top of page
Search

မအလသံအဆက်အသွယ်ဖြတ်ရဲလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 12, 2022
  • 1 min read

အမေရိကန်မှာ NUG နိုင်ငံခြားရေးဝန်ကြီးကို သံတမန်လုံခြုံရေးအပြည့်နဲ့ အလေးထားဆက်ဆံတာတွေ့ရပါတယ်။ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်က တရားဝင် ပေါ်တင်တွေ့တာပါ။ ဒါဟာမအလကို ပါးရိုက်လိုက်တာပါ။ မအလအနေနဲ့ ဘာဆက်လုပ်မလဲ?

ပထမအနေနဲ့ အမေရိကန်နဲ့ သံတမန်အဆက်အသွယ်ဖြတ်လို့ရပါတယ်။ သူတို့ကို နှင်ထုတ်တာမျိုးပါ။ဒါမျိုးလုပ်ရင်တော့ သူ့တပ်ထဲမှာ အဘက ပြတ်သားတယ်ဆိုပြီး နာမည်ကြီးသွားနိုင်ပါတယ်။ အမျိုးသမားရေးသမားတွေကြား ပုံရိပ်တက်သွားမှာပါ။ ဆိုးကျိုးက အမေရိကန်က စိတ်ဆိုးပြီး NUG ကိုလက်နက်ထောက်ပံ့လာနိုင်တာပါ။ စာရေးသူတို့မှာ သူဘာရွေးရွေး အရှုံးမရှိပါ။

ဒုတိယလမ်းက ဘာမှမလုပ်ဘဲ ငြိမ်ခံတာပါ။ ငြိမ်ခံပြီး စာထုတ်တာလောက်ဆိုရင် တပ်ထဲနဲ့ အမျိုးသားရေးသမားတွေကြား သူက အကြမ်းဖက်လို့ ကြေညာထားတဲ့ NUG က ဝန်ကြီးကို နိုင်ငံခေါင်းဆောင်လိုကြိုပြီးလက်ခံတွေ့ဆုံတာကို အကြမ်းဖက်မှု ဥပဒေအရ အမေရိကန်ကို ဘာမှအရေးမယူနိုင် အရေးမယူရဲလို့ ငပေါကြီး ဖြစ်သွားမှာပါ။ အရေးမယူရဲမှန်းသိရင် အမေရိကန်တင်မဟုတ်ဘဲ အခြားနိုင်ငံတွေကပါ ပိုပြီး NUG နဲ့ တက်ဆံလာမှာပါ။ ဘယ်လမ်းရွေးရွေး စာရေးသူတို့ ဒီမိုတွေမှာ အရှုံးမရှိပါ။နောက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလဲ ဒေါ်ဇင်မာအောင်နဲ့ တွေ့မှာမိုလို့ သူ့ကိုရော အရေးယူရဲမလား ကြည့်ရပါမယ်။ သူ့ကိုလဲ ဘာလုပ်လုပ် အမေရိကန်လိုဘဲ စာရေးသူတို့မှာ အရှုံးမရှိပါ။နိုင်ငံခြားရေး စာမျက်မှာက စာရေးသူတို့လိုချင်သလောက် တိုးတက်မှု မရသေးပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေကထက်စာရင် တိုးတက်မှုဟာ အင်မတန်မြန်ပါတယ်။ NUG ရဲ့ တစ်နှစ်သားခြေလှမ်းကသွက်ပါတယ်။ ထ တော့ လမ်းမလျှောက်နိုင်သေးပါ။

နောက်ဆုံးကတော့ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပြီး မြန်မာပြည်သားတွေက ဆုံးဖြတ်သွားမှာပါ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page