မအလက အမေရိကန်ကို ဘာပြောထားလဲ?
- Myat Tun Oo
- Aug 8
- 1 min read

မအလဟာ တရုတ်ကို ငယ်စဉ်ကထဲက မုန်းပါတယ်။ သူရာထူးရချိန်မှာ တရုတ်က ကိုးကန့်ကိုမြှောက်ပေးတာ ဝ UWSA ကို မြှောက်ပေးတာတွေကို မကြိုက်ပါ။ သူစစ်ရှုံးချိန်မှာ တရုတ်ကို မချစ်သော်လဲ အောင့်ကာနမ်းထားရတာပါ။ စစ်တပ်ထဲမှာ ရေရှည်ရည်မှန်းချက်က တရုတ်ကို အာခံဖို့ပါ။ ဒါကြောင့် ရုရှားနဲ့ စစ်ရေးကို အဓိကတည်ဆောက်ထားပြီး ရုရှားရေတပ်လာရောက်နိုင်ဖို့ တောင်ပိုင်းမှာ ရွေးကောက်ပွဲပြီးရင် ခွင့်ပြုမှာပါ။
ဒါဆိုရင် အမေရိကန်က ဘာလုပ်မှာလဲ? ညိုစောဟာ မအလရဲ့ PSO ပြီးရင် နိုင်ငံခြားနဲ့ အဆက်အသွယ်များသူပါ။ မအလတပ်ဟာ ပန်ဆယ်လို စစ်ဆင်ရေး၊ ဖြူဖြူ့စစ်ဆင်ရေးတွေလုပ်ရာမှာ အမေရိကန်၊ ဩဇီက သူ့ကြားခံတွေကို သုံးသလို နယ်စပ်မှာ ယခင်ထဲကလွှတ်ထားသူ၊ နောက်ပိုင်းလွှတ်ထားသူ ထောက်လှမ်ရေးတွေနဲ့ အတိုင်အဖောက်ညီညီ လုပ်ကြပါတယ်။ လူအများမသိတာက အမေရိကန်မှာ မအလတပ်နဲ့ တိုက်ရိုက်(သို့) သွယ်ဝှိက်ရင်းနှီးသူများစွာရှိပါတယ်။ အများဆုံးပါ။ ဒုတိယက ဩဇီမှာပါ။ အချို့က အမျိုးတွေ၊ အချို့က တပ်ထွက်တွေရဲ့ အမျိုးတွေပါ။ အချို့က ခရိုနီတွေကတဆင့် ရှေ့နေတွေငှားပြီး တွေ့ခွင့်တောင်းတာ မဲဆွယ်တာလုပ်ပါတယ်။ အမေရိကန်မှာ လော်ဘီတွေငှားပြီးလဲ လုပ်ပါတယ်။ အဆိုပါ လော်ဘီက သံရုံးကတဆင့် သွားပါတယ်။
နောက်ဆုံးသတင်းထွက်တာထဲက မအလတပ်နဲ့ဆိုင်တာကို ပြောပါမယ်။ မအလဟာ မြန်မာပြည်က မြေရှားသတ္တုကို အမေရိကန်ကုမ္ပဏီက လာရောက်ရင်းနှီးမြုပ်နှံဖို့ အဆိုပြုတာကို အမေရိကန် ရေတပ်ကတဆင့် တင်ပြထားသလို လော်ဘီကတဆင့်လဲ ပြောထားပါတယ်။ ဘယ်သူမှမသိသေးတဲ့ ဥရောပက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်သူဒုဗိုလ်ချုပ်ကြီးက အမေရိကန် အောက်ခြေအဆင့်တွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာပြည်က မြေရှားသတ္တုတွေထုတ်ယူရာမှာ လာရောက်ရင်းနှီးမြုပ်နှံဖို့၊ ဒေါ်နယ်ထွန်းရဲ့ ဘိန်း၊ ဆေးပြားနှိမ်နင်းရေးမှာ မအလကပါဝင်လိုကြောင်း မြန်မာပြည်က ကိုးကန့်၊ 'ဝ'၊ မိုင်းလား၊ ရှမ်းနဲ့ AA တို့က မူးယစ်ဆေးဝါးနဲ့ ဆေးပြားလုပ်ပြီး အမေရိကန်ကိုပို့နေကြောင်း ဒါကြောင့် ထိုအဖွဲ့များကို အမေရိကန်ကို တင်ပို့တာရပ်အောင် နှိမ်နင်းလိုကြောင်း ဒါပေမယ့် တရုတ်က ဘိန်းထုတ်လုပ်သူတွေကို လက်နက်ထောက်ပံ့နေလို့ နှိမ်နင်းရခက်ကြောင်း တင်ပြခဲ့ပါတယ်။ ထိုအထောက်အထားတွေကို ထိုင်းနိုင်ငံသို့ တင်ပြထားကြောင်း ထိုင်းနိုင်ငံအစိုးရထံလဲ စုံစမ်းနိုင်ကြောင်း DEA ကိုလဲ မေးမြန်းနိုင်ကြောင်း တင်ပြခဲ့ပါတယ်။ DEA ကိုကလဲ မြန်မာပြည်ထဲမှာမိတိုင်း AA က ဆေးပြားနဲ့ ဘိန်းပို့ပြီး "ဝ" ဒေသမှာ ထုတ်လုပ်ကြောင်း ကိုးကန့်နဲ့ TNLA လဲပါကြောင်း အမြဲတင်ပြလေ့ရှိပါတယ်။ ထိုင်းကိုလဲ ပြောထားပြီးသားပါ။ PDF ကိုလဲ လက်နက်ကိုင် အကြမ်းဖက်ကြောင်း တင်ပြခဲ့ပါတယ်။ ဒီကိစ္စဟာ တရုတ်ရော အခြားနယ်စပ်က လက်နက်ကိုင်အဖွဲ့အားလုံး သတိပြုသင့်တဲ့အချက်ပါ။
ဒေါ်နယ်ထွန်းက မှန်းမရတာ မအလလဲ သိပါတယ်။ ဗင်နီဇွဲလားသမ္မတ မူဒူရိုကို အမေရိကန်နိုင်ငံသားလွှတ်ဖို့၊ အမေရိကန်နိုင်ငံထဲရောက်နေတဲ့ ဗင်နီဇွဲလားဒုက္ခသည်တွေ ပြန်ပို့ဖို့ စကားပြောလို့ မူဒူရိုက သူ့ကို အသိအမှတ်ပြုမယ်လို့ ဘဝင်မြင့်ချိန်မှာ သူ့ကိုအမေရိကန်က မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဝရမ်းထုတ်ပြီး သန်း ၅၀ ဆုငွေကြေညာခဲ့ပါတယ်။
ဒါကြောင့် မအလအကြံအောင်ရင် ထိုအဖွဲ့တွေကို တရားခံပြေး ကြေညာခံရနိုင်သလို တရုတ်ကိုလဲ နောက်ကျောကို ဓားနဲ့ထိုးပြီးသား ဖြစ်သွားမှာပါ။ မဟုတ်ရင် မအလကိုယ်တိုင်လဲ ဗင်နီဇွဲလားက မူဒူရိုလို တရားခံပြေးဖြစ်သွားနိုင်ပါတယ်။ ဒါက ICC ထက်ပိုပြီး ထိရောက်နိုင်ပါတယ်။
အရေးကြီးတာက အားလုံးစည်းလုံးဖို့ပါ။ စည်းလုံးဖို့က NUG မှာသာ တာဝန်ရှိတာမဟုတ်ဘဲ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို သိဖို့ပါ။ မဟုတ်ဘဲ မအလဝကခ မိမိနယ်ထဲလာတာ သာယာနေရင်တော့ မအလက နောက်ကျော ဓားနြဲထိုးတာ ခံကမယ်လို့သာ ကြိုပြောထားပါရစေ။
Comments