top of page
Search

မအလအားကျခဲ့သော သီရိလင်္ကာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 10, 2022
  • 1 min read



မအလတပ်ဟာ သီရိလင်္ကာကို အားကျခဲ့ပါတယ်။ ပထမက ယခုပြုတ်သွားတဲ့ သမ္မတနဲ့ ညီအစ်ကိုတွေက တမီးသူပုန်တွေကို အပြုတ်တိုက်နိုင်ခဲ့လို့ပါ။ တပ်ထဲမှာ သီရိလင်္ကာကိုလေ့လာပြီး သူတို့လဲ ဘယ်လိုအပြုတ်တိုက်မယ်ဘာညာဆိုပြီး စိတ်ကူးယဉ်ခဲ့ပါတယ်။ နောက်ယခုထွက်ရမယ့်သမ္မတဟာ စစ်အရာရှိကနေ ကာကွယ်ရေးအတွင်းဝန်အဖြစ် ၂၀၀၅ ကနေ ၂၀၁၅ အထိ လုပ်ကိုင်ခဲ့သူပါ။ သူဟာ မအလလို စစ်ရာဇဝတ်မှုကျူးလွန်သူလို့စွပ်စွဲခံရပေမယ့် သမ္မတဖြစ်လာခဲ့သူပါ။ နောက်သီရိလင်္ကာက မြန်မာနဲ့ ဗုဒ္ဓဘာသာတူပြီး အမျိုး၊ ဘာသာ၊ သာသနာဘုန်းကြီးတွေ အားကောင်းတဲ့နေရာပါ။ နောက်တရုတ်ကို စီးပွါးရေးအရ မှီခိုတာလဲ သွားတူပါတယ်။ စစ်တပ်နဲ့ဘုန်းကြီးပေါင်းအုပ်ချုပ်တဲ့ပုံစံပါ။

ဒါပေမယ့် တရုတ်ကြောင့် သီရိလင်္ကာဟာ ကြွေးတင်ခဲ့ပြီး ကြီးမားတဲ့စစ်တပ်နဲ့ ဘုန်းကြီးကြောင့် ထုတ်ကုန်မရှိတဲ့အမျိုးသားများပြီး အလကားစားသူ မှီခိုသူများသွားခဲ့ပါတယ်။

စာရေးသူတို့အနေနဲ့ သီရိလင်္ကာကနေ အတုယူစရာတွေအများကြီးရှိပါတယ်။ စာရေးသူတို့ဟာ ဆန္ဒပြရင် ဘာအဆောက်အအုံမှ မဖျက်ဆီးခဲ့ပါ။ အကြောင်းပြချက်က အကြမ်းဖက်တယ်ဆိုပြီး အပြောခံရမှာစိုးလို့ပါ။ ဒါပေမယ့် ၁၉၈၈ ကနေ ဘာဖြစ်ဖြစ် စစ်တပ်ကပစ်တာပါဘဲ။ ၁၉၈၈ ကသာ စစ်ရုံးချုပ်ကို ဝင်စီးခဲ့ရင် ပွဲပြီးသွားခဲ့မှာပါ။ ဒီကနေ ဘာသင်ခန်းစာယူရမလဲဆိုတော့ ဆန္ဒပြသူတွေအနေနဲ့ သီရိလင်္ကာကို အတုယူပြီး ဝင်စီးစရာရှိတာကိုစီး ကိုင်စရာရှိတာကိုကိုင် မုန့်ဟင်းခါးကျွေးစရာရှိတာကို လူအုပ်နဲ့ကျွေးပါ။ ဒါဆိုရင် မိမိတို့လိုချင်တာကို ရမှာပါ။ နိုင်ငံခြားက အကြမ်းဖက်ဆန္ဒပြတာပြောမှာစိုးလို့ ဘာမှမလုပ်ရင် မိမိဘာမှမလုပ်လိုက်ရဘဲ သူပစ်တာသာ ခံရမှာပါ။ စာရေးသူတို့က သူ့ကိုပစ်ဖို့ အချိန်ပေးသလို အမြဲဖြစ်ခဲ့ပါတယ်။ နောက်တော်လှန်ရေးလုပ်ရာမှာလဲ အမေရိကန်စစ်တပ်လိုကျင့်နေရင် ကြာနေမှာပါ။ တော်လှန်ရေးဟာ မြန်မာပြည်မှာလုပ်နေတာမိုလို့ လုပ်စရာရှိတာကို မြန်မာလိုတွေးပြီးပြတ်ပြတ်သားသားလုပ်နိုင်ရင် နိုင်ပါပြီ။ အချို့ကိစ္စတွေမှာ လက်နက်မလို ဗုံးမလိုဘဲ မီးဟာလဲ လက်နက်ပါလို့ပြောပါရစေ။ မအလထိန်းချုပ်ရာနေရာမှာ မအလက စစ်ကိုင်းမှာလုပ်သလို ပြန်လုပ်နိုင်ရင် အဆင်ပြေမှာပါ။ မီးကိုရန်သူမျိုးငါးပါးမှာ အလကားထည့်ထားတာ မဟုတ်ပါဘူး။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page