top of page
Search

ယူကရိန်းမှပေးသော စစ်ရေး၊နိုင်ငံရေး သင်ခန်းစာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 24, 2022
  • 1 min read

ယခုယူကရိန်းကို ရုရှားက ဝင်တိုက်ဖို့ပြင်နေတာ အားလုံးသိမှာပါ။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအပြီးမှာ ယူကရိန်းက အနုမြူလက်နက် သုံးပုံတစ်ပုံ ဆိုဗီယက်ကနေ အမွေဆက်ခံခဲ့ပါတယ်။ ဒါပေမယ့်၁၉၉၄ မှာ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်နဲ့ ရုရှားက လုံခြုံရေးအာမခံလို့ သူ့အနုမြူလက်နက်တွေကိုဖျက်ပေးခဲ့ပါတယ်။ ဒီလို အနုမြူကို လုံခြုံရေးအာမခံချက်နဲ့ စွန့်လွှတ်ခဲ့ပေမယ့် ယခုအချိန်ရုရှားကကျူးကျော်လာချိန်မှာ ဘယ်နိုင်ငံကမှ သူတို့စစ်သားတွေလွှတ်ပြီး လာမကူတာ တွေ့ရမှာပါ။ ယူကရိန်းလိုဘဲ ဆိုဗီယက်နဲ့ တရုတ်ဟာလဲ ၁၉၆၉ မှာ နယ်စပ်အငြင်းပွါးမှုဖြစ်ပြီး စစ်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် တရုတ်က ၁၉၆၄ မှာ အနုမြူဗုံး စမ်းသပ်ပြီးသွားလို့ စစ်ဖြစ်ချိန် ၁၉၆၉မှာ ရုရှား/ဆိုဗီယက်က ယူကရိန်းလိုတော့ ဝင်မသိမ်းရဲခဲ့ပါ။ နောက်ပြီး ယူကရိန်းနဲ့ ဂျော်ဂျီယာမှာ အစိုးရတွေက အနောက်အုပ်စုနဲ့နိးစပ်လိုတာကို အနောက်အုပ်စုက ဝိုင်းကြိုကြပေမယ့် ယခုလိုတကယ်ပြဿနာဖြစ်လာချိန်မှာ စီးပွါးရေးပိတ်ဆို့တာသာ အဓိကလုပ်တာတွေ့ရမှာပါ။ ရုရှားမှာ နိုင်ငံခြားအရန်ငွေ ဒေါ်လာနဲ့ရွှေ စုစုပေါင်းဒေါ်လာဘီလီယံ ၆၃၀ ရှိပါတယ်။ ဒါကြောင့် ရေတိုမှာ သူ့အတွက်ပြဿနာမရှိပါ။

ဒီအဖြစ်အပျက်ကနေ စာရေးသူတို့ တော်လှန်ရေးအတွက် ဘာသင်ခန်းစာယူမှာလဲ? အရေးကြီးဆုံးသင်ခန်းစာကတော့ စာရေးသူတို့ကို အနောက်ကတပ်ဝင်လာပြီး ကယ်ဖို့ဆိုတာ မေ့လိုက်ပါ။ နောက်ပြီးကိုယ့်အားကိုယ်ကိုးရပါမယ်။ မူဝါဒချမှတ်ရာမှာ ဘယ်နိုင်ငံကိုမှ သိပ်ကြိုက်အောင်လုပ်မနေဘဲ မိမိတို့တော်လှန်ရေးအောင်ဖို့အတွက် လုပ်စရာရှိတာကို လုပ်သွားရပါမယ်။ ရှင်းစရာရှိသူကို ဘီဘီစီက ဝေဖန်မှာကြောက်မနေဘဲ ရှင်းရပါမယ်။ အမှားဆိုတာရှိနိုင်ပါတယ်။ ဥပမာ PDF က မအလယဉ်တန်းကို ခြုံခိုတိုက်တယ်ဆိုပါစို့။ အဲ့ဒီယာဉ်တန်းက စာရေးသူနဲ့ မိသားစုပါလာတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ငါ့ကိုထောက်ခံသူလား ဘာလားဆိုတာ PDF တွေအတွက် ခွဲခြားသိဖို့ကမဖြစ်နိုင်ပါ။ နောက်ပြီး စာရေးသူမိသားစုပါလာလို့ အရပ်သားဝတ်စုံမိုလို့ မပစ်ခဲ့ရင်လဲ မအလတပ်ကနောက်ပိုင်း ဒီနည်းကိုသုံးပြီး တပ်ရွှေ့လာမှာပါ။ ဒါကြောင့် စစ်ယူနီဖောင်းနဲ့တွေ့ရင် သေနတ်ပါသူဆိုရင် အရပ်ဝတ်နဲ့ဖြစ်ဖြစ် မိသားစုနဲ့ဖြစ်ဖြစ်၊ စစ်ဝတ်စုံနဲ့ဖြစ်ဖြစ် လုပ်စရာရှိတာကိုလုပ်မှ စစ်ပွဲက အောင်နိုင်မှာပါ။

နောက်အာဏာရှင်များဟာ လက်နက်အင်အားစကားကိုသာ နားလည်ပါတယ်။ ဒါက အမေရိကန်-ကျူးဘား ဒုံးပျံအရေးအခင်း၊ ဆိုဗီယက်-တရုတ်နယ်စပ်အငြင်းပွါးမှု၊ အီရတ်၊ လစ်ဗျားကိစ္စတွေက ပြနေပါတယ်။ ထိုအားရှိဖို့က လက်နက်လိုပြီး ထိုလက်နက်ကောင်းရဖို့အတွက် စာရေးသူတို့က ကိုယ့်အားကိုယ်ကိုးပြီး ဆက်ထောက်ပံ့ရပါမယ်။

အကျဉ်းချုပ်ရရင် ယူကရိန်းကပေးတဲ့သင်ခန်းစာက အနောက်ကိုမမျှော်ဘဲ ကိုယ့်အားကိုယ်ကိုးပြီးလုပ်စရာရှိတာကို လုပ်ဖို့ပါ။ မိမိတို့နယ်မြေရလာရင် ထောက်ခံသူက နောက်ကလိုက်လာပါလိမ့်မယ်လို့ပြောပါရစေ။ နောက်သင်ခန်းစာက တော်လှန်ရေးကို တော်လှန်ရေးသဘောအနေနဲ့သာ ပြတ်ပြတ်သားသားလုပ်ကြဖို့ပါ။ တူမီးနဲ့ အမေရိကန်စစ်တပ်လို စစ်စည်းကမ်းအတိုင်းတိုက်နေရင် အဆင်မပြေသလိုဖက်ဆစ်တပ်ရဲ့ ဉာဏ်နီဉာဏ်နက်ကို ရိုးသားစွာတိုက်လို့မရပါလို့ပြောပါရစေ။


photo credit and reference: BBC and Bank of Russia

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


mgmyintk738
mgmyintk738
Mar 01, 2022

မဂ်လာပါအေးချမ်းသာယာပျော်ရွင်ချမ်းမြေ့ပါစေ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page