top of page
Search

မအလနဲ့ စရဖကြောက်တဲ့ NUG Pay

Writer: Myat Tun Oo
Myat Tun Oo
Jul 12, 2022
1 min read



တော်လှန်ရေးမှာ ငွေလိုတာ အားလုံးသိမှာပါ။ ကျည်ဆန်က ငွေရှိမှဖြစ်တာပါ။ ယခင်ကပြည်တွင်းမှာ တော်လှန်ရေးအတွက် ငွေပို့တာ ပြည်တွင်းက နွေဦးထီဝယ်တာကအစ မအလရဲ့ ခရိုနီဘဏ်တွေကို အားကိုးရပါတယ်။ ထိုဘဏ်တွေရဲ့ ငွေလွှဲစာရင်းကနေ စရဖကလိုက်ပြီးတော်လှန်ရေးသမားရော CDM ရော အဖမ်းခံရပါတယ်။ နောက်ငွေထောက်ပံ့သူ လှူသူဟာလဲပြည်တွင်းကဆိုရင် အဖမ်းခံရပါတယ်။ အချို့ကလဲ သာမန်ပြည်သူတွေထံ တော်လှန်ရေးအယောင်ဆောင် အလှူခံသူများလဲ ရှိခဲ့ပါတယ်။

ဒါဆို NUG Pay က ဘာထူးပါသလဲ? လူအချို့က NUG ကို ဝေဖန်ကြပေမယ့် NUG Pay ဟာ NUG အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အင်မတန်ကောင်းတဲ့ ရိုက်ချက်လို့ပြောလိုပါတယ်။ အစိုးရတစ်ရပ်အနေနဲ့ မိမိလက်အောက်ခံ ငွေကြေးလုပ်ငန်းရှိရမှာဖြစ်ပြီး ဒီ NUG Pay က ပထမခြေလှမ်းပါ။ ယခုဆိုရင် စာရေးသူရဲ့အမျိုးများက အမေရိကန်မှသည် အင်္ဂလန်၊ စင်ကာပူ၊ ထိုင်းအထိNUG Pay အကောင့်ဖွင့်နိုင်တာ တွေ့ရပါတယ်၊ သူတို့ပြောပုံက Kpay ပိုက်ဆံဖြည့်တဲ့ ပုံစံပါ။ ပြီးရင် NUG Pay အကောင့်ဖွင့်ထားတဲ့ တော်လှန်ရေးအဖွဲ့တွေ CDM တွေကို တိုက်ရိုက်လှူနိုင်တော့မှာပါ။ နောက်အကောင့်မှာသုံးတဲ့နာမည်က နာမည်တုဖြစ်လို့ စရဖ မလိုက်နိုင်တော့ပါ။ နောက် NUG pay ဟာ မအလတပ်အောက်မှာမဟုတ်လို့ Kpay လို wavemoney လို မအလရဲ့ စရဖက ကြားဖြတ်စစ်မှာ ကြောက်စရာမလိုတော့ပါ။ ဥပမာမောင်ဖြူကိုမိလဲ သူ့ငွေပေးသူနာမည်အတိအကျသိသူဟာ NUG Pay သာပါ။ သူတို့က အနောက်မှာမိုလို့ မအလရဲ့ စရဖတွေ လိုက်မရ၇ါ။ ဒါတင်မဟုတ်ဘဲ ယခင်က နိုင်ငံအချင်းချင်း ဘဏ်ကတဆင့် ငွေလွှဲရင် ကြားကဖြတ်ပေမယ့် NUG pay စနစ်ကတရားဝင် ဟွန်ဒီသဘောဖြစ်သွားလို့ ပွဲခလဲ သက်သာသွားမှာပါ။  နောက်ပြည်တွင်းကလူကလဲ မိမိအမျိုးကတဆင့် NUG pay ကို Kpay လို ပိုက်ဆံသွင်းထားပြီး NUG ထံက ထီဝယ်တာ ဆေးခန်းပြတာတွေ လှူတာတွေကို ကြောက်စရာမလိုဘဲ သုံးလာနိုင်မှာဖြစ်လို့ NUG ရဲ့ဝင်ငွေလဲ များလာမှာပါ။

နောက် မြေပြင်က တော်လှန်ရေးအဖွဲ့တွေဟာ မိမိတို့အလှူခံရတာ လွယ်ချင်ရင် NUG pay သုံးလာရမှာဖြစ်ပြီး NUG နဲ့ချိတ်ဆက်လာရမှာပါ။ လောလောဆယ် NUG pay ကို ကန့်သတ်ထားလို့နိုင်ငံခြားက မြန်မာတိုင်း အကောင့်မဖွင့်နိုင်သေးပေမယ့် ဖွင့်လာနိုင်ရင် NUG ထောက်ပံ့တာ၊ CDM ထောက်ပံ့တာ၊ PDF ထောက်ပံ့တာတွေ အားလုံးလွယ်သွားမှာပါ။ နောက်ဆုံးလှူရတာလွယ်လာရင်ပိုက်ဆံလွယ်လာမှာဖြစ်ပြီး ပိုက်ဆံများမှ လက်နက်များလာမှာပါ။ လက်နက်များလာရင်တော့ မအလညဉ့်က နက်လာမှာပါလို့ ပြောပါရစေ။ အားလုံး NUG pay သုံးပြီး လှူတန်းခြင်းဖြင့် မအလကို အဝီစိအရောက်ပို့ကြပါစို့။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page