top of page
Search

မအလဘာကြောက်လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 10, 2022
  • 1 min read

စီးပွါးရေးပိတ်ဆို့တာ ဒို့မမှုပါဆိုတာ သီချင်းမဟုတ်ဘဲ တပ်ထဲမှာ သင်ထားတာပါ။ ယခင်ပိတ်ဆို့ကထဲက မအလပိုက်ဆံက ဟောင်ကောင်က ဘဏ်တွေ၊ တရုတ်ဘဏ်တွေမှာ ထားပါတယ်။ ဘရွှေက တရုတ်ဘဏ် သုံးခဲ့ပါတယ်။ ယခု ရုရှားဘဏ်ကို စသုံးဖို့ ပြင်လာနေပါပြီ။ စီးပွါးရေးပိတ်တာကို ကုလဆုံးဖြတ်ချက်နဲ့ မပိတ်သရွေ့ အဘက အေးဆေးပါ။ စီးပွါးရေးပိတ်မယ်ဆိုပြီး ခြိမ်းခြောက်တာက ပြည်သူကို မျက်နှာမူတဲ့ အစိုးရကိုသာ ဒုက္ခရောက်စေတာပါ။ဒီကိစ္စက အာဏာမသိမ်းခင်ကထဲက တွက်ပြီးသားပါ။ ပုံမှန်လုပ်တာက ဇင်ဘာဘွေလိုအင်္ဂလိပ်ထံကမြေကို ပြည်သူပိုင်သွားသိမ်းလို့ အင်္ဂလိပ်ကဦးဆောင်ပြီး စီးပွါးရေးဝိုင်းပိတ်လို့မူဂါဘီက လွတ်လပ်ရေးဖခင်ဘဝကနေ လူတွေစားစရာမရှိချိန်မှာ ခွေးဖြစ်သွားခဲ့ပါတယ်။မြန်မာပြည်မှာက မအလဟာ စကထဲက ခွေးပါ။ လူတွေကလဲ တော်လှန်ပြီးသားပါ။ မအလဟာ စီးပွါးရေးအပိတ်ခံရသူတွေကို ရာထူးတို့ပေးလေ့ရှိပါတယ်။ တပ်မ ၃၃ က အောင်အောင် ရာထူးတက်လာတာကို ကြည့်ပါ။ နောက် ပိတ်ဆို့တာရဲ့ အားနည်းချက်က ဥပမာ ခင်ညွန့်ကိုပိတ်ပေမယ့် ခင်ညွန့်ရာထူးပြုတ်ရင် ပြန်ဖျက်လိုက်သလို နိုင်ငံခြားက ဥပဒေအရ သူ့မြေးတွေအထိမပါလို့ သူ့မြေးတွေ လွတ်သွားတာပါ။ ဒါကိုလဲ မအလက ကောင်းစွာသိလို့ သူ့မြေးမတွေကို နိုင်ငံခြားကျောင်းထားပြီး နိုင်ငံခြားသွားဖို့ စာတွေသင်နေတာပါ။

နောက်မအလအောက်က စိုးဝင်းက မိတ်ဆွေအနည်းငယ်နဲ့ ရှေ့ဆက်မယ်ဆိုပြီး ကုလကိုပြောတာကလဲ သူတို့စိတ်ထဲရှိတဲ့အတိုင်း ပြောတာပါ။ သူတို့ ဂရုမစိုက်ပါ။ ဒါဆိုဘာကို ဂရိုစိုက်လဲ? အာဆီယံကထုတ်လဲ ပုံမှန်မှာ ဂရုမစိုက်ပါ။ ဒါပေမယ့် အာဆီယံက မအလကို ထုတ်ပြီးNUG ကို အသိအမှတ်ပြုရင်တော့ ဆွေ့ဆွေ့ခုန်မှာဖြစ်သလို ပြဿနာလဲတက်မှာပါ။ ထို့အတူကုလကလဲ NUG ကို အသိအမှတ်ပြုရင် မအလရဲ့ တရားဝင်မှုကို ခြိမ်းခြောက်နိုင်မှာပါ။

ဒါထက် မအလက ဘာကိုပိုကြောက်သလဲ? ဘာလို့တရုတ်ကိုကြောက်သလဲ? အမေရိကန်ဟာNUG ကို လေနဲ့ အသိအမှတ်ပြုတာထက်ပိုပြီး လက်နက်ထောက်ပံ့မှာကို မအလက အသေကြောက်ပါတယ်။ ဘာလို့လဲဆိုတော့ ယခု PDF တင်မဟုတ်ဘဲ KNLA, KIA က တိုက်နေရတဲ့လက်နက်တွေဟာ မြို့သိမ်းပြီးရင် ထိန်းရခက်ပါတယ်။ အကယ်၍ အမေရိကန်(သို့) တရုတ်က တင့်ကားဖျက်လက်နက်၊ လေယာဉ်အငယ်ပစ်လက်နက် ယူကရိန်းကိုပေးတာရဲ့ ၁၀ပုံတစ်ပုံလောက်ထောက်ပံ့ခဲ့ရင် PDF က နေပြည်တော်ကို တစ်လအတွင်း တက်သိမ်းနိုင်တယ်ဆိုတာ သူသိပါတယ်။ သူ့စစ်ရေးအားသာချက်က ထိုလက်နက်တွေကြောင့် ပျက်သွားမှာပါ။တရုတ်က နယ်စပ်ကပ်နေလို့ သူတားမရသလို အမေရိကန်က ထိုင်းကတဆင့်ပေးရင် သူတားမရဘူးဆိုတာ သူသိပါတယ်။

နောက်သူကြောက်တာက သူလုပ်ကြံခံရမှာ သူ့သားသမီးမြေးတွေ လုပ်ကြံခံရမှာကိုပါ။ ယခုဆိုရင် သူ့လက်ကိုင်တပ်ကို တပ်ရင်း သုံးရင်းလောက် မြှင့်တင်ထားပါတယ်။ ရက်ကြိုတင်မိုင်းရှာ၊ သူမလာခင် နာရီပိုင်း မိုင်းထပ်ရှာတာ ရှုတ်ရှက်ခတ်နေတာပါဘဲ။ သူ့သမီးနဲ့ သားတောင် တပ်ရင်းတစ်ခုစီ၊ စရဖတစ်ဖွဲ့နဲ့ အထူးရဲတစ်ဖွဲ့က လုံခြုံရေး ယူပေးနေရတာပါ။

ဒါတွေက မအလဘာကြောက်သလဲ မကြောက်သလဲ ပြောပြ ရေးပြတာပါ။ မူဝါဒရေးစွဲသူတွေလိုအပ်ရင် ယူသုံးလို့ရအောင်ပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page