top of page
Search

ရဲတပ်ဖွဲ့ကို ဘယ်လိုပြင်မလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 16, 2020
  • 1 min read

မြန်မာပြည်မှာ ရာဇဝတ်မှုတွေများရင် ပြည်ထဲရေးက ရဲနဲ့ပြည်သူအချိုးမှာ ရဲက နည်းနေလို့ဆိုပြီး ပြောကြပါတယ်။ ဒါနဲ့ နိုင်ငံခြားမှာက ဘာလို့ရဲများတာလဲဆိုတာက စစဉ်းစားရမလို ဖြစ်လာပါတယ်။

ဒါပေမယ့် ပြဿနာရဲ့အစက ခြေဥပါ။ ရဲကို ဗဟိုကချုပ်ကိုင်ထားလို့ ရန်ကုန်ကရဲထဲဝင်သူက ကချင်ရောက်သွားနိုင်သလို ကချင်ကနေ ရဲထဲဝင်ရင်လဲ ရန်ကုန် ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မိမိနယ်မှာရဲပြန်မလုပ်ရတာကလဲ ရဲထဲဝင်ဖို့ စဉ်းစားစရာဖြစ်လာပါတယ်။ နောက်ပြီး မိုးကျတွေနေရာယူထားတာကလဲ သာမန်ရဲကို တက်လမ်းပိတ်စေပါတယ်။

ဒါဆိုဘယ်လိုလုပ်မလဲ။ ရဲချုပ်ကို ရဲ ဒုဗိုလ်ချုပ်ကြီးကနေ ရဲဗိုလ်ချုပ်ကြီး ပြီးရင်ရဲဗိုလ်ချုပ်မှူးကြီးအထိ ခြေဥမပြင်နိုင်ခင် ရာထူးတိုးပေးသွားသင့်ပါတယ်။ နောက်ရဲမှာ ဒုရဲမှူးအထက် ကိုယ်ရေးရာဇဝင်ကို တင်ခိုင်း ပြီးရင် ဒီမိုကရေစီအကြောင်း ဆောင်းပါးရေးခိုင်းပြီး မိုးကျတွေကို ဒီမိုအသိမရှိရင် ပြစ်မှုရှာထုတ်သင့်ပါတယ်။ တပ်ကနေ ရဲကိုပြောင်းနေတာတွေကို ရပ်ရပါမယ်။

ဆေးကျလို့ဆိုရင် လူကယ်ပြန်အနေနဲ့ သူတို့ကို ခြေဥအရ ငွေထောက်ပံ့ပြီး အခြား ကုမ္ပဏီတွေမှာ သူကတပ်ထဲမှာ ဗိုလ်မှူးဖြစ်ဖြစ် အစောင့်လောက်ခန့်ပေးသင့်ပါတယ်။ ဒါဆို ခြေဥကိုလဲ လိုက်နာတိုင်းပြည်မှာလဲ မိုးကျအန္တရာယ် နည်းသွားပါမယ်။ ရဲထဲမှာ ရာထူးတက်သင့်တဲ့ရဲတွေ အများကြီးပါ။သူတို့ကို ရာထူးတိုးပေးသင့်ပါတယ်။ ပြီးရင် ရဲအသုံးစာရိတ် တစ်နေ့ ၁၈၀၀ ကျပ်ကနေ ထပ်တိုးပေးသင့်ပါတယ်။ ရဲလိုင်းခန်းတွေကို အဆင့်မြှင့်ပြီး ယူနီဖောင်းတွေ လက်နက်တွေကို အဆင့်မြှင့်ရပါမယ်။ လိုရင် နိုင်ငံခြားက လက်နက်အလှူခံပါမယ်။ ဝန်ထမ်းတိုင်းကို လစာမတိုးပေးနိုင်ပေမယ့် ရဲကိုလစာတိုးပါမယ်။ ပြီးရင် စာရင်းသေချာစစ်ပါမယ်။

ဒါမျိုးကို ထင်သာမြင်သာအောင် လုပ်ပြရင် လူငယ်အများစုဟာ ရဲထဲကိုဝင်လာပါမယ်။ ရဲဖွဲ့စည်းပုံကိုချဲ့ပြီး မိုးကျနည်းအောင်လုပ်နိုင်ရင် ပြည်သူတွေက ရဲတပ်ဖွဲ့ထဲကို ဝင်လာပါမယ်။ ရဲတွေကို ဝကခအမိန့်ကို တိုက်ရိုက်ခံဖို့ လုပ်နိုင်ရင် ဒီပြည်သူ့ရဲတွေဟာ တိုင်းပြည်အတွက် လိုအပ်ရင် အသုံးဝင်လာပါမယ်လို့ ပြောပါရစေ။

ယခုလုပ်နေတဲ့ ရဲတပ်ဖွဲ့ကို တပ်လိုဖြစ်အောင် လုပ်နေတာဟာ နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ပိုကွာဝေးသွားမယ်လို့ ပြောပါရစေ။

ယခုရေးသားချက်များဟာ အောက်ခြေမှာလိုနေတာကို သိအောင်သာရေးပြတာပါ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page