top of page
Search

မအလထံ သတိပေးစာ (A notice to the coup terrorist leader Min Aung Hlaing)

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 16, 2021
  • 1 min read


မအလ မင်းအကြောင်းကို ငါသိလို့ ငါအကောင့်စထောင်ကထဲက လိုအပ်တဲ့ လုံခြုံရေးတွေအကုန်ယူထားခဲ့တယ်။ ငါက ဒီမိုတွေလို နှလုံးရည်မကောင်းဘူး။ ဒါပေမယ့် မင်းကိုတော့ နိုင်ငံတော်ပုန်ကန်မှုဥပဒေထဲကအတိုင်း စီရင်ရဲတယ်။ မင်းကအမြဲတမ်း မြန်မာလူမျိုးတွေက နေဝင်းတို့ ခင်ညွန့်တို့၊ သန်းရွှေတို့၊ စောမောင်တို့ကို သူတို့ရဲ့ သားသမီးမြေးတွေကို ဘာမှမလုပ်တော့ မြန်မာလူမျိုးက အငြိုးမထားတတ်ဖူး ခွင့်လွှတ်တတ်တယ် မေ့ပျောက်လွယ်တယ်ဆိုပြီး ပြောလေ့ရှိတယ်။ နောက်ယခုအချိန်မှာတောင် မင်းအောက်ကကောင်တွေရဲ့ သားသမီးတွေ မြေးတွေ စင်ကာပူမှာ ဂျပန်မှာ ယူကေမှာ အမေရိကန်မှာ ပြဿနာပေါ်ရင် မင်းပြောလေ့ရှိတာက အဆင်ပြေရဲ့လား အဆင်ပြမှာပါ သူတို့တိုင်းပြည်မှာ ဒီကောင်တွေ အသက်ကိုရန်ရှာလို့မရပါဘူး social punishment လောက်နဲ့ ပြီးသွားမှာပါဆိုပြီး မင်းအောက်ကကောင်တွေကို နှစ်သိမ့်လေ့ရှိတယ်။ ငါမင်းအကြောင်းကိုသိလို့ DASSK ကို သတိပေးဖို့ကြိုးစားခဲ့ပေမယ့် မင်းလူတွေဝိုင်းနေလို့ မထိရောက်ခဲ့ဘူး။


ယခုငါဒီစာကိုမရေးခင် ငါ့ရဲ့မိသားစုလုံခြုံရေးအတွက် လိုအပ်တာတွေ ပြင်ဆင်ပြီးမှရေးတာပါ။ ငါကမင်းအကြောင်းသိလို့ အစကထဲက အကောင့်ဖွက်တယ် နိုင်ငံခြားနဲ့ ဆက်သွယ်လို့ရတဲ့ လိုအပ်တဲ့ လုံခြုံ​ရေးစနစ်တွေ ဆက်သွယ်ရေးစနစ်တွေကို ပြင်ဆင်ထားခဲ့ပါတယ်။ ဒါ့ကြောင့် မိန်းမကို ရာထူးမတိုးလဲတပ်ထဲကိုမခေါ်ခဲ့ဘူး။ ယခုကတော့ မိန်းမရော မိသားစုရော လုံခြုံတဲ့နေရာရောက်ပြီ။ ငါမင်းကိုသတိပေးစရာရှိတာပေးမယ်။ မင်းဟာ အာဏာသိမ်းပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့တာ။ ဒါ့ကြောင့် မင်းဟာ မင်းကျူးလွန်တဲ့ ပြစ်ဒဏ်အတိုင်း စီရင်ခံရမှာ။ ထိုဥပဒေအတိုင်း အပြစ်ပေးခံရအောင်လဲ ငါအမြဲကြိုးစားနေတယ်။ ဒါပေမယ့် မင်းကစည်းဖောက်လာပြီး နိုင်ငံရေးသမားတွေကိုဖမ်းတာတင်မဟုတ်ဘဲ သူတို့ရဲ့ မိန်းမတွေကိုပါ ရန်ရှာဖမ်းဆီးလာတာက ဘောင်ကျော်လာခဲ့ပါပြီ။ မင်းရဲ့ နောက်ဆုံးကွီးဖြိုးမိန်းမကို ဖမ်းလိုက်တာက စည်းကျော်သွားခဲ့ပြီ။ DASSK နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ကမ္ဘာကစောင့်ကြည့်နေလို့ မင်းဘာမှမလုပ်ရဲမှန်း ငါသိတယ်။ အခြားလူကတော့ မင်းဘာမဆိုလုပ်ရဲတယ်။ မင်းအနေနဲ့ ဦးဖြိုးမင်းသိန်းနဲ့ သု့မိန်းမ ဒေါ်ခင်မိမိကြွယ်ရဲ့အသက်ကို ရန်ရှာခဲ့ရင် သူတို့မင်းတို့ဖမ်းထားချိန်မှာ သေဆုံးခဲ့ရင် မင်းအသက်တင်မက မင်းမိန်းမ ကြူကြူလှ မင်းမရီး ဆွေဆွေလှ မင်းညီအစ်ကိုရင်းနဲ့ မင်းသားသမီး မြေးတွေအထိ ပုန်ကန်မှု ဥပဒေအတိုင်း အပြစ်ဒဏ်ခံရမယ်ဆိုတာမှတ်ထားလိုက်ပါ။ ယခုအချိန် မင်းလုံခြုံရေးကောင်းလို့ ငါဘာမှ မလုပ်နိုင်သေးရင်တောင် မင်းရာထူးမရှိချိန်မှာ ပြန်ပေးဆပ်ရမှာပါ။ သူတို့ကို မင်းပြောနေတဲ့ နေဝင်းမြေး ခင်ညွန့်မြေးတွေလို ဘာမှမဖြစ်ဘဲမဖြစ်စေရပါဘူး။ စိတ်ချပါ။ ငါသွေးအေးမနေဘူးဆိုတာ ပြောထားပါ့မယ်။ မင်းမြေးကို ဘယ်ဆရာဝန်နဲ့ မွေးတယ်ကအစ ငါသိပါတယ်။ အလှည့်ကျရင်တော့ မနွဲ့ကျစတမ်းပေါ့။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page