top of page
Search

ယခင်ကလိုမရတော့ဘူး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 16, 2022
  • 1 min read

ree

ယခင်ကဆန္ဒပြရင်ဖမ််းတယ်၊ ယခုပစ်တယ်။ ပြည်သူတွေက လက်နက်ကိုင်ပြန်တိုက်တယ်။ ယခင်ကလို ငြိမ်ခံမနေဘူး။

အစက မိုင်းဆွဲတယ်။ မိုင်းထိတဲ့ကားကို ဝိုင်းပစ်ဖို့အားမရှိဘူး။ လက်နက်မရှိဘူး။ ယခုအချို့နေရာတွေမှာ မိုင်းထိတဲ့ကားကို ဝိုင်းပစ်ပြီး အသေတိုက်လာနိုင်တာတွေ့နေရပါပြီ။ ဒါကတိုးတက်မှုပါ။

ယခင်က မိမိစခန်းကိုလာတိုက်ရင် ဘာမှမလုပ်နိုင်ခဲ့ဘူး။ ယခုကရန်သူ့စခန်းကို ဝင်တိုက်နိုင်တဲ့အဆင့် ရောက်လာနိုင်ပါပြီ။

ယခင်ကရန်သူက ရေကြောင်းက သင်္ဘောနဲ့သွားရင် ဘာမှလုပ်မရခဲ့ဘူး။ ယခုဆို ရေကြောင်းကိုလဲ ဒုက္ခပေးနိုင်လာနေပါပြီ။

ယခင်ရန်သူက ရွာတွေကိုမီးရှို့ရင် ထိုင်ကြည့်နေခဲ့ရတယ်။ ယခုမီးရှို့ပြီး ပြန်ထွက်လာတဲ့အကြမ်းဖက်မအလတပ်ကို မိုင်းဆွဲလာနိုင်ခဲ့ပါပြီ။ ဒါက ပြစ်မှုကျူးလွန်သူကို ချက်ခြင်းဒဏ်ခတ်လာနိုင်တာပါ။ ကုလကိုစောင့်နေရင် သူကအစိုးရိမ်လွန်ပြီး နှလုံးရောဂါရမှာတောင် ကိုယ်ကပြန်စိုးရိမ်နေရပါတယ်။

ယခင်ရန်သူကဗုံးကြဲရင် သူ့အိမ်ကိုဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ယခုရန်သူ့မိသားစုအိမ်ကို သူရွာတွေကိုဗုံးကြဲတဲ့အတိုင်း သတိပေးသဘောမျိုး စလုပ်လာနိုင်နေပါပြီ။ သူ့လေယဉ်ကို ဗုံးခွဲဖျက်ချနိုင်နေပါပြီ။ သူကတော့ ပျက်ကျတယ်လို့သာ အရှက်ပြေပြောမှာပါ။ လေယဉ်က မြေပြင်ပေါ်မကျခင် လေထဲမှာ ပေါက်ကွဲသွားခဲ့တာပါ။

ယခင်က နန်းတွေပြုသမျှသီးခံခဲ့ရပေမယ့် အုပ်ကြီးပြုသမျှ သီးခံခဲ့ရပေမယ့် ယခုအချိန်မှာ လူပါးဝသူကို မုန့်ဟင်းခါးကျွေးလို့ရနေပါပြီ။ အချို့နေရာတွေမှာ နန်းတွေကို အလုပ်ထွက်ဖို့ သူတို့ရဲ့နယ်မြေတွေကနေ ထွက်သွားဖို့အမိန့်ထုတ်လာနိုင်ပါပြီ။

ယခင်က DASSK ကိုပြန်လွှတ်ရင် သူမမှာတပ်မရှိပေမယ့် ယခုအချိန်မှာ သူမမှာတပ်ရှိနေပါပြီ။ ဒါတွေကအလွယ်တကူဖြစ်လာတာမဟုတ်ပါ။ အသက်များစွာပေးပြီး ရွာများစွာရင်းပြီးမှ ရလာတာပါ။

ဒါတွေက ယခင်နဲ့ ယခုမတူတော့တာပါ။ နောက်ပိုင်းယခုထက်ပို လုပ်လာနိုင်မှာပါ။ အရေးကြီးတာ ကျည်ဆန်က မိုးပေါ်ကကျလာတာမဟုတ်ပါ။ ဘယ်နိုင်ငံကမှ ကူမနေပါ။ PDF နဲ့ NUG မှာ ပြည်သူသာရှိပါတယ်။ NUG ကို အခွန်ဆောင်ပါ။ NUG ငွေတိုက်စာချုပ်ဝယ်ပါ။ PRF အဖွဲ့ဝင်ပြီး လစဉ်ပိုက်ဆံလှူပါ။ ပြည်သူမှ ပြည်သူသို့ကူညီပြီး မိစ္ဆာမအလနဲ့ ဖက်ဆစ်တပ်ဖွဲ့ကို အပြီးတိုင် တိုက်ထုတ်ကြပါ။ ယခင်ကလို မရတော့ပါလို့ မအလကို ပြောပါရစေ။နောက်ပိုင်းလေယဉ်တွေ လာပါအုံးမယ်။ Good Luck ပါ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

3 Comments


Tun tunnaing
Tun tunnaing
Feb 16, 2022

အမေအိုကိုပြဿာနာထပ်မပေးပါနဲ့..အမေအိုက C.R.P.H. NUGဆိုတာသူ့နောက်မှာဖြစ်တည်လာတာပါ..ထောင်ထဲမှာအထိမ်းသိမ်းခံထားရတဲ့လူတစ်ယောက်မှာဘယ်လိုစစ်တပ်ဖွဲ့နိူင်မှာလည်း..ပိုစ့်ပိုင်ရှင်ကြိုက်တာရေးနိူင်ပါတယ်..ထောင်ထဲ့မှာရှိတဲ့အမေကြီးကိုသတ်ဖို့မကြံစည်ပါနဲ့ပိုစ့်ပိုင်ရှင်အရင်နိဗ္ဗန်ရောက်သွားကြိုဆိုဂါဝရပြူ့ဖို့လုပ်ပါလေ..


Like
Myat Tun Oo
Myat Tun Oo
Feb 17, 2022
Replying to

သူမစစ်တပ်မဖွဲ့ပါ။ ဒါပေမယ့် ယခင်ကလို မအလပြုသမျှ တပ်ပြုသမျှ နုစရာမလိုတော့ပါ။ သူမကိုလဲ မအလဘာမှလုပ်မရပါ။ ဒါရေးလို့လဲ သူမကို ဘာမှလုပ်မရပါ။ လုပ်ရရင် လုပ်ခဲ့တာကြာပေါ့။ လမ်းပေါ်ဆန္ဒထွက်ပြတာကအစ အမေအိုကိုထိမယ်ဆိုပြီး နည်းမျိုးစုံနဲ့ တားခဲ့ကြတာ။ ယခုအချိန်မှာ တော်လှန်ရေးက ခရီးရောက်နေပါပြီ.

Like

Myint Soe Oo
Myint Soe Oo
Feb 16, 2022

ဦးမြတ်!!! ရေထဲက ငါး၊ ကုန်းပေါ် ရောက်လို့ အသက်‌ေပျာက်တာ မထူးဆန်းပါ။

လေထဲက ဇင်ယော်

ပင်လယ်အော်ထဲကျ၊ ရေနစ်သေရတာကျတော့ ထူးဆန်းပါသည်။

လေ သူရဲကနေ ရေဘဝဲ ဘဝ ပြောင်းရပါသည်။

ဇာတ်တော်မှာလည်း ဝတ္ထုတစ်ပုဒ်ရှိပါသည်။

လေထဲ ပျံနေတဲ့ ကျီးငှက်၊ လယ်သမားမီးရှို့လို့တက်လာတဲ့ ကောက်ရိုးမီးကွင်း

လည်စွပ်လို့ သေရသောဖြစ်ရပ်။

ဓါတ် နတ် ယတြာ အင်း

ဖြစ်ခြင်းမျိုးစုံ ၊ သပြေညို အုံကာ

ဘေးရန်ကင်းကွာ ချမ်းသာစေရန်

ဆုတောင်းကံ ပြုငြား

အကျိုးပေး ကံ၊ ရင့်သန်ချိန်မှာ

ပျက်ဆီးယိုယွင်းရတာတောင်

ရေမျက်ကြီး အင်း။

အမျက် ကြီးခဲ့လို့

အခက်ကြီးခက်

ရေသေ နေတဲ့၊ အင်း ပက်လက်ထဲ

ထိုး ကျခဲ့ရပါသည်။

အများရဲ့ အမျက်(ဒေါသ)ပမာဏ၊ သဘာဝက အင်း အဖြစ်နဲ့ ကြီးမားကြောင်းပြနေပါသည်။

သို့ပါ၍

အကြောင်းရှိရာ ၊ အကျိုးလာ၏

ကောင်းငှါ ဆိုးငှါ ၊ ရှေးကြမ္မာကို

ခွင့်သာရောက်ငြား ၊ ထိုသူအား

ဘုရားမကယ်နိုင်စွာတည်း။

( မာဃဒေဝ )


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page