top of page
Search

ယုန်ကလဲ အရူးဘဲလား

Writer: Myat Tun Oo
Myat Tun Oo
Aug 6, 2020
1 min read

စာရေးသူတို့တိုင်းပြည်မှာက DASSK ကို တိုက်ခိုက်သူတွေကိုလေ့လာလိုက်ရင် အရူးတွေဖြစ်သွားတာများပါတယ်။ ဒါကလဲဖြစ်လောက်ပါတယ်။ လူကောင်းက အဆိုးအကောင်းသိပြီး အရူးတွေကအဆိုးအကောင်းမသိလို့ ဖြစ်နိုင်ပါတယ်။

စာရေးသူယခင်ကထဲက ယုန်ကလေးဗီဒီယိုတင်ပြီးမှာ သူ့စပွန်စာဘယ်သူဆိုတာ ရေးခဲ့ပြီးပါပြီ။ ယခုပြောမှာက တိုင်းပြည်စည်းလုံးစေချင်ရင် ဘယ်လိုဇတ်ကား ရိုက်လို့ရတယ်ဆိုတာကို ဒီအရူးပါးကိုပြောချင်လို့ပါ။

ပထမက တပ်ချုပ်မအလကို ICC က ဖမ်းဝရမ်းထုတ်လို့ အမေရိကန်စစ်သင်္ဘောတွေကအလာမှာDASSK က အမေရိကန်ကိုဖုန်းဆက်ပြောလိုက်လို့ မဖမ်းသွားဘူး။ ဒါကြောင့်စည်းလုံးသွားတယ်ဆိုပြီးရိုက်လို့ရပါတယ်။

ဒုတိယအနေနဲ့ အဲ့ဒီလိုမရိုက်ချင်ဘူးဆိုရင် တပ်ချုပ်မအလက ခြေဥကိုပြင်ပြီး ၁၉၈၈ က စစ်အာဏာသိမ်းခဲ့တဲ့ ခေါင်းဆောင်အားလုံးကို ဖမ်းလိုက်လို့ ပြည်သူတွေက ချစ်လွန်းလို့ သမ္မတတင်ပါတယ်ဆိုပြီး ရိုက်ချင်ရင်လဲရပါတယ်။

ယခုကတော့ အရူးပါးက သူ့ပထွေးအကြိုက်ရိုက်သွားတာပါ။ သူ့ဇတ်လမ်းက မြဝတီက ဇတ်ကွက်တွေနဲ့ သွားဆင်နေပါတယ်။

သူ့ဟာ အရေးပေါ်ကပ်ရောဂါဥပဒေကို ဖောက်ဖျက်လို့ အရေးယူရပါမယ်။ သူက ဒါရိုက်တာဖြစ်ပြီးထုတ်လုပ်သူနဲ့ အခန်းငှါးသူကို အရေးယူရပါမယ်။ ဒါက ရုပ်ရှင်အစည်းအရုံးကို တင်ပြထားတာမဟုတ်ဘူးဆိုတာကို ရုပ်ရှင်ဥက္ကဌကလဲ ပြောသွားပါတယ်။

ဒီနေရာမှာ အရူးရဲ့ မျက်စိထဲမှာက ဒေါင်းနဲ့ ခြင်္သေ့ဟာ တူနေပါလိမ့်မယ်။ လူကောင်းကတော့ ဒေါင်းနဲ့ခြင်္သေ့မတူတာ သိပါတယ်။ မြန်မာပြည်မှာကတော့ ဒေါင်းက ဓမ္မကို ကိုယ်စားပြုပြီး ခြင်္သေ့က အဓမ္မကိုကိုယ်စားပြုပါတယ်လို့ အရူးများသိအောင် ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page