top of page
Search

မအလတပ် ဆိုက်ဝါးဘယ်လိုလုပ်လဲ?

Writer: Myat Tun Oo
Myat Tun Oo
Aug 8, 2022
2 min read



စစ်ပွဲတိုက်ရာမှာ ဆိုက်ဝါးခေါ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးက အရေးကြီးပါတယ်။ မအလတပ်ကတော််လှန်ရေးကာလ ဆိုက်ဝါးဘယ်လိုလုပ်လဲ လေ့လာရအောင်။

ပထမက မြန်မာ့အသံနဲ့ မြဝတီပါ။ ဒါက တပ်ထဲကလူတွေ သူ့ကိုထောက်ခံပြီးသား အမာခံတွေအတွက် တိုင်းပြည်ကြီးက တိုးတက်နေပါတယ်ပေါ့။ သူက မအလုပ်သမျှအကုန်ကောင်းတယ်လို့ဗြောင်ပြောတာပါ။ လျှပ်စစ်ကားတွေ ရထားတွေသွားနေပြီး ဒေါ်လာစျေးတွေကျ၊ တိုင်းပြည်ကဖွံ့ဖြိုးပြီး အလုပ်လုပ်သူတိုင်း ပိုက်ဆံရနေသည်ပေါ့။ ဒါက ခေါင်းမရှိသူများကို ရိုက်သွင်းဖို့သာပါ။

ဒုတိယကတော့ တစ်ပူး၊ ပေါ်ပြူလာနဲ့  NeoPolitics တို့ပါ။ တစ်ပူးနဲ့ ပေါ်ပြူလာက မအလပြောလိုတာကို ဖော်ပြပေးတာပါ။ ဥပမာ အုပ်ကြီးအသတ်ခံရရင် ဘုရားဂေါပက အသတ်ခံရတယ်ဆိုပြီး လူတွေကို ဝေဝါးအောင်လုပ်တာပါ။ သူက အုပ်ကြီးကို ချန်ထားလိုက်တာမျိုးပါ။ NeoPolitics ကျော်မျိုးမင်းက တစ်ဆင့်တက်လာပါတယ်။ သူက မအလကို တရုတ်ကမတွေ့သွားရင် လူတွေကိုဝေဝါးသွားအောင် တရုတ်ကမတွေ့တာကိုမပြောဘဲ မအလက ဘာလို့မတွေ့တာလဲဆိုပြီး မအလဘက်က ဖွပြောပေးတာပါ။ နောက်ပြီးသူက ဒီမိုတွေကိုကွဲအောင် သတင်းတွေကို ဝေဝါးအောင်လုပ်တာပါ။ ဥပမာ KNU က ငြိမ်းချမ်းရေးမတက်ရင် ဥက္ကဌကတက်ချင်တယ် ဘာညာဆိုပြီး KNU ကို သွေးခွဲတာပါ။ သူ့ကိုလဲ လူတိုင်းက နားမထောင်လို့ သိပ်အရေးမကြီးပါ။

တတိယက ဘီဘီစီ မြန်မာပိုင်းနဲ့ ဗီအိုအေပါ။ သူတို့က ဘက်မလိုက်ဘဲ ပြောရမယ်ဆိုတဲ့ သတင်းမူကို အခြေခံတယ်ဆိုပြီး ဂုဏ်ယူလေ့ရှိပါတယ်။ ဒီနေရာမှာ PDF က စစ်တပ်ကိုသတ်လို့ သေတယ်ဆိုပါစို့။ သူက အများစုကို မဖော်ပြပါ။ သူက သတင်းက မခိုင်လုံလို့ဆိုပြီး အကြောင်းပြပါတယ်။ဒါပေမယ့် PDF သေရင် ရွာမီးရှို့ခံရရင်တော့ သူက သတင်းအတည်ပြုတာကို လုပ်ရလွယ်တယ်ဆိုပြီး သတင်းတင်ပါတယ်။ ဒီနေရာမှာ သတင်းသမားတွေရဲ့ ခံယူချက်နဲ့ အမြင်က အရေးကြီးပါတယ်။ ဥပမာ ယူကရိန်းနဲ့ ရုရှားဖြစ်ရင် အနောက်မီဒီယာအများစုက ယူကရိန်းသမ္မတကို အပြစ်မတင်ဘဲ ရုရှားကိုသာရေးလေ့ရှိပါတယ်။ ဘီဘီစီ၊ ဗီအိုအေ အပါအဝင်ပေါ့။ တရုတ်၊ အိန္ဒိယနဲ့အခြားမီဒီယာများက ယူကရိန်းသမ္မတ မပါးနပ်လို့ဆိုပြီး ပြောလေ့ရေးလေ့ရှိပါတယ်။ ဒီနေရာမှာဘီဘီစီနဲ့ ဗီအိုအေက မြန်မာပိုင်းတာဝန်ခံတွေရဲ့အမြင်အရ တိုင်းပြည်ယခုလိုဖြစ်တာဟာ NLD ကြောင့်ဆိုတဲ့အမြင်နဲ့ ချဉ်းကပ်တာ တွေ့ရပါတယ်။ ဥပမာ အမျိုးသမီး မုဒိမ်းကျင့်ခံရရင် သူတို့ကမုဒိမ်းကောင်အလွန်မဟုတ်ဘဲ ကောင်မလေးက စကပ်တိုဝတ်လို့ဆိုတဲ့အမြင်က ချဉ်းကပ်တာမျိုးပါ။ ဒါကြောင့် သတင်းတင်ရာမှာ PDF က မအလတပ်ကို သတ်နိုင်ခဲ့ရင် သူက မဲလုံးကိုမေးပြီး မဲလုံးက ဖုန်းမဖြေရင် အတည်မပြုနိုင်ဘူးဆိုပြီး ခေတ်သစ်လို မတင်ပါ။ ဒါပေမယ့် PDF တွေအပြစ်ခံရရင်တော့ ဒီဘက်က PDF က ဖုန်းဖြေလို့ သူက အတည်ပြုဆိုပြီး တင်ပါတယ်။ ဒါကြောင့်စာရေးသူတို့က ကိုယ့်ဂိုးကိုယ်အသွင်းခံရတာပါ။ ဒီထက်အရေးကြီးတာက UG တွေအဖမ်းခံရချိန်မှာ ကျန်ခဲ့သူက UG ပါဆိုပြီး ဘီဘီစီ၊ ဗီအိုအေနဲ့ ထဗျူးတာပါ။ ဟိုက စစ်ကြောရေးမှာ မငြင်းရသေးချိန် ဒီကအကောင်က ဝန်ခံလို့ ဟိုအကောင်တွေငြင်းလဲ အဗျင်းခံရတာသာ ရှိပါတယ်။နောက် ပြည်တွင်းသတင်းထောက်ကို အင်တာဗျူးပေးအပြီး အဖမ်းခံရတာတွေ ခဏခဏဖြစ်ပါတယ်။ စာရေးသူရေးလဲ ကလေးတွေက အင်တာဗျူးပေး အဖမ်းခံနေရလို့ ဘာပြောရမှန်းမသိတော့ပါ။ ဒီနေရာမှာ ဘီဘီစီသတင်းထောက်မက စရဖကို သတင်းသွားပေးတာမဟုတ်ပေမယ့် သူတို့ဖုန်းတွေကို စရဖက စောင့်ကြည့်နေတာပါ။

စတုတ္တက မြတ်အောင်တို့ သက္ကမိုးညိုတို့အုပ်စုပါ။ သူတို့စကားဝိုင်းအပြီး လူတွေဆဲထားတာတွေ့လို့ စာရေးသူမတင်ခဲ့ပါ။ မြတ်အောင်ဟာ NUG ကိုဝေဖန်ရင် စရဖအကောင့်တွေက ဒီမိုအုပ်စုတွေထဲ ရှယ်ပေးကြပါတယ်။ သူ့အဓိကလိုင်းက သူကမြေပြင်မှာ အလုပ်လုပ်နေတယ် NUG က မလုပ်ဖူးဆိုပြီး သွေးခွဲတာပါ။ နောက်ပိုင်းသူက NUG ဝန်ကြီးက ဘယ်မှာနေတယ် ဘာညာစလုပ်လာချိန်မှာ သူ့သတင်းကို စရဖက ထောက်လှမ်းရေးသတင်းအဖြစ်သုံးပြီး ထိုင်းရဲကို ဝင်ရှာခိုင်းပါတယ်။  မန္တလေး UG မိရင် ငါ့လူပါသွားပြီ ဘာညာစလုပ်ပါတယ်။ ဒါကိုစရဖက ဟိုလူကိုစစ်ချိန်မှာသုံးပါတယ်။ ဟိုကငြင်းရင် မင်းလူကပြောနေပြီဆိုပြီးလုပ်တာပါ။ သက္ကမိုးညိုကတော့ ယခင်ကလဲ ဒီမိုအစိုးရကို ဝေဖန်ခဲ့သူမိုလို့ အစဉ်အလာမပျက် ဟိုတယ်ထဲကနေ ဆက်ဝေဖန်နေပုံပါ။ သူတို့ဟာ ဒီမိုလိုလို ဘာလိုလိုမိုလို့ မအလက NUG နဲ့ ဒီမိုတွေကို ရန်တိုက်ရာမှာ အင်မတန်အသုံးဝင်ပါတယ်။

ပဉ္စမက ယခင်စရဖအကောင့်တုတွေက ဒီမိုယောင်ဆောင်ပြီး NUG ဝန်ကြီးတွေအောက်မှာရေးပြီးအထင်မှားအောင်လုပ်တာပါ။ ဒါက ရုရှားနည်းပါ။ ဒီအကောင့်တွေက ယခင် NLD ကို ဝေဖန်ရာမှာသုံးခဲ့တဲ့ NLD တံဆိပ်၊ အမေစုပုံအကောင့်တွေဖြစ်ပြီး ယခု နွေဦးတော်လှန်ရေးပုံတွေ ပြောင်းထားပါတယ်။ သူတို့က NUG နဲ့ PDF ကြား ရန်တိုက်ပေးဖို့ PDF အချင်းချင်း ရန်တိုက်ပေးဖို့ အဓိကလုပ်တာပါ။ ဒီမိုယောင်ယောင်နဲ့ NUG ဝန်ကြီး အထူးသဖြင့် ဆရာဇော်ဝေစိုးနဲ့ ဒေါက်တာဆာဆာကိုအဓိက လိုက်ရေးတာပါ။ ဒီအတွက် တပ်ရင်းနှစ်ခုစာ သုံးထားပါတယ်။ သူတို့အုပ်စုအောက်မှာမဘသ၊ ဖွတ်အကောင့်၊ တပ်ထဲက ကတော်အကောင့်တွေရှိပါတယ်။ သူတို့က စစ်တပ်က ရွာတွေမီးရှို့တာကို NUG က မကာကွယ်ပေးနိုင်ဘူး ဒါကြောင့် NUG ညံ့တယ်ဆိုတဲ့ဘက်က အဓိကရေးပါတယ်။ ဒါက အချို့ပြည်သူကို တွေဝေသွားစေပါတယ်။ အမှန်က စစ်ကိုင်းမပြောနဲ့ KNU ဒေသမှာတောင် မအလမီးရှို့တာ၊ အမြှောက်နဲ့ပစ်တာကို မကာကွယ်နိုင်သေးပါ။ KIA နဲ့ AA လဲ မအလတပ်ရွာမီးရှို့တာကို မကာကွယ်နိုင်သေးပါ။ ကာကွယ်နိုင်တာက တရုတ်ထံက လက်နက်ကြီးရတဲ့ ဝတပ်ဖွဲ့သာ ရှိပါသေးတယ်။ ဒါပေမယ့် မအလတပ်ဟာလဲ မြို့ပေါ်မှာ ဘာမှကာကွယ်မှုမပေးနိုင်ဘူးဆိုတာ မေ့မထားပါနဲ့။ မအလတပ်ဟာ ဧရာဝတီတိုင်းကလွဲရင် အခြားဒေသတွေမှာ စခန်းအပြင်ကို ယူနီဖောင်းဝတ်ပြီး လက်နက်မပါဘဲ မထွက်ရဲ မသွားရဲတော့ပါ။

ယခုအပေါ်က ရေးပြတာတွေက ပြည်သူတွေ ဆိုက်ဝါးသဘော စိတ်ဓာတ်စစ်ဆင်ရေးသဘောနားလည်အောင်ပါ။ PDF တွေလဲ အင်တာဗျူးကို ဘီဘီစီ၊ ဗီအိုအေသတင်းထောက်ဆိုပြီးအင်တာဗျူးအများကြီး မပေးပါနဲ့။ ချင့်ချိန်ပါလို့သာ ပြောပါရစေ။

(ပုံ- ဆရာဇော်ဝေစိုးအကောင့်အောက် ဝင်ဟောင်သော ခွေးအကောင့်အချို့ပုံ)

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page