top of page
Search

မအလနဲ့ မဆွေးနွေးဖို့ ငြိမ်းချမ်းရေးအဖွဲ့တွေဆုံးဖြတ်

Writer: Myat Tun Oo
Myat Tun Oo
Feb 20, 2021
1 min read

မအလဟာ ဘစိန်လက်ထက်ကထဲက မြောက်ပိုင်းသုံးဖွဲ့ကို လက်မှတ်ထိုးတာ ကန့်ကွက်ပြီး ငြိမ်းချမ်းရေးမရအောင် လုပ်ခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်က သူသမ္မတဖြစ်မှ ငြိမ်းချမ်းရေးရအောင် လုပ်မယ်ဆိုပြီး တစ်ကွက်ချန်ခဲ့တာပါ။ DASSK အစိုးရ တက်လာချိန်မှာတော့ ငြိမ်းချမ်းရေးမရအောင် နည်းမျိုးစုံနဲ့ကန့်လန့်တိုက်ခဲ့ပါတယ်။ RCSS ကို ပြဿနာရှာ အပြီးမှာ KNU ကို ပြဿနာရှာပါတယ်။ AA ကိုလဲပြဿနာရှာခဲ့တာ မအလပါဘဲ။

သူကအာဏာသိမ်းအပြီးမှာ တပ်တွေကို ပြည်မမှာ ချထားရလို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တစ်ချိန်ထဲမှာ မတိုက်နိုင်ပါ။ သူကတော့ ဒီအချိန်မှာ သူ့တပ်ကို မတိုက်နဲ့လို့အမိန့်ပေးရင် ငြိမ်းချမ်းရေးရှိနေမှာပါ။ ဒါပေမယ့် စစ်မတိုက်တာသာဖြစ်မှာဖြစ်ပြီး တိုင်းရင်းသားတွေလိုချင်တဲ့ ဖယ်ဒရယ်ပေးမှာမဟုတ်ပါ။ ဒါကတော့ သေချာတဲ့အချက်ပါ။

ဒီနေ့မှာဘဲ NCA ထိုးထားတဲ့ အဖွဲ့တွေက မအလနဲ့ နိုင်ငံရေးဆွေးနွေးတာ ရပ်ထားမှာဖြစ်ကြောင်းကြေငြာလိုက်လို့ သူ့ကို အသိအမှတ်မပြုဘူးဖို့ ပြောလိုက်တာပါ။

ဒီနေရာမှာ KIA အနေနဲ့ မြစ်ကြီးနားနဲ့ ကချင်မှာ ဆန္ဒပြသူတွေကို KNU ကလုပ်သလို ဘယ်လို လိုက်ပါစောင့်ရှောက်ပေးမလဲ စဉ်းစာ:သင့်ပါတယ်။ ဒါဟာ KIA အတွက်လဲ မိမိထိန်းချုပ်နယ်မြေကို ချဲ့နိုင်ဖို့အခွင့်ကောင်းပါ။ ယခုအချိန်မှာ မအလဟာ KIA နဲ့ ဆိုင်ထားတဲ့တပ်ရှိပေမယ့် နောက်ပိုင်းမှာက ဂလိုင်ပါ။ ကျန်တပ်တွေကို မြို့ပေါ်မှာသာ ထားထားတာပါ။ ဥပမာ မြစ်ကြီးနားက ပြည်သူကိုပစ်တဲ့တပ်ကိုKIA အထူးတပ်ဖွဲ့က ပစ်သတ်လိုက်နိုင်ရင် ပြည်သူက KIA ကို ချစ်လာမှာဖြစ်သလို မအလလဲ ကချင်ပြည်သူကို နှိမ်နင်းရ ခက်သွားမှာပါ။

ဖယ်ဒရယ်စစ်စစ်လိုချင်ရင် ယခုအချိန်မှာ အားလုံးဝိုင်းတွန်းရပါမယ်လို့ ပြောပါရစေ။ စောင့်ကြည့်နေရင်တော့ ပြည်မမှာပြီးရင် ပြည်နယ်တွေကို ပြန်လှည့်ပြီး နှိပ်စက်မှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page