top of page
Search

ဘစိုး(ခ) လက်ဖက်ခြောက် ဘာဖြစ်သွားသလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 27, 2024
  • 1 min read

ဘစိုး(ခ) လက်ဖက်ခြောက် ဘာဖြစ်သွားသလဲ?

စိုးဝင်းဟာ အရှေ့တောင်တိုင်းကို စစ်ဆင်ရေးကွပ်ကဲဖို့သွားတာမှန်ပါတယ်။ ယခင်ရေးခဲ့သလို သူ့နားမှာ ဒရုံးဗုံးကျတာလဲ မှန်ပါတယ်။ သူထိ မထိကို အစပိုင်းမှာ သေချာ မသိခဲ့ပါ။ သူနဲ့ပါသွားသူထဲက တစ်ယောက်က ထိသွားလို့သာ သူ့အဖွဲ့ထိတာ သိတာပါ။  ဒီနေရာမှာ စိုးဝင်းက နိုင်ငံတော်အဆင့်သွားတာ ဒရုံးပစ်တာ (သို့) jammer ယူမသွားဘူးလား မေးစရာရှိပါတယ်။ အချို့ဟာတွေက အင်ဒရုံးပစ်တာ အင်မိတာလား ဒါမှမဟုတ် PDF က သူ့ဒရုံးပစ်တာကို ကျော်နိုင်တဲ့ နည်းပညာကြောင့် အလစ်အငိုက်ခံရတာလားတော့ စာရေးသူမသိပါ။ အတိုက်ခံရတာကတော့ အမှန်ပါ။ သူတို့သတင်းကြိုရတာလား မအလတပ်ပြည်သူ့ကျိန်စာသင့်တာလားကတော့ စာရေးသူလဲမသိပါ။ တိုက်ဆိုင်စွာထိသွားခဲ့ပါတယ်။ စာရေးသူလဲ အစက သူ့အနားမှာမရှိလို့ မယုံခဲ့ပါ။


ဒီသတင်းထွက်အပြီးမှာ ဘစိုးက နေပြည်တော်ပြန်မရောက်ပါ။ ဒါကတော့ သေချာသိပါတယ်။ သတင်းလွှင့်ထားတာက မြဝတီကိစ္စကို ကိုယ်တိုင်ကွပ်ကဲနေသေးတယ်ပေါ့။ သူ့မိန်းမက နေပြည်တော်မှာ အစပိုင်းရှိနေခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့မိန်းမဟာ နေပြည်တော်ကနေ မြင့်လှိုင်ကိစ္စအပြီး ပျောက်သွားခဲ့ပါတယ်။ ကောလဟာလထွက်ချိန်မှာ မဲလုံးထွက်ရှင်းလို့ ဒါက သတိထားစရာဖြစ်လာခဲ့ပါတယ်။ ယခု ဒဏ်ရာရသူများနဲ့ သက်ဆိုင်သူထံက ဘစိုးဒဏ်ရာရတာကို အတိအကျ သိလိုက်ရလို့သာ ယုံသွားခဲ့တာပါ။ သေလောက်တဲ့ ဒဏ်ရာတော့မဟုတ်ပါ။

မြန်မာ့သမိုင်းမှာ စစ်ခွေးတပ်ကို ၁၉၄၈ ထဲက အဖွဲ့ပေါင်းစုံတိုက်လာခဲ့တာ ယခုလို ဒုတပ်ချုပ်အဆင့်ကို ဘယ်တုန်းကများ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါသလဲ? မြန်မာ့သမိုင်းမှာ ဒါကပထမဆုံးပါ။

ယခုမေးခွန်းက ဘစိုးမသေရင် ဘာလို့ ရုပ်လုံးထွက်မပြလဲ? ဘစိုးလူပျောက်တာ လူပြောများချိန်မှာ ကောလဟာလကို ဖျောက်ချင်ရင် အစည်းအဝေးတက်ပြရမှာပါ။ ဒါပေမယ့် ဘစိုးက ဆက်ပျောက်နေခဲ့ပါတယ်။ ဒါဆိုဘာလို့လဲ? မြင့်လှိုင်ကိစ္စက အာဏာသိမ်းရန်ကြံစည်မှုပါ။ အဆိုပါအမှုကို စရဖကစစ်နေပြီး မြင့်လှိုင်ထွက်ချက်ကနေ ဒုတပ်ချုပ် ပါမပါ သိလာမှာပါ။ သူက သိလျက်နဲ့ အထက်ကိုမတင်ပြခဲ့ရင် သူလဲ ကျန်းမာရေးအရ အနားယူနိုင်ပြီး မြင့်လှိုင်ကိစ္စရှင်းရင်တော့ ဒေါနတောင်ကို သူ့တပ်ကျော်နိုင်ရင် ထွက်လာပါလိမ့်မယ်။

ယခုဟာက သူ့တပ်က ဒေါနတောင်ကို မဖြတ်နိုင်သေးပါ။ မြင့်လှိုင်ကိစ္စမှာ မအလရဲ့ အချစ်ဆုံးညိုစောလဲ အစစ်ခံနေရပါတယ်။

ယခုအချိန်မှာ ဘစိုးကို ကျန်းမာရေးအကြောင်းပြပြီး နေရာတစ်ခုမှာ ထားထားပါတယ်။ နားခိုင်းထားတာပေါ့။ မေးခွန်းက မအလဟာ သူ့ကို ဘရွှေက စောမောင်ဖြုတ်သလို မဖြုတ်အောင် ဘစိုးကို အနားပေးမလား? အနားပေးရင် ကျန်းမာရေးနဲ့လား ဒါမှမဟုတ် နိုင်ငံတော်ပုန်ကန်ရန်ကြံစည်မှုဖြစ်မလားဆိုတာပါ။ မြင့်လှိုင်အမှုမှာ ဘစိုးမပါခဲ့ရင်တော့ အနားယူပြီးရင် ပြန်ပေါ်လာမှာပါ။ ယခင်က ဒေါနတောင်မအလတပ်ကျော်နိုင်ရင် ပေါ်လာနိုင်ပေမယ့် ယခုက ဒေါနတောင်ကျော်နိုင်ဖို့ကလဲ စောချစ်သူမကယ်ရင် မဖြစ်နိုင်တော့ပါ။

အကျဉ်းချုပ်ရရင် ဘစိုးထိတာသေချာပြီး အပြီးအနားယူမလား ပြန်ပေါ်လာမလားဆိုတာကတော့ မြင့်လှိုင်နဲ့ ဒေါနတောင်အပေါ် မူတည်တယ်လို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page