top of page
Search

မအလရုရှားမှာ ဘယ်သူနဲ့တွေ့မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 3, 2022
  • 1 min read

မအလတပ်ဟာ တရုတ်နိုင်ငံကို သူ့ကိုလက်တွေ့ကျကျ ဒုက္ခပေးနိုင်သူအဖြစ် မှတ်ယူထားပါတယ်။ ဒီနေရာမှာ ဒီမိုအများစုနဲ့ မအလတပ် သဘောထားတူပါတယ်။ မအလတပ်က မြောက်ပိုင်းအဖွဲ့တွေကို တရုတ်ကမြှောက်ပေးတယ်လို့ မှတ်ယူပါတယ်။ သံတမန်ရေးအရ ထုတ်မပြောပေမယ့် တရုတ်ကတိုးတိုးတိတ်တိတ်ပြောတဲ့ ကိစ္စတွေကို မအလက မကြိုက်ပါ။ အထူးသဖြင့် ပထမဆုံးအကြိမ် တရုတ်အထူးကိုယ်စားလှယ်က အဖမ်းခံထားရတဲ့ DASSK နဲ့ တွေ့ဖို့တောင်းတာ ဝမ်ယီက မလာခင် DASSK နဲ့တွေ့နိုင်လားလို့ သံတမန်ရေးကျော်လွန်မေးခဲ့တာတွေအပါအဝင် မအလနဲ့ မတွေ့သွားတာတွေပါ ပါပါတယ်။ ဒီထက်အရေးကြီးတာက PDF တွေသုံးနေတဲ့လက်နက်တွေဟာ အမေရိကန်ကပေးတဲ့ M-16 တွေမဟုတ်ဘဲ UWSA ထုတ်လက်နက်တွေ KIA ထုတ်လက်နက်တွေဖြစ်နေပြီး PDF ကို ဝ က လက်နက်ပေးတာဟာတရုတ်ထောက်လှမ်းရေးလက်ချက်မကင်းဘူးလို့ မအလတပ်က မှတ်ယူထားပါတယ်။ ဒီကိစ္စမအလက UWSA ကိုယ်စားလှယ်နဲ့ နေပြည်တော်မှာတွေ့ချိန် ပေါ်တင်ပြောပြီးသားပါ။နောက်ပြီး AA ယခုလိုအင်အားကြီးလာတာဟာ တရုတ်ကြောင့်လို့ မအလတပ်က မှတ်ယူထားပါတယ်။

ဒါဆိုဘာလို့ တရုတ်ကို မပြောလဲ မဆဲလဲ? မအလတပ်ဟာ တရုတ်ကိုကြောက်လို့ပါ။ ဘာကြောင့်လဲဆိုတော့ စီးပွါးရေးအရ ရုရှားကိုမှီခိုလို့မရသေးဘဲ တရုတ်အပေါ်မှာ မှီခိုနေရလို့ပါ။နောက်တရုတ်က ရိုင်ဖယ်ထက်ပိုတဲ့ လက်နက်ကြီးတွေကို AA ကိုပေးသလို PDF တွေကိုသာထောက်ပံ့ခဲ့ရင် မအလတပ်ရဲ့အနာဂတ်ဟာ မတွေးဝံ့စရာပါ။ ဒါကြောင့် မချစ်သောလဲ အောင့်ကာနမ်းနေရတာပါ။

မအလဟာ ယခုရုရှားခရီးစဉ်မှာ ပူတင် (သို့) ဝန်ကြီးချုပ်အဆင့်နဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်ထားပါတယ်။ ရုရှားထံက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ တိုးဝယ်ဖို့လဲ ပြင်ဆင်ထားပါတယ်။ကျပ်ငွေထပ်ကျမှာပါ။ ယခင် ကြည်း၊ ရေ၊ လေ(ညှိနှိုင်းရေးမှူး) နဲ့ လေချုပ်တို့ သွားထဲကပဏာမကြည့်ပြီးသားပါ။ ဒါတွေဟာ PDF နဲ့ EAOs တွေကို နိုင်ဖို့အတွက် အဓိကလိုအပ်တယ်လို့ တပ်ထဲမှာ သုံးသပ်ထားလို့ပါ။ ယခုလိုဝယ်ခြင်းအားဖြင့် မအလဟာ ရုရှားဖောက်သည်ဖြစ်ပြီး ရုရှားရဲ့ သံတမန်ရေး၊ စစ်ရေးအရ အစောင့်အရှောက်ခံရဖို့ မျှော်လင့်ထားပါတယ်။  ရုရှားရဲ့ မဟာမိတ်ဖြစ်ရင် မအလတပ်က သူ့ကို တရုတ်နဲ့ အမေရိကန်ရန်က ကာကွယ်ပြီးသားဖြစ်သလို PDF ကို တိုက်ခိုက်ရာမှာလဲ ရုရှားထံက ဆီးရီးယားက အတွေ့အကြုံတွေကို သင်ယူနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ရုရှားဟာ မြန်မာပြည်မှာ ရေတပ်အခြေစိုက်စခန်းတစ်ခုဖွင့်လိုကြောင်း မအလကို ယခင်ကပြောထားခဲ့ပါတယ်။ မအလက သူသမ္မတဖြစ်အပြီး ရွေးကောက်ပွဲအပြီး နောက်တက်လာတဲ့အစိုးရက စဉ်းစားမယ့်သဘော ပြောထားပါတယ်။ မအလဟာ ရုရှားအောက်နေခြင်းဖြင့်တရုတ်ရန်က ကာကွယ်နိုင်မယ်လို့ ယုံကြည်ထားပြီး ရုရှားဩဇာနည်းအောင် တရုတ်ကသူ့ကိုယခင်ကထက် မျက်နှာသာပေး ဆက်ဆံလာမယ်လို့ မျှော်လင့်ထားပြီး တရုတ်နဲ့ ဆက်ဆံရေးကောင်းရင် တရုတ်ဖက်မပါအောင် အာဆီယံကလဲ သူ့ကို ယခုထက်ပိုပျော့ပြောင်းစွာဆက်ဆံမယ်လို့ မျှော်လင့်ထားပါတယ်။ စာရေးသူ ယခင်ကပြောခဲ့သလိုဘဲ မအလက သူအာဏာသိမ်းမယ်ဆိုတာကို ကြိုအသိပေးတဲ့ တစ်ခုတည်းသောနိုင်ငံက ရုရှားဆိုတာကို မမေ့ပါနဲ့။

စာရေးသူတို့က ဘာလုပ်ရမလဲဆိုတော့ မိမိတို့ လှူစရာရှိတာလှူပြီး NUG လက်အောက်က မိမိတပ်တွေအားကောင်းအောင်သာလုပ်ပါ။ NUG အနေနဲ့လဲ အရှေ့အနောက် ရွေးတဲ့ပုံမဟုတ်ဘဲလက်ရှိအဟကနေ မိမိဘက်ကို အကျိုးရှိအောင် ဆက်လုပ်ပါ။ သေချာတာက ရုရှားတပ်တွေဟာ သူ့ဖာသာ ယူကရိန်းမှာ အသေများနေလို့ မြန်မာပြည်ကို ဆီးရီးယားမှာလို ဝင်မပါနိုင်ပါ။သူက နေပြည်တော်မှာ စက်ပြင်တာ၊ သင်ပေးတာတော့ ရှိပါတယ်။ သူတို့ စစ်ကိုင်းကို အလည်လာရင်း ကျွံလာရင်တော့ အကျိုးရှိအောင်လုပ်ရမှာပါ။ မအလက ရုရှားခရီးစဉ်ကနေ သူ့အာဏာအတွက်အများကြီး မျှော်လင့်ထားပါတယ်။ စာရေးသူတို့ ပြည်သူကတော့ မိမိလုပ်စရာရှိတာ ဆက်လုပ်ပါ။ တိုက်စရာရှိတာကို ပြတ်ပြတ်သားသား ဆက်တိုက်ပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


tunkyaing.nuk
Sep 04, 2022

God

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page