအားအော်နေတယ်။ ရွေးကော်ကိုလဲ စိတ်မချဘူးအော်နေတာ တွေ့ရပါတယ်။ ဒါဆိုရင် ဘာလို့ မိမိစိတ်မချတဲ့ ရွေးကော်ကို ရခိုင်နဲ့ ရှမ်းမှာ ရွေးကောက်ပွဲ ချက်ချင်းလုပ်ပေးဖို့ အော်နေရလဲဆိုတာ စဉ်းစားစရာပါ။ ရှေ့နောက်စကားမညီဖြစ်နေပါတယ်။

ဘာ့ကြောင့်လဲ? မနေ့က ကြေညာချက်ထုတ်တာက ရခိုင်နဲ့ရှမ်းမှာ ရွေးကောက်ပွဲလုပ်ဖို့ ရွေးကော်ကိုတောင်းဆိုတာတွေ့ရပါတယ်။ ဒီ့ထက်ထူးဆန်းတာက အကြမ်းဖက်သမား ကြေညာထားတဲ့ ဓာတ်ခဲကိုAA ဘာညာခေါ်ပြီး ယခု အမတ်တွေကို ပြန်လွှတ်ပေးလိုက်ပြီ ရွေးကောက်ပွဲလုပ်ပါဆိုတာက ကြားပွဲစားစကား ဖြစ်နေပါတယ်။ သူ့ရည်ရွယ်ချက်က ဘာလဲ?

ပုံမှန်ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲက လွှတ်တော်ခေါ်ပြီးမှ ကျင်းပလို့ရမှာပါ။ ဒါ့ကြောင့် နောက်အစိုးရတက်အပြီး ဧပြီနောက်ပိုင်းမှသာ ဖြစ်မှာပါ။ နောက်ပြီး ယခုအချိန်မှာ ရခိုင်မှာ NLD အမတ်တွေအနေနဲ့ လွတ်လပ်စွာ မဲဆွယ်ခွင့်မရသေးပါ။ သူတို့ကို ဥပဒေမဲ့ဖမ်းပြီး အခြားပါတီက နိုင်သွားတာပါ။သာဝလုပ်နေတာက အဆိုပါနေရာတွေမှာ ရွေးကော်က ယခုလွှတ်တော်မခေါ်မှီ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရင် သူတို့က မဲစာရင်းမမှန်လို့ စာထုတ်ထားတဲ့ နေရာတွေကိုလဲ ပြန်ကျင်းပနိုင်အောင်အထိ ဖိအားပေးဖို့ပါ။

စာရေးသူကတော့ ရွေးကော်ကို ပိုပိုပြီး ကြိုက်လာပါတယ်။ မြန်မာပြည်မှာ NLD ပါတီက မလုပ်ရဲတာကို လုပ်ရဲတာဟာ ရွေးကော်သာရှိပြီး သာဝကို စာထုတ်တားတာ၊ သာဝလုပ်တာကို ဂရုမစိုက်ဘဲ အရူးလုပ်ထားနိုင်တာကလဲ ရွေးကော်သာရှိပါတယ်။ သာဝကတော့ ရှေ့နောက်စကားမညီတာ တွေ့ရပါတယ်။

သာဝနှင့်အဖွဲ့ကို ပြောချင်တာက အမေရိကန်က ထရမ့်လိုတော့ မမျှော်လင့်ပါနဲ့လို့ ကြိုပြောထားပါရစေ။ ပထမအချက်က ထရမ့်က လက်ရှိအာဏာရဖြစ်ပြီး ယခုအချိန်မှာ NLD က သမ္မတလုပ်နေတာပါ။နောက်ပြည်သူ ၄၈% က ထရမ့်ကို ထောက်ခံခဲ့တာဖြစ်ပြီး ဖွတ်ကိုက ၁၀% တောင် မထောက်ခံခဲ့ပါလို့ပြောပါရစေ။ ပြည်သူက NLD နဲ့ ရွေးကော်နောက်မှာ ရှိနေပါတယ်။ သာဝနောက်မှာက သာဝလို ဖွတ်များသာ ရှိတာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jan 08, 2021

ဦးမြတ်!!! ရွာတရွာက ဦးဆယ်ရ ဆိုသူကို သတိရမိပါသည်။

ဓနဥစ္စာက ရွာအဆင့်နဲ့ ယှဥ်လျှင်

ကြွယ်ပိုးကြွယ်ဝ ချမ်းသာလွန်းလှပါသည်။ သူဓနကို စိတ်မချ၍ အကာအကွယ်ရရန် မြင့်မြင့်မားမား ခြံတံတိုင်း ခတ်ပါသည်။(ဘိလပ်မြေ မပေါခင်ကာလမို့)

ဝါးခြံစည်းရို့ခတ်ရပါသည်။ ဝါးခုတ်သူကိုလည်း ဝါးရင့်ရင့် ရအောင်ခုတ်ဖို့ ပြောရ။ ခြံခတ်သူကိုလည်း ဝါးအရင်းအဖျား မျှမျှတတ ပါဝင်အောင် ဝင်ပြောရ၊

ဝါးဖြတ်တဲ့ နေရာမှာလည်း မြင့်မြင့်ဖြစ်အောင် လိုက်ပြောရ၊ ဝန်းခြံကပ်ဖို့ ခြံတိုင်မှာယူစိုက်ရာမှာလည်း လိုက်ပြောရ။ နေ့ချင်းပြီး အင်တိုက်အားတိုက် အပြီးလိုချင်တော့ ထိုင်စောင်ပြီး မြင်မြင်သမျှ လိုက်ပြောနေရတာပေါ့။ကြာလာတော့ စကားတွေ ထပ်ထပ်လာပြီး

တိုင်စိုက်သူထံ ရောက်လာတော့

နက်နက်တူး လို့၊ ပြောရမည့်အစား

**မြင့်မြင့်ရှည်ရှည်ဖြစ်အောင်ဖြတ်ပါကွ**။ ဝန်းခြံရက်နေသူထံသွားပြီးတော့ **နက်နက် ရက်ပါကွ**။ လေးဘက်လေးတန်မှာ အလုပ်သမားတွေရှိနေတော့၊ ခြံဝန်းကလည်းကျယ် ဆိုတော့ ကြာလာတဲ့အခါမှာ လွဲမှားစွာများများပြောလာတဲ့အပေါ် အလုပ်သမားတွေ ပြောလိုက်တာက

**ဦးဆယ်ရတော့ ၊ ဒီပုံနဲ့တော့၊ ဒီခြံခတ်မပြီးခင်၊ ရူးလိမ့်မယ်**တဲ့။

လောဘရမက် နှိပ်စက်ခြင်းသည်

ဆိုးရွားလွန်းလှပါသည်။


အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page