မအလဆိုက်ဝါးမနိုင်သိအခါ
- Myat Tun Oo
- Sep 25, 2021
- 1 min read
မနေ့က ဆရာဝန်မလေးအငြိမ်းကို ဖက်ဆစ်တပ်ကဝရမ်းထုတ်တာ တွေ့လိုက်ရပါတယ်။ ဒီနေရာမှာ ဖက်ဆစ်အကြမ်းဖက်ကောင်စီက ဖမ်းလိုသူတွေဟာ ဘယ်သူဖြစ်ကြောင်းကို “အားလုံးသတိရှိရန်”
“https://www.myattunoo.com/post/အ-လ-သတ-ရ-ရန” ဆိုတဲ့ ဆောင်းပါးမှာ ရေးပြခဲ့ပါတယ်။နောက်ပြီး သာမန်ပြည်သူတွေ ငွေလွှဲရာမှာ လုံခြုံရေးအတွက် ဘယ်လိုသတိထားသင့်လဲဆိုတာ ဘယ်သူ့ကိုလှူရမလဲဆိုတာကိုလဲ “တော်လှန်ရေးအတွက်ငွေလွှဲရာတွင် သတိထားသင့်သိအချက်” “https://www.myattunoo.com/post/တ-လ-န-ရ-အတ-က-င-လ-ရ-တ-င-သတ-ထ-သင-သ-အခ-က” ဆိုပြီး ရေးတင်ခဲ့ပါတယ်။ နောက်ပြီး ဖက်ဆစ်တပ်က ပိုက်ဆံတွေဘယ်ရောက်လဲ ဘာညာဆိုပြီး ဆိုက်ဝါးလုပ်တာကို ဖြေရှင်းဖို့ “ပိုက်ဆံတွေ ဘယ်ရောက်သွားလဲမေးသူသို့?” “https://www.myattunoo.com/post/ပ-က-ဆ-တ-ဘယ-ရ-က-သ-လ-မ-သ-သ” ကို ရေးတင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာ ဖက်ဆစ်တပ်ဟာ ပန်ဆယ်လိုကိုလဲ လိုင်းပေါ်မှာ တက်ရှင်းရအောင် အပုတ်ချဖို့ ကြိုးစားခဲ့သလို ထားထားထက်ကိုလဲ စိတ်ထိခိုက်အောင်လုပ်ဖို့ အလှူငွေကိစ္စနဲ့ ကြိုးပမ်းခဲ့ပါတယ်။ ကိုမျိုးရန်နောင်သိမ်းကိုတော့ မလုပ်နိုင်ခဲ့ပါ။ သူတို့က နိုင်ငံပြင်ပရောက်သွားလို့ ဘာမှလုပ်မရတော့ပါ။နောက်ပိုင်း ဆရာဝန်မလဲအငြိမ်းကို အမေရိကန်က အမျိုးသမီးတစ်ယောက်ကို ပြောခိုင်း သူ့နောက်ကနေ ဖွတ်အကောင့်များက ဝန်းရံပြီး အပုပ်ချဖို့ ကြိုးစားခဲ့ပါတယ်။ စာရေးသူက “အလှူအတန်းနှင့်တော်လှန်ရေး” “https://www.myattunoo.com/post/အလ-အတန-န-င-တ-လ-န-ရ” ဆိုပြီးရေးသားသတိပေးခဲ့ပါတယ်။ မအလဖက်ဆစ်တပ်ဟာ ဘယ်လိုအပုပ်ချချ ဆရာဝန်မလေးငြိမ်းဟာ သူ့လုပ်ငန်းတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ယခုလိုနောက်ဆုံး ဖမ်းဝရမ်းထုတ်တဲ့အထိ ဖြစ်လာတာပါ။
ဒီနေရာမှာ စာဖတ်သူများကိုပြောချင်တာက DASSK အစိုးရလက်ထက်ကလဲ ဒီမိုကရေစီ ဝေဖန်ရမယ်ဆိုပြီး သခင်အားရ ကျွန်စာဝအောင် NLD ကို ဝေဖန်ခဲ့ကြပါတယ်။ မအလက ဒီလူတွေက သူ့ကိုထောက်ခံတယ်ထင်ပြီး အာဏာထသိမ်းပါတယ်။ ယခုလဲ NUG ကို ဝေဖန်ရမယ် ဘာညာဆိုပြီး လုပ်ပါတယ်။ Gen Lee များထူးချွန်တာက ဝေဖန်တာပါ။ အချို့ဆို မိမိလက်နက်ကိုင် ကျောင်းသားခေါင်းဆောင်ဖြစ်ချိန်က ဘာမှစောက်သုံးမကျခဲ့ဘဲ ယခုမှလိုင်းပေါ်က ဝေဖန်သူများလဲရှိပါတယ်။ ယခုအချိန်မှာတောင် သတင်းတောင်လုံအောင်မထိန်းနိုင်ခဲ့လို့ သူ့လူတောင် ဖက်ဆစ်အဖမ်းခံခဲ့ရပါတယ်။NUG ကို အကြံပေးလို့ရလားဆိုတော့ စာရေးသူလို NUG နဲ့ ဘာမှတိုက်ရိုက်မသိသူတောင် လိုအပ်တဲ့စစ်ရေးအကြံပေးချက်ကို သူတို့ကလက်ခံပါတယ်။ ဒီမိုအချင်းချင်းဆို တိုက်ရိုက်ဖုန်းခေါ်ပြောလိုက်ရုံပါ။ စာရေးသူတောင် လိုင်းပေါ်ကတင်ပြီး မဝေဖန်ပါ။
စာရေးသူတို့အနေနဲ့ အမေရိကန်ရောက်သူ အဘဟိုတယ်မှာလုပ်ခဲ့သူမမများ ဆရာဝန်မငြိမ်းကို မဝေဖန်ခင် ခင်ဗျားတို့ သူမလို တောထဲမှာသွားပြီး ပြည်သူကို ကူညီနိုင်လား ရန်ကုန်ကနေ သူမလိုတောထဲမှာသွားပြီး ကူညီနိုင်လား စဉ်းစားလိုက်ပါ။
ပြည်သူများလဲ မိမိတို့လှူစရာရှိတာကိုလှူပါ။ NUG က ဒီ PDF ကို မထောက်ပံ့ဘူး ဘာညာဆိုရင် မိမိသိတဲ့ PDF ကို မိမိဖာသာ ထောက်ပံ့လိုက်ပါ။ ဒါဟာ တော်လှန်ရေးပါ။ မအလဖက်ဆစ်နဲ့ သူ့နောက်လိုက်ခွေးများဟာ မိမိတို့က တိုင်းပြည်ငွေကိုခိုး Rolex ဝယ်၊ Burberry ဝယ်၊ Gucci ဝယ်၊ Louis Vuitton ဝယ်ချိန်မှာ စောက်သံမထွက်ဘဲ ဒီမိုတွေကို သွေးခွဲတာဟာ နေဝင်းလက်ထက်ထဲက မြန်မာလူမျိုးစရိုက်အရ အောင်မြင်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ တော်လှန်ရေးမှာ လိုအပ်တာရှိရင် မိမိကိုယ်တိုင်လှူလိုက်ပါ။လူညီရင် နိုင်မှာပါ။


Comments