top of page
Search

မအလဘာကြောင့် ဝ ထံသွားရလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 11, 2021
  • 1 min read

အာဏာမသိမ်းခင်မှာ မအလဟာ NLD ဒီမိုအစိုးရနဲ့ တိုင်းရင်းသားတွေ အခြားအဖွဲ့တွေကို ရန်တိုက်ခဲ့ပါတယ်။ သူကတိုင်းရင်းသားတွေရဲ့ ရှိရင်းစွဲ အမျိုးသားရေးဝါဒကို အခြေခံပြီး လုပ်စားခဲ့တာပါ။တိုင်းရင်းသားပါတီအချို့ရဲ့ ထိပ်ပိုင်းမှာ သူ့လူတွေထည့်ထားပြီး NLD နဲ့ တိုက်ပေးခဲ့တာပါ။ ယခုအဆိုပါပါတီများရဲ့ NLD ကိုဝေဖန်ခဲ့တဲ့ ခေါင်းဆောင်အချို့ဟာ မအလကောင်စီနဲ့ ဝန်ကြီးအဖွဲ့ထဲပါဝင်နေခဲ့တာ တွေ့မှာပါ။

ဒါ့အပြင် ရခိုင်မှာမိမိဖာသာ စစ်ဆင်ရေးလုပ်တာကို NLD ကိုလွှဲချခဲ့ပါတယ်။ ယခု ပြည်မနဲ့တိုင်းရင်းသားနေရာတွေမှာ စစ်ဆင်ရေးလုပ်လူသတ်နေတာက သူ့ဘီလူးခေါင်းပေါ်လာတာပါ။ လွှဲချစရာ လူမကျန်တော့ပါ။ ယခုပြည်မမှာ အင်တာနက်ပိတ်တာဟာ NLD အစိုးရမဟုတ်ဘဲ မအလပါ။

ဒီလို မအလက သွေးခွဲခဲ့ပေမယ့် CRPH နဲ့ Dr Sasa က နှစ်လအတွင်းမှာ ပြေလည်အောင်ညှိနှိုင်းနိုင်ခဲ့ပါတယ်။ KIA နဲ့ KNU က စတိုက်ချိန်မှာ ပြည်တွင်းက ဆက်ဆန္ဒပြနေရင် တပ်ပြန်နုတ်ဖို့ မလွယ်လို့အပြစ်ရပ်တာကို တစ်လသက်တမ်းတိုးရပါတယ်။ မတိုးလဲ သူဘာမှမလုပ်နိုင်ပါ။ ဒီအချိန်မှာ သူ့ရဲ့အဓိကစိုးရိမ်တာက R2P မဟုတ်ဘဲ ဝ (သို့) တရုတ်နိုင်ငံကတပ်ကိုပါ။ ဝ တပ်ကသာ ဆင်းတိုက်ခဲ့ရင်အမေရိကန်စီးပွါးရေးပိတ်တာထက် အရင်ထိမယ်ဆိုတာကို သူသိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဝတပ်ဟာ လက်နက်အင်အား လူအင်အားတောင့်တင်းလို့ သူ့ကိုထိန်းနိုင်ဖို့ စစ်သည်အင်အား တစ်သိန်းခွဲသုံးရပါမယ်။ ဒါကတပ်ထဲက စာတမ်းတွေကို ကိုးကားတာပါ။ ဒါ့အပြင် ဝမှာ တာဝေးပစ်လက်နက်ရှိလို့ဝ က ပစ်ပြီး လားရှိုး မူဆယ်ကဆူရင် အဆိုပါမြို့တွေဟာ ဒီမိုတွေထံ ကျမှာပါ။ CRPH နဲ့ ဝကစကားပြောဖို့ကြိုးစားပြီး အဆင်ပြေသွားရင် R2P ထက် ပြဿနာပိုကြီးသွားမှာပါ။ နောက် ဝ မှာကလက်နက်ငယ်စက်ရုံရှိလို့ ပြည်မက ဒီမိုတပ်အသစ်တွေကို လက်နက်ထောက်ပံ့ခဲ့ရင် မြွေဖမ်းမှာပါ။

ဒါဆိုရင် မအလထောက်ခံသူက ငါတို့မှာအင်အားငါးသိန်းရှိတယ်လိုပြောရင် ဆေးလှုပ်သောက်ပါလို့သာ ပြောပါရစေ။ ယခုမြို့ပေါ်မှာ စုနေတာက စစ်မတိုက်ဘဲ ရာထူးတိုးချင်သူများပါ။ အချို့ကရှေ့တန်းကို တိုက်ပွဲမရှိတဲ့နေရာကို ဟန်ပြသွားကြတာပါ။ နေရာတိုင်းမှာ တိုက်ပွဲဖြစ် အထဲကလဲ ဆန္ဒပြရင် တပ်ထဲမှာ ပြဿနာပေါ်မှာပါ။

ဒါ့ကြောင့်မိုလို့ မအလဟာ အဆင့်မြင့်အဖွဲ့ကိုလွှတ်ပြီး ဝ ကို သူတို့မတိုက်ပါဘူး ပြည်နယ်ပေးပါ့မယ်ဆိုပြီး အပေးအယူသွားလုပ်တာပါ။ ဝ က ဘာမှအတိအကျ ပြန်မဖြေဘဲ ရှမ်း SSPP ကသဘောတူရင် အိုကေဆိုလို့ အရှက်မရှိ SSPP ဌာနချုပ်ကို ရဟတ်ယဉ်နဲ့သွားလို့ ဟိုကမှားပစ်တာခံလိုက်ရတာပါ။ ရဟတ်ယဉ်တောင် မပျက်ကျတာ သူတို့ကံကောင်းပြီး ပြည်သူကံဆိုးသွားတယ်လို့လဲ ပြောလို့ရပါတယ်။

ယခုအချိန်မှာ ဖယ်ဒရယ်တပ်ရော ပြည်တွင်းကာကွယ်ရေးအဖွဲ့တွေပါ ရုပ်လုံးပေါ်လာနေပါပြီ။ အားလုံးကိုယ်ထူကိုယ်ထနဲ့သာ လုပ်စရာရှိတာကို လုပ်ကြပါ။ စာရေးသူတို့ ဒီမိုတပ်က အားတစ်ခုရလာရင်အခြားအရာတွေက အလိုလို ပါလာမှာပါ။ ဥပမာ သူတို့အကျိုးစီးပွါးတွေ မီးလောင်ခဲ့ရင် ပြည်တွင်းရေးသမား ဆိုသူများလဲ အသံပြောင်းသွားမှာပါ။ အချို့ကိစ္စတွေက မေတ္တာပို့နေရုံနဲ့ အဆင်မပြေပါဘူး။ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုကိုးတာ အကောင်းဆုံးပါ။ နိုင်ငံခြားရောက်မြန်မာများလဲ မိမိဖယ်ဒရယ်တပ်မတော်နဲ့ CDM အတွက် လစဉ်ထောက်ပံ့ကြပါ။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
သတင်းလုံပါစေ

စွန်လွှတ်ကြိုးဒရုံးတွေ ဗန်းမော်မှာ သုံးနိုင်ရင် ဒရုံးတားစနစ်ကို ကျော်နိုင်မှာပါ။အထဲမှာ ရဟတ်ယာဉ်နောက်ပိုင်း ကျွန်တော်တို့ သေသည်အထိ...

 
 
 
ဝဋ်

ဗျူဟာမှူးကျ မကျ အစပိုင်းမှာ ဘယ်သူမှ မသိပါဘူး။ ပါသွားတာ သေချာပြီး နှစ်စီးမှာ တစ်စီးက အဆက်အသွယ်ပြတ် တစ်စီးက မြေပြင်ပေါ်ဆင်းရပေမယ့်...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page