top of page
Search

မအလက နိုင်ငံခြားက အကူအညီတွေကို ပေးမှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 21, 2025
  • 2 min read

မအလဟာ ပြည်သူ့မျက်နှာကို မ‌ထောက်ထားလို့ ကိုဗစ်အချိန်မှာ အာဏာသိမ်းခဲ့တာကို အားလုံးသိကြမှာပါ။ မအလအာဏာမသိမ်းခင်က စစ်တပ်ကို “ခိုင်မာတဲ့ အဖွဲ့အစည်း (institution)” ဆိုပြီး ချီးကျူးခဲ့ကြသူတွေလည်း ရှိခဲ့ပါတယ်။ မအလရဲ့ စစ်တပ်ဟာ နာဂစ်မုန်တိုင်းမှာ လူတွေကို မကယ်နိုင်ခဲ့သလို၊ ကိုဗစ်ကာလမှာလည်း မကယ်နိုင်ခဲ့ဘူးဆိုတာ အားလုံးသိကြမှာပါ။

ဒါဆိုရင် အခုစစ်ကိုင်းငလျင်မှာရော ကယ်နိုင်မှာလား။ မအလဟာ အခုစစ်ကိုင်းငလျင်မှာ နိုင်ငံခြားက အကူအညီတွေကို လက်ခံမယ်ဆိုပြီး ဘရွှေနဲ့မတူဘဲ ထအော်လိုက်ပါတယ်။ နာဂစ်တုန်းက ဘာရွှေက မအော်ခဲ့တာက နာဂစ်ဒဏ်ထိတာက ပြည်သူတွေ အများစုဖြစ်ခဲ့ပြီး၊ စစ်တပ်နဲ့ အစိုးရအုပ်ချုပ်ရာ နေရာတွေကတော့ ပြည်သူတွေလောက် မခံစားခဲ့ရပါဘူး။ ဒီစစ်ကိုင်းငလျင်ကတော့ ပြောင်းပြန်ဖြစ်ခဲ့ပါတယ်။ နေပြည်တော်က စစ်တပ်အဆောက်အအုံတွေ၊ မအလနေထိုင်ချင်တဲ့ သမ္မတအိမ်တော်တွေ၊ မအလရဲ့ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို အဓိကလည်ပတ်တဲ့ ဝန်ကြီးဌာနတွေ အားလုံးနီးပါး နေလို့မရအောင် ပျက်စီးသွားခဲ့ပါတယ်။ ပြည်သူတွေရဲ့ အိုးအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပေမယ့်၊ စစ်တပ်အခြေချရာ အဆောက်အအုံတွေနဲ့ အစိုးရရုံးနေရာတွေက ပိုပြီး ထိခိုက်ပျက်စီးခဲ့ပါတယ်။

မအလရဲ့ တောင်းဆိုမှုကြောင့် နိုင်ငံခြားက အကူအညီပေးရာမှာ သုံးမျိုးရှိပါတယ်။

ပထမကတော့ မအလနဲ့ အဆက်အသွယ်ရှိတဲ့ နိုင်ငံတွေက မအလထံ တိုက်ရိုက်ထောက်ပံ့တဲ့ ပစ္စည်းတွေပါ။ ဒီနိုင်ငံတွေအပြင်၊ မအလထံ တိုက်ရိုက်ပေးပို့တဲ့ အာဆီယံ၊ ဂျပန်၊ တောင်ကိုရီးယားက ပစ္စည်းတွေလည်း မအလလက်ထဲမှာ ရှိနေပါတယ်။ ငွေအားဖြင့် ကူညီတာတွေလည်း မအလထံ ဝင်ရောက်ပါတယ်။

ဒုတိယအုပ်စုကတော့ အနောက်နိုင်ငံတွေနဲ့ ဆက်စပ်အဖွဲ့တွေက ပေးတဲ့ အကူအညီတွေပါ။ ဒါတွေကတော့ ကုလသမဂ္ဂနဲ့ ဆက်စပ်အဖွဲ့တွေကတစ်ဆင့် သွားမှာဖြစ်ပါတယ်။

ဒါကို မအလက ဘယ်လိုကိုင်တွယ်မလဲ။ ယခုဖွဲ့စည်းထားတဲ့ အဖွဲ့တွေအားလုံးကို ဒုချုပ်က အမိန့်ပေးထားတာက ရရှိလာတဲ့ ပစ္စည်းတွေကို ပထမဦးစားပေးအနေနဲ့ စစ်တပ်နဲ့ သူတို့အခြေချတဲ့ ဒေသတွေကို အရင်ဆုံးပို့မှာပါ။ ဥပမာ၊ မန္တလေးနန်းတွင်း အဝိုင်းခံရရင်၊ မီးဖြတ်ခံရရင် ဆိုလာစနစ်တွေ၊ အကြီးစား အင်ဗာတာတွေ လိုအပ်ပါတယ်။ ရေသန့်စင်စနစ်တွေလည်း လိုပါတယ်။ ဒါတွေကို စစ်ကိုင်းငလျင်ထိတဲ့ မန္တလေး၊ နေပြည်တော်တင်မကဘဲ၊ စစ်ကိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒါ့အပြင် ငလျင်မထိတဲ့ စစ်တွေ၊ ကလေး၊ လွိုင်ကော်နဲ့ အခြားတိုင်းစစ်ဌာနချုပ်တွေကိုလည်း ပို့ဖို့ စီစဉ်နေပါတယ်။ ရည်ရွယ်ချက်က စစ်တိုင်းဌာနချုပ်တွေနဲ့ ဒကစတွေရဲ့ လုံခြုံရေးကို မပြတ်အောင် ထိန်းသိမ်းဖို့ပါ။ ဒါကို ယခင်ကတည်းက လုပ်ချင်ခဲ့ပေမယ့်၊ အခုလို နိုင်ငံခြားက ထောက်ပံ့တဲ့ ပစ္စည်းတွေက အလွန်‌အရည်အသွေးကောင်းပြီး အဆင်ပြေတဲ့အတွက်၊ ဒါတွေကို အဆိုးရွားဆုံး အဝိုင်းခံရနိုင်တဲ့ စစ်ဒေသတွေကို အရင်ဝေမှာပါ။ ဒီအတွက် ပို့ဆောင်ရေးစနစ်တွေကိုလည်း စီစဉ်နေပါတယ်။

ဒါ့အပြင် ပြန်လည်ထူထောင်ရေးမှာ ကြားကာလတပ်နဲ့ တပ်မိသားစုတွေ နေထိုင်ဖို့အတွက်၊ နိုင်ငံခြားက ပေးအပ်ထားတဲ့ အဆင်မြင့်အိမ်ယာပစ္စည်းတွေကို စနစ်တကျ ရွေးချယ်နေပါတယ်။ ဒါတွေကိုတော့ စစ်ကိုင်းငလျင်ဒဏ်ခံရတဲ့ ဒေသတွေက တပ်တွေမှာပဲ သုံးမယ်လို့ ယူဆရပါတယ်။

စစ်တပ်အတွက် ရွေးချယ်မှု ပြီးဆုံးသွားရင်တော့၊ ဒုတိယဦးစားပေးဖြစ်တဲ့ ရဲတပ်ဖွဲ့နဲ့ အခြားဌာနဆိုင်ရာတွေအတွက် ကျန်တဲ့ လှူဒါန်းထားတဲ့ ပစ္စည်းတွေကို အသုံးပြုမှာပါ။ ဝန်ထမ်းတွေဆိုရာမှာ နေပြည်တော်က ဦးစားပေးဖြစ်ပြီး၊ နောက်မှ မန္တလေးနဲ့ စစ်ကိုင်းကို ဆက်သွားမှာပါ။

ဒါဆိုရင် စစ်တပ်နဲ့ ဆိုင်ရာဝန်ထမ်းတွေ သုံးပြီးရင်တော့၊ ပိုလျှံတဲ့ ပစ္စည်းတွေကို ကျန်ရှိသူတွေကတစ်ဆင့် စစ်တပ်ထောက်ခံသူတွေကို မျှဝေဖို့ ရှိပါတယ်။

ဒုတိယရထားတဲ့ အလှူငွေတွေကို ဘာလုပ်မှာလဲ။

ဒီအလှူငွေတွေက အများစုက မအလနဲ့ နီးစပ်တဲ့ နိုင်ငံတွေက လှူထားတာပါ။ ဒါတွေကို စာရင်းစစ်မယ့် အခြေအနေမရှိပါဘူး။ ဒီငွေတွေကို လောလောဆယ် ညွှန်ကြားထားတာက ပျက်စီးသွားတဲ့ နေပြည်တော်စစ်ရုံးရုံးချုပ်ထဲက အဆောက်အအုံတွေ ပြန်လည်ထူထောင်ရာမှာ သုံးဖို့ပါ။ ပြီးရင် ရလာတဲ့ ဘတ်ဂျက်နဲ့ ပြန်အစားထိုးမလား၊ ဘာလုပ်မလဲ မပြောတတ်ပါဘူး။ ဒါကြောင့် ဒီပိုက်ဆံတွေက ပြည်သူထံ မရောက်ဖို့တော့ သေချာသလောက်ရှိပါတယ်။

တတိယက အနောက်နိုင်ငံတွေက ပေးတဲ့ အကူအညီတွေပါ။ ဒါတွေကလည်း ကုလသမဂ္ဂကတစ်ဆင့် သွားရမှာပါ။ ကုလသမဂ္ဂက သွားရာမှာ မအလလက်‌ အောက်က အရပ်ဒေသတွေမှာသာ လှူရမယ်လို့ သတ်မှတ်ထားပါတယ်။ ဥပမာ ကုလသမဂ္ဂအဖွဲ့တွေက NGO ကတစ်ဆင့် လှူချင်ရင်လည်း၊ ပြည်တွင်းက ကျန်ရှိတဲ့ NGO/CSO တွေ တဆင့်သာ သူတို့နဲ့ အဆင်ပြေတဲ့ လူတွေကိုသာ လှူရမှာပါ။ လှူတဲ့ ဒေသရွေးချယ်ရာမှာ မအလထုတ်ထားတဲ့ သတ်မှတ်ချက်တွေအရ၊ သူထိန်းချုပ်ထားတဲ့ ဒေသဖြစ်ရမယ်၊ NUG မထိန်းချုပ်တဲ့ ဒေသဖြစ်ရမယ်ဆိုတာ ပါဝင်ပါတယ်။ ဒါကြောင့် သူထိန်းချုပ်တဲ့ ဒေသမှာ ကြံ့ဖွတ်ကနေတစ်ဆင့် လှူခိုင်းဖို့ ဦးစားပေးစီစဉ်ထားပါတယ်။

ဒီလိုစီစဉ်ရတဲ့ ရည်ရွယ်ချက်က အဆိုပါ အလှူတွေကြောင့် မအလနဲ့ သူ့မိတ်ဖက်ပါတီတွေ၊ အဖွဲ့စည်းတွေ လူကြိုက်များလာအောင် လုပ်ဖို့ပါ။ ဒါကြောင့် ဒီကနေ နိုင်ငံရေးအကျိုးအမြတ်ရအောင် သေချာစီစဉ်ထားတာပါ။

အခုရေးထားတာတွေကို ကြည့်ရင် သာမန်ပြည်သူကို ကူညီဖို့ အစီအစဉ်မရှိတာကို တွေ့ရမှာပါ။ မင်းကလည်း “ဟုတ်ပါ့မလား” လို့မေးရင်၊ ဒါက မအလနဲ့ သူ့ရဲ့ စစ်တပ်ပြည်သူတွေအတွက် စေတနာမရှိတာပါ။ စေတနာမရှိလို့ နိုင်ငံခြားက လှူသမျှ နေပြည်တော်မှာ ပုံနေတာပါ။ စစ်တပ်ရဲ့ ရွေးချယ်စီစစ်ယူဆောင်မှုကို စောင့်နေရလို့၊ ဥပမာ လိုအပ်တဲ့ မီးစက်တွေ၊ ဆိုလာနဲ့အလုပ်လုပ်တဲ့ အင်ဗာတာတွေအစရှိတဲ့ ကောင်းတဲ့အရာတွေကို စိစစ်ရွေးချယ်နေလို့ မလိုအပ်ပဲ ကြာနေတာပါ။

မအလက ပြည်သူတွေအတွက်မပြောနဲ့၊ သူ့စစ်တပ်ထဲမှာတောင် အိမ်သာကို အမြန်မဆောက်ပေးနိုင်ပါဘူး။ သူ့ဝန်ထမ်းတွေကိုတောင်မှ အိမ်သာကို အမြန်မဆောက်ပေးနိုင်ပါဘူး။ ဒါက လက်ရှိအခြေအနေပါ။

မအလနဲ့ သူ့ရဲ့ စစ်တပ်က အတိတ်မှာလည်း ပြည်သူအပေါ် စေတနာမရှိခဲ့သလို၊ ပစ္စုပ္ပန်မှာလည်း ပြည်သူကို စေတနာမရှိတာကို ကိုဗစ်နဲ့ စစ်ကိုင်းငလျင်မှာ ပေါ်ပေါ်တင်တင် တွေ့လိုက်ရပါပြီ။ ဒီလို မအလရဲ့ ဖက်ဆစ်တပ်အပြုအမူက အနာဂတ်မှာလည်း ပြည်သူကို စေတနာရှိမှာ မဟုတ်ပါဘူး။ ပြည်သူတွေက ရွေးကောက်ခံ ပြည်သူ့အစိုးရအမိန့်ကို နာခံတဲ့ စစ်တပ်မျိုးသာ ပေါ်ပေါက်လာမှ တိုင်းပြည်က ကောင်းစားမှာပါ။

ဒါကြောင့် စစ်ကိုင်းငလျင်အတွက် လှူတာထက်၊ စစ်ကိုင်းငလျင်ထက် ဆိုးတဲ့ မအလကို တိုက်ဖို့ ဦးစားပေးပြီး၊ သူ့ကို တိုက်ခိုက်နေတဲ့ PDF ကို ပိုမိုထောက်ပံ့ပေးကြပါ။ မအလကို မဖြုတ်နိုင်ရင် ကိုဗစ်၊ စစ်ကိုင်းငလျင်နဲ့ နောက်မုန်တိုင်းတွေမှာလဲ တိုင်းပြည်က ဒုက္ခဆက်ရောက်နေအုံးမှာပါ။ ဒါကြောင့် PRF ကနေ NUG အောက်က PDF ကို ဆက်လှူပေးကြပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page