top of page
Search

ယူကရိန်းမှ ပြည်သူသိသင့်သောအရာများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 18, 2022
  • 1 min read

စာရေးသူတို့တိုင်းပြည်မှာ ရွာတွေမီးရှို့ခံရရင် အချို့လူများက NUG ကိုအပြစ်တင်သလို အချို့ကလေကြောင်းကနေ အပစ်ခံရရင်လဲ NUG ကို နည်းမျိုးစုံနဲ့ အပြစ်တင်ကြတာ ဝေဖန်ကြတာ တွေ့ရပါတယ်။ အချို့က အသိပညာနည်းလို့ဖြစ်ပေမယ့် အချို့က မအလထံက ထောက်ပံ့ငွေယူပြီးတမင်ရေးတာ တမင်ပြောတာပါ။ ဥပမာ ဩစီက ကျော်နိုင်ဆို တပ်အနွယ် စရဖအောက်ကပါ။ယခုဆို တတိယအုပ်စုထောင်ပြီး NUG ကို စင်ပြိုင်ဖွဲ့ဖို့တောင် ကြိုးစားလာနေပါပြီ။ အချို့က အမေရိကန်က သင်္ဘောဘဲ လာတော့မလိုလို မစားရဝခမှန်းရေးပြီး မလာရင်လဲ NUG ကို အပြစ်ပုံချလေ့ရှိပါတယ်။ ယခု အဆိုပါလူအားလုံးက ချီးမွမ်းတဲ့ ယူကရိန်းကို လေ့လာကြည့်ရအောင်။

ယူကရိန်းမှာ NUG နဲ့မတူတဲ့ နယ်မြေများစွာပိုင်တဲ့ အစိုးရရှိပါတယ်။ သူ့မှာ ကြည်း၊ ရေ၊ လေတပ်အကုန်ရှိပါတယ်။ သူ့တပ်ကလဲ ဥရောပမှာ အတန်အသင့်အားကောင်းပါတယ်။ ဒါပေမယ့် သူကရုရှားနဲ့ စစ်ဖြစ်ပါတယ်။ စာရေးသူတို့က တူမီးနဲ့ ရဟတ်ယာဉ်ကို တိုက်ရသလို သူကတော့မောင်းပြန်သေနတ်၊ တင့်ကားပစ်လက်နက်တွေနဲ့ အနုမြူ ရုရှားကို ပြန်တိုက်ရတာပါ။ စာရေးသူတို့နဲ့တူတာက အင်အားခြင်းကွာတာပါ။ မတူတာက ယူကရိန်းကို အမေရိကန်၊ အင်္ဂလိပ်နဲ့ ဥရောပက နေ့စဉ်လက်နက်ထောက်ပံ့နေတာပါ။ စာရေးသူတို့ကို အပ်တိုတစ်ချောင်းတောင် မထောက်ပံ့ပါ။ ယူကရိန်းဟာ ရုရှားက ခင်ရီလိုမျိုးကို လုပ်ကြံဖို့ကြိုးစားခဲ့သလို ကရိုင်းမီးယားနဲ့ ရုရှားဆက်သွယ်တဲ့ တံတားကိုလဲ ဖျက်ခဲ့ပါတယ်။

စစ်ပွဲအစမှာ ရုရှားက တာဝေးပစ်ဒုံးပျံ ရာချီသုံးပြီး ယူကရိန်းကို ပစ်ခဲ့ပေမယ့် ယူကရိန်းရော သူ့ဆရာ အမေရိကန်ပါ အကာအကွယ်မပေးနိုင်ခဲ့ပါ။ ထိုအချိန်မှာ ယူကရိန်းက တာဝန်သိသတင်းစာသမားရော ပြည်သူတွေရောက မကာကွယ်နိုင်ရကောင်းလားဆိုပြီး သူ့အစိုးရကို အပြစ်မတင်ဘဲရရာလက်နက်ဆွဲကိုင်ပြီး ရုရှားကို ပြန်တိုက်ခဲ့ပါတယ်။ နောက်ပိုင်းရုရှားက တာဝေးနဲ့ တာလတ်ပစ်ဒုံးပျံရှားလာလို့ S300 လေယာဉ်ပစ်ဒုံးတွေကို အသွင်ပြောင်းပြီး မြေပြင်ကပစ်မှတ်တွေကို ပစ်ခဲ့ပါတယ်။ ယခု ရုရှားက သူ့တံတားအပစ်ခံရအပြီးမှာ အီရန်ကဝယ်ထားတဲ့ မောင်းသူမဲ့ယာဉ်များစွာကိုသုံးပြီး ယူကရိန်းက အရပ်သားပစ်မှတ်တွေ လျှပ်စစ်ထုတ်စက်ရုံတွေ၊ ဆီသိုလှောင်ရုံတွေကိုပစ်ခဲ့ပါတယ်။ ဘာနဲ့တူလဲဆိုတော့ စာရေးသူတို့စစ်ကိုင်းမှာ မီးရှို့ခံ ဖြတ်လေးဖြတ် အဖြတ်ခံရသလိုပါ။ ရုရှားက ရွာထဲဝင်မီးမရှို့ဘဲ လေပေါ်ကနေလုပ်တာပါ။ ဒီနေရာမှာ ယူကရိန်းပြည်သူတွေဘယ်လိုတုန့်ပြန်လဲဆိုတော့ သူတို့အစိုးရကို လေကြောင်းရန် မကာကွယ်ရကောင်းလားဆိုပြီးအပြစ်မတင်ပါ။ အချို့က ဆောင်းရာသီမှာ မီးမလာအေးမှာမိုလို့ ပြင်ကြသလို အချို့ကလဲ စစ်ထဲဝင်ပြီး ပြန်တိုက်ဖို့သာ ပြင်ပါတော့တယ်။

ယူကရိန်းမှာ ရဟတ်ယာဉ်နဲ့ လေယာဉ်ပစ်လက်နက်အနည်းငယ်ရှိပေမယ့် ဒုံးပျံပစ်ချနိုင်တဲ့ဒုံးခွင်းဒုံးတွေ မောင်းသူမဲ့ အီရန်ထုတ်လေယာဉ်ကို ပစ်ချနိုင်တဲ့ လက်နက်မရှိလို့ ယူကရိန်းလဲရုရှားလုပ်တာခံနေရပါတယ်။ ယူကရိန်းကို အမေရိကန်က NASAMS လို့ခေါ်တဲ့ national advance surface to air missile system နဲ့  အင်္ဂလိပ်က Amraam လို့ခေါ်တဲ့ advanced medium range air to air missile လေယာဉ်ပစ် ဒုံးပျံစနစ်တွေကို ပေးဖို့ပြင်နေပါတယ်။ စာရေးသူတို့ကို မပေးတာကNUG က မတောင်းလို့ ညံ့လို့မဟုတ်ဘဲ လက်ရှိအမေရိကန် အစိုးရမူဝါဒက အာဆီယံကတဆင့်ကြိုးစားမယ်ဆိုပြီး လုပ်ထားလို့ပါ။

စာရေးသူတို့အားလုံးနားလည်ထားရမှာက တူမီးနဲ့စခဲ့တဲ့တော်လှန်ရေးမှာ ယခုလောက်ဘယ်နိုင်ငံခြား အကူအညီမှမပါဘဲ ဒီလောက်အောင်မြင်လာတာက စာရေးသူတို့ ပြည်သူတွေရဲ့အောင်ပွဲ NUG ရဲ့အောင်ပွဲပါ။ ဘယ်မြန်မာပြည်ထဲက ပြည်တွင်းစစ်မှာ မအလတပ်က တပ်ရင်းမှူးအဆင့် ဒုဗိုလ်မှူးကြီး ၅၀ နီးပါး ၂ နှစ်အတွင်း သေဖူးပါသလဲ? အမေရိကန်နဲ့ အင်္ဂလိပ်ရဲ့ သားသမီးအရင်းလို လိုသမျှထောက်ပံ့ခံရသူ ယူကရိန်းတောင် လေကြောင်းရန်မကာကွယ်နိုင်သေးခင်မှာNUG က မကာကွယ်နိုင်သေးတာ ဘာမှ အပြစ်ပြောစရာမရှိပါ။ စာရေးသူတို့အားလုံး ယခုထက်ပိုညီညွတ်ပြီး လိုင်းပေါ်တက်လာသမျှ တပ်တော်များကို အာရုံမများဘဲ NUG ကိုသာ ထောက်ပံ့ပြီးအင်အားကြီးအောင်လုပ်ကြပါ။ ယူကရိန်းကနေ ပြည်သူတွေသိသင့်တာက ပြည်ပအားမကိုးဘဲNUG ကို ထောက်ပံ့ဖို့ပါ။ NUG အင်အားရှိမှ PDF အင်အားရှိပြီး မအလဖက်ဆစ်တပ်ကို အမြစ်ဖြတ်နိုင်မှာပါ။ အားလုံးနားလည်ပေးနိုင်ပါစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Maung Chit Khaing
Maung Chit Khaing
Oct 19, 2022

ဘယ်နိုင်ငံခြား အကူအညီမှမပါဘဲ ပြည်သူတွေရဲ့အောင်ပွဲ NUG ရဲ့အောင်ပွဲ ဒီလောက်အောင်မြင်လာတာပါ ။ ပြည်ပအားမကိုးဘဲ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်နိုင်မှာပါ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page