top of page
Search
  • Writer's pictureMyat Tun Oo

ယူကရိန်းကပြောသော ကောလင်းစစ်ပွဲ


ယူကရိန်းဟာ ရုရှားကျူးကျော်စစ်ကို ကာကွယ်နေတာပါ။ ယူကရိန်းစစ်ပွဲမှာ သမ္မတဇယ်လန်စကီးကို တတိယအုပ်စုက ဘယ်လိုတော်ကြောင်း ပြောဆိုချီးမွမ်းလေ့ရှိလို့ ယူကရိန်းစစ်ပွဲကို ကောလင်းနဲ့ ယှဉ်ပြီး လေ့လာတာပါ။

ယူကရိန်းမှာ အမေရိကန်က အရပ်ဖက်အုပ်စုတွေအားကောင်းအောင် ၂၀၀၀ နှစ်လွန်ကထဲက ထောက်ပံ့ပေးခဲ့ပါတယ်။ ယူကရိန်းသမ္မတ Viktor Yanukovych က ၂၀၁၀ မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲကနေ ရွေးကောက်ခံခဲ့ရပြီး သမ္မတဖြစ်လာခဲ့ပါတယ်။ သူက ဥရောပသမဂ္ဂကို ဝင်တာကို ပထမဝင်ဖို့အဆိုတင်မလိုလုပ်ပြီး ခဏနားလိုက်ပါတယ်။ ရုရှားနဲ့ပြဿနာတက်မှာစိုးလို့ပါ။ ထိုအချိန်မှာ ရွေးကောက်ခံသမ္မတကို လူအုပ်စုနဲ့ ဖြုတ်ချခဲ့ပါတယ်။ သူတို့ကတော်လှန်ရေးလို့ဆိုပါတယ်။ သူက အာဏာရှင်မဟုတ်ပါ။ အနောက်အုပ်စုမကြိုက်တဲ့ သမ္မတဆိုရင်တော့ မှန်ပါတယ်။ ဒါမျိုး အမေရိကန်မှာလုပ်လို့ ထရမ့်ကိုတရားစွဲဖို့ ယခုပြင်နေပါတယ်။ ထိုသမ္မတကရုရှားပြောစကားကို အလေးထားပါတယ်။ ရုရှားကို ကြောက်တယ်ပေါ့။ သူ့ကိုဖြုတ်ချအပြီး ၂၀၁၄ မှာဘဲ ရုရှားက ကရိုင်းမီးယားကို ဖေဖော်ဝါရီ ၂၀၁၄ မှာ ဝင်သိမ်းလိုက်ပါတယ်။ ဒီမှာ သမိုင်းကိုပြောလိုတာက ယူကရိန်းက အနောက်နဲ့ပေါင်းဖို့ ကြိုးစားရာက ရွေးကောက်ပွဲကမဟုတ်ဘဲ မိမိလူကို အနောက်ကတင်ဖို့ကြိုးစားရာက ရုရှားနဲ့ ပြဿနာစတာပါ။ ဥပမာအနေနဲ့ပြောရရင် မြန်မာပြည်မှာ သိန်းစိန်က အမေရိကန်နောက်လိုက်ပြီး တရုတ်ကိုကန်ရင် တရုတ်က ဝ နယ်ကို ဝင်သိမ်းတာမျိုးပါ။ သူက သိန်းစိန်လို ရွေးကောက်ပွဲအတုက တက်လာတာမဟုတ်ဘဲ DASSK လို ပြည်သူက တကယ်ရွေးပြီး တက်လာခဲ့တာပါ။ ဒါကြောင့် ယူကရိန်းဟာ အမေရိကန်နဲ့ အနောက်အုပ်စုခိုင်းတာလုပ်ခဲ့လို့ သူတို့တွေအနေနဲ့ ဒီစစ်ပွဲမှာ ဝင်ကူဖို့ တာဝန်ရှိပါတယ်။

စစ်ပွဲအစပိုင်းမှာ ပူတင်က ယူကရိန်းကို ကရိုင်းမီးယားတုန်းကသိမ်းသလို နေ့ချင်းသိမ်းနိုင်မယ် ထင်ခဲ့ပါတယ်။ မဖြစ်ခဲ့ပါ။ သူ့တပ်တွေ အလူးအလဲခံခဲ့ရပါတယ်။ အမေရိကန်နဲ့ အင်္ဂလိပ်ထံက တင့်ကားပစ်လက်နက်တွေကြောင့် ရုရှားတပ်အသေများခဲ့သလို ဒရုံးကြောင့်လဲ အသေများခဲ့ပါတယ်။ ယူကရိန်းက Avdiivka မြို့ကို ရုရှားက အောက်တိုဘာ ၅  ၂၀၂၃ ရက်နေ့ထဲက ဝိုင်းထားခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက် ၂၀၂၄ မှာ ရုရှားက ရသွားခဲ့ပါတယ်။ နောက်ယူကရိန်းမြို့ Bakhmut ကို ယူကရိန်းက ပြီးခဲ့တဲ့နှစ်နွေမှာ ထိုးစစ်ဆင်ပြီး ဝိုင်းထားနိုင်ခဲ့ပေမယ့် ယခုတော့ ရုရှားက ပြန်အသာစီးရသွားခဲ့ပါတယ်။ ယူကရိန်းက Robotyne မြို့ကို ၂၀၂၃ ဩဂုတ်မှာ သိမ်းနိုင်ခဲ့ပေမယ့် ရုရှားက ပြန်ထိုးစစ်ဆင်နေပြီး ရှေ့တိုးလာနေပါတယ်။ ယူကရိန်းကလဲ ရုရှားသင်္ဘောအချို့ကို ပစ်ခတ်နှစ်မြုတ်နိုင်ခဲ့ပါတယ်။

ကုလကို အားကိုးမယ်ဆိုရင် ယူကရိန်းစစ်ပွဲအတွက် ကုလမှာ ရုရှားက ဗီတိုသုံးပြီး အစ္စရေး-ပါလက်စတိုင်းကိစ္စမှာ အမေရိကန်က ဗီတိုသုံးပါတယ်။

ဒါဆိုဘယ်သူနိုင်မလဲ? ယူကရိန်းဟာ အနောက်က လက်နက်ထောက်ပံ့မယ်ထင်ပြီး ရုရှားမကြိုက်တာ အကုန်လုပ်ခဲ့တာပါ။ အနောက်အုပ်စုဟာ ယူကရိန်းက မီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေကို ပြည်သူတွေက သူ့ကြိုက်လာအောက် ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ RFA၊ VOA လို အသံတွေ၊ လူ့အခွင့်အရေးအဖွဲ့အစုံဟာ အနောက်ကနေ ထောက်ပံ့ကြေးရခဲ့ပါတယ်။ ပြည်သူတွေကလဲ ကြိုက်ခဲ့ပါတယ်။ သူတို့က ဥရောပသမဂ္ဂထဲဝင်ချင်တယ် နေတိုးထဲ ဝင်ချင်ပါတယ်။ ဥရောပသမဂ္ဂက စီးပွါးရေးကောင်းလို့ပါ။ ယခု ရုရှားနဲ့စစ်ဖြစ်ရာမှာလက်နက်တွေ လိုသလို ယူကရိန်းကို မထောက်ပံ့တာ ထောက်ပံ့မယ်ပြောပြီး မရောက်လာတာ စစ်ပွဲအဆုံးအဖြတ်ပေးနိုင်တဲ့ လက်နက်ကြီးတွေကို ယူကရိန်းထံမပေးတာက ယူကရိန်းကို စစ်ပွဲမနိုင်အောင် ဖြစ်စေပါတယ်။ ရုရှားက သူ့လက်နက်သူထုတ်ချိန် ယူကရိန်းက နေတိုးနိုင်ငံတွေထံက လက်နက်စောင့်ရလို့ စစ်ပွဲမှာ ထင်သလောက်မလုပ်နိုင်တာ တွေ့ရပါတယ်။

ယူကရိန်းက Avdiivka မြို့က ဆုတ်ရတာဟာ အမြောက်ဆန်ကုန်လို့က အဓိကကျတယ်လို့ Times မဂ္ဂဇင်းမှာ ရေးထားပါတယ်။ သူကိုယ်တိုင် အများကြီး မထုတ်နိုင်တာရယ် ဥရောပနဲ့ အမေရိကန်မှာ ထုတ်အားနည်းတာ ရှိတာကို မျှဝေမပေးတာကြောင့်လို့ ဆိုပါတယ်။ ဒါက ကမ္ဘာ့ခေတ်မှီစစ်တပ်ယူကရိန်းကို နေတိုးကထောက်ပံ့နေတဲ့ကြားက လက်နက်အမြောက်ဆန်ကုန်တာပါ။ သူကတော့ ဟာဝေဇာအမြောက်ကျည်ပေါ့။

၂၀၂၄ မှာ အမေရိကန်ရွေးကောက်ပွဲရှိလို့ ထရမ့်နိုင်ခဲ့ရင် ယူကရိန်းအပေါ် ဖိအားက များလာမှာပါ။ သင်ခန်းစာကတော့ မြှောက်တိုင်းထလုပ်လို့ ပြဿနာဖြစ်ရင် မိမိသာခံရပြီး သူတို့က လက်နက်ကို လိုသလောက်မထောက်ပံ့နိုင်တာ တွေ့ရပါတယ်။ ဒါတောင်သူတို့မူဝါဒကို ကြိုက်ပြီး လိုက်လုပ်မယ့်နိုင်ငံပါ။ သူတို့မှာ ငွေတွေရှိ၊ လက်နက်တွေရှိပြီး မူဝါဒနဲ့ ထောက်ပံ့ရုံသာပါ။ ဒါပေမယ့် ရေရှည်ထောက်ပံ့ရချိန်မှာ သူ့နိုင်ငံထဲက နိုင်ငံသားတွေက ကြည်ဖြူမှုပြဿနာရှိသလို လက်နက်ထုတ်လုပ်နိုင်စွမ်းကလဲ ပြဿနာပါ။ နောက်ထောက်ပို့လမ်းကြောင်းကလဲ ပြဿနာတက်တာတွေရှိခဲ့ပါတယ်။

ယူကရိန်းစစ်က ၂ နှစ်ရှိပါပြီ။ အားလုံးစစ်ပွဲသဘောတရား နားလည်အောင်ပါ။ ဒီမှာ အဓိကထားပြောလိုတာက စစ်ပွဲမှာ ရှေ့တိုး နောက်ဆုတ်ရှိတယ်ဆိုတာနဲ့ ထောက်ပို့ပြဿနာက နေတိုးတပ်ကြီးက ထောက်ပံ့တဲ့ ယူကရိန်းမှာတောင်ရှိတယ်ဆိုတာပါ။ စာရေးသူတို့ဟာ ကောလင်းကျချိန်မှာ မြို့အချို့က ဆက်သိမ်းနိုင်နေတယ်ဆိုတာ မမေ့ပါနဲ့။ ကောလင်းဟာလဲ စာရေးသူတို့တပ်တွေက ဗျူဟာအရ လုပ်စရာရှိတာ လုပ်သွားမှာပါ။

photo source : BBC

566 views0 comments

Recent Posts

See All

လူမျိုးရေးမပါစေနဲ့

စစ်အကြောင်းပြောရာမှာ  လူမျိုးရေး မပါစေပါနဲ့ ဗမာမှာ မအလလို စစ်ခွေးရှိသလို ခွေးဖြစ်လိုတဲ့ပျူရွာတွေ၊ အာဏာကိုအချောင်လိုချင်တဲ့ တတိယအုပ်စုတွေရှိပါတယ် ရှမ်းနီတပ်ဆိုတာ မအလဘောမ ပအို့မှာလဲ ပျူတွေရှိသလို ရှမ်းမ

bottom of page