top of page
Search

ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • 1 day ago
  • 2 min read

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဆိုရင် ပထမဆုံး ပေးရမယ့်မေးခွန်းက “ယူကရိန်းမှာ ငှက်ကင် မရှိဘူးလား” ဆိုတာပါ။ ဒါက တတိယခွေးအုပ်စု လေသံလေးနဲ့ စစ်‌‌ ခွေးလေသံလေးနဲ့ မေးကြည့်လိုက်တာပါ။ ဒီမေးခွန်းမေးတဲ့အချိန်မှာ မိမိဦးနှောက်မရှိဘူးဆိုတာကိုလည်း လူတွေကို ပြလိုက်တာပေါ့။ ပထမဆုံး ဒီမေးခွန်းကို ရိုးရိုးသားသား ပြန်ပြီး စမ်းစစ်ကြည့်ရအောင်။ မေးခွန်းက “ယူကရိန်းမှာ ငှက်ကင်မရှိဘူးလား” ဆိုတာပါ။

ယူကရိန်းက နိုင်ငံကြီးပါ။ သူတို့မှာ သမ္မတရှိပါတယ်။ သူက ဥရောပမှာရှိပြီး သူ့ကို အနောက်အုပ်စု၊ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်နိုင်ငံတွေက ထောက်ခံပါတယ်။ သူ့နိုင်ငံသား ဒုက္ခသည်တွေကို ယူကေ၊ ဥရောပက လက်ခံပါတယ်။ အမေရိကန်နိုင်ငံက ထောက်ပံ့မှုအနေနဲ့ ဒေါ်လာ ဘီလီယံ ၃၀၀ ထောက်ပံ့ခဲ့ပြီး၊ ဥရောပသမဂ္ဂက ဘီလီယံ ၁၅၀ ကျော် ထောက်ပံ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းမှာ နေတိုး/အမေရိကန်က ထောက်ပံ့တဲ့ မျိုးချစ် ဒုံးခွင်းဒုံးစနစ် Patriot Air Defense System (MIM-104) ခြောက်ခု ရှိပါတယ်။ စနစ်တစ်ခုက ဒေါ်လာ ၂.၂ ဘီလီယံ ကုန်ကျပါတယ်။ ခြောက်ခုဆိုရင် ၁၃.၂ ဘီလီယံ ကုန်ကျပါတယ်။ ဒီစနစ်က ရုရှားက ပစ်တဲ့ ဒုံးပျံတွေကို ပစ်ချနိုင်ပါတယ်။ နောက် ယူကရိန်းကို အမေရိကန်နဲ့ နော်ဝေးက ပူးတွဲထုတ်လုပ်ပြီး ၂၀၂၄ မှာ ပေးခဲ့တဲ့ ဒုံးပျံနဲ့ ဒရုံးပစ်ချလို့ရတဲ့ အမျိုးသား မြေပြင်က ဝေဟင်ပစ်လက်နက် NASAMS (National Advanced Surface-to-Air Missile System) လည်း ရှိပါတယ်။ ဒါကလည်း ဘီလီယံချီ တန်ပါတယ်။

ဒါတင်လား ဆိုတော့ မဟုတ်သေးပါ။ ယူကေက ထုတ်လုပ်တဲ့ ကုန်ကားအရွယ် ရွှေ့ပြောင်းရလွယ်တဲ့ လေယာဉ်နဲ့ ဒရုန်းပစ်စနစ် Stormer Air Defense System ကိုလည်း ထောက်ပံ့ခဲ့ပါတယ်။ ဒါကလည်း ဒေါ်လာဘီလီယံချီ တန်ပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါ။ အမေရိကန်က ယခင်ကလက်ကျန် လေယာဉ်နဲ့ တာလတ်ပစ်ဒုံးတွေကို ပစ်ချလို့ရတဲ့ HAWK MIM-23 စနစ်တွေလည်း ပေးထားပါတယ်။ ဒါ့အပြင်၊ အမေရိကန်က အလွယ်တကူ လေယာဉ်ပစ်လို့ရတဲ့ Stinger နဲ့ Avenger ပခုံးထမ်း လောင်ချာတွေကို ပေးထားသလို၊ ပြင်သစ်၊ ပိုလန်နဲ့ အီတလီတို့က Crotale, Mistral, Piorun နဲ့ Aspide တာတိုကနေ တာလတ်ပစ်လို့ရတဲ့ ဒုံးခွင်းဒုံးတွေ ထောက်ပံ့ပေးထားပါတယ်။

ယခုရေးပြတဲ့အထဲမှာ နောက်ပိုင်း ထောက်ပံ့ဖို့ ကတိပေးထားတာတွေ မပါသေးပါ။ ဒါ့အပြင် ယူကရိန်းမှာ ဆိုဗီယက်လက်ထက်က မအလတပ်ထဲကလို S-300, Buk-M1, S-125 Neva, 2K12 Kub, 9K33 Osa, 9K35 Strela-10, 9K330 Tor အစရှိတဲ့ လေယာဉ်ပစ်လက်နက်များစွာ ရှိပါတယ်။ ဒီ‌ လောက် လေကြောင်းရန် ကာကွယ်‌ရေးလက်နက်တွေများစွာရှိတဲ့ကြားထဲက ရုရှားတိုက်တာကို ခံခဲ့ရပြီး တစ်ညထဲမှာ လူ ၃၀ သေ၊ ၁၇၀ ကျော် ဒဏ်ရာရခဲ့တာပါ။

စစ်ပွဲတွေဆိုတာ နည်းပညာတွေက အမြဲပြောင်းလဲနေတာပါ။ တရုတ်ကဆို ဒရုံးတင် လေယာဉ်ပျံကြီးကို စတင်အသုံးပြုဖို့ ပြင်နေပါပြီ။ ထိုစစ်လက်နက်တွေ ဝယ်ဖို့အတွက် ပိုက်ဆံလိုပါတယ်။ အချို့ကိစ္စတွေက ပိုက်ဆံရှိရင်တောင်မှ ရောင်းသူရှိမှ ဝယ်လို့ရတာပါ။ စာရေးသူတို့ရဲ့ အစပိုင်းတော်လှန်ရေးမှာ လူတိုင်း သေနတ်နဲ့ ကျည်ဆံရဖို့က အဓိကပြဿနာ ဖြစ်ခဲ့ပါတယ်။ ယခု နောက်ပိုင်းမှာက လက်နက်ကြီးတွေ လိုလာမှာဖြစ်သလို၊ မအလတပ်ရဲ့ ဒရုံးတွေကို ပစ်ချဖို့ ဟန့်တားဖို့အတွက် ဒရုန်းပစ်လက်နက်တွေ၊ jammer တွေ လိုလာမှာဖြစ်ပါတယ်။ ဒါတွေက ဒေါ်လာသန်းချီ ကုန်ပါတယ်။ နောက် PDF တွေက လစဥ် ထမင်းစားဖို့ ရှိပါတယ်။ ထမင်းစားတာက ပြည်သူက ကျွေးတယ်ဆိုရင်တောင်၊ ပစ်တဲ့ ကျည်ဆံတွေ၊ လက်နက်တွေက လိုအပ်ပါတယ်။

စာရေးသူတို့ရဲ့ NUG အောက်က PDF တွေက စိတ်ဓာတ်ခိုင်မာမှုရှိသလို၊ ရွေးကောက်ခံ အရပ်သားအစိုးရကို အသိအမှတ်ပြုမှု၊ ရွေးကောက်ခံ အရပ်သားအစိုးရရဲ့ အမိန့်ကို နာခံမှုတွေက စံနမူနာရှိပါတယ်။ အမိန့်မနာခံလိုသူ မအလတပ်လို စောက်ချိုးချိုးသူ PDF အမည်ခံ လက်နက်ကိုင်တွေကလည်း အစပိုင်းထဲက NUG အောက်က ထွက်သွားခဲ့ကြပါပြီ။ ဒီအချိန်မှာ ပြည်သူတွေရဲ့ ကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ တိုင်းပြည်ထဲရှိသူများက စီးပွားရေးမပြေလည်တာကို နားလည်ပါတယ်။ ဒါပေမဲ့ ပြည်ပက မောင်နှမများကတော့ PRF အစီအစဉ်ကနေ NUG အောက်က PDF ကို လစဉ်တိုးမြှင့်ထောက်ပံ့ပေးပြီး၊ ဒီစစ်ပွဲကို နိုင်အောင်တွန်းရမှာဖြစ်ပါတယ်။ စာရေးသူတို့မှာ စိတ်ဓာတ်အင်အားရှိပြီးသားပါ။ ဒါကြောင့် ငွေကြေးအင်အားက ယူကရိန်းလောက် ထောက်ပံ့ဖို့မလိုပါဘူး။ ပြည်သူအားလုံး ညီရင် မနိုင်စရာ အကြောင်းမရှိပါ။

ယခု ရက်ပိုင်းတွေမှာ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးအဆင့်တွေ ငရဲပြည်ကြွတဲ့ သတင်းလေးတွေ ခပ်စိပ်စိပ် ကြားလာနေရတာ အားလုံးသိမှာပါ။ ပြည်သူအားလုံး ညီခဲ့ရင် မအလရဲ့ အရာရှိကြီးတွေကို ငရဲပြည်ကို အမြန်ချောပို့စနစ်နဲ့ မြန်မြန်ပို့နိုင်မှာပါ။ စာပို့စနစ်နဲ့ ပြောရရင် ရန်ကုန်က မန္တလေးကို ရိုးရိုးစာတိုက်က ပို့ရင် ငွေကုန်ကျ သက်သာပေမယ့် စာရောက်တာက ကြာပါမယ်။ အမြန်ချောပို့စနစ်လေးနဲ့ ပို့ရင်တော့ ၅ ရက်ကြာမယ့်ခရီးက ငွေတန်ခိုးကြောင့် တစ်ညအိပ်နဲ့ ရောက်သွားပါမယ်။ ဒါကြောင့်မို့လို့ လိုရာကို မြန်မြန်ရောက်အောင် အမြန်ချောပို့စနစ်လေးနဲ့ ငရဲပြည်ပို့နိုင်အောင် PRF ကို ပြည်ပရောက် မြန်မာများက လစဉ်များများ ဝိုင်းလှူပေးကြပါ။ NUG အောက်က PDF တွေမှာ ပြည်သူသာရှိပါတယ်။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ရှာလဲမတွေ့ ငါလဲတစ်နေ့

စာရေးသူတင်လိုက်ချိန်မှာ အခြားသူတွေရေးတာနဲ့ တိုက်ဆိုင်သွားလို့ ရှုတ်ထွေးမှုတွေ ဖြစ်သွားပါတယ်။ စပြီး သတင်းရတာက ဗျူဟာမှူး ဗိုလ်မှူးကြီးနဲ့...

 
 
 
ဘင်္ဂလားနှင့် AA

အားလုံးကို ကြိုပြောထားတဲ့အတိုင်း ဘင်္ဂလားသံအမတ်ကို ပြင်းပြင်းထန်ထန်ခေါ်ပြောလိုက်ရာမှာ ဟိုကစိတ်ဆိုးသွားပါပြီ။ နဂိုထဲက AA နဲ့ ဆက်ဆံတဲ့...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page