top of page
Search

မအလက ကြောက်သော ဆရာဇော်ဝေစိုးနဲ့ ကိုမင်းကိုနိုင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 10, 2021
  • 1 min read

မအလဟာ ကိုမင်းကိုနိုင်က အမေစုအပြီးမှာ ဩဇာအရှိဆုံးလူဆိုတာသိပါတယ်။ ဒါ့ကြောင့်လဲ ဝင်ဖမ်းခဲ့ပါတယ်။ သူကလွတ်သွားလို့ သူ့ကိုကိုင်တွယ်တဲ့ စရဖ ယခုအဖမ်းခံ အစစ်ခံနေရပါပြီ။ နောက်သူမထင်ထားတာက ဆေး (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးပါ။ စစချင်း CDM က ဆရာဝန်တွေကြားထဲမှာ စလိုက်တာပါ။ သူတို့အချင်းချင်း ခေါင်းဆောင်မရှိဘဲ အာဏာသိမ်းတာကို မခံနိုင်လို့ စလိုက်ကြတာပါ။ နောက်ပိုင်းမှာ မအလက ဆရာဝန်တွေကို လိုက်ဖမ်း၊ သတင်းဌာနကနေ ကလေးကလား အပုတ်ချတာတွေ လုပ်ရာကနေ လူတွေက ရှောင်တိန်းကုန်ပြီး CDM က နောက်ပြန်လှည့်စရာ မလိုတော့လောက်အောင် အောင်မြင်သွားခဲ့ပါတယ်။ ဒီနေရာမှာ အဘဘောမအချို့က အုပ်ချုပ်ရေးဟာနေပြည်တော်မှာမိုလို့ မထိခိုက်ကြောင်း ဥပမာအနေနဲ့ လူဝင်မှုကြီးကြပ်ရေးကို ပြောသွားပါတယ်။လူဝင်မှုကြီးကြပ်ရေးဟာ ဘာမှဝင်ငွေရှာနေတာမဟုတ်လို့ သူတိူ့အလုပ်လုပ်နေလဲ ဘာမှမထူးပါ။

ဒါပေမယ့် လျှပ်စစ်၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဘဏ်တွေက CDM လုပ်တာဟာ အင်မတန်အောင်မြင်လာခဲ့ပါတယ်။ လက်ရှိဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးဟာ ဆရာပီပီ အသင်ပြကောင်းသူစကားပြောကောင်းသူပါ။ သူ့နောက်လိုက်တပည့်တွေလဲ များစွာရှိပါတယ်။ ဆရာကြီးဟာ အရိုးအထူးကုဆရာဝန်ကြီးဖြစ်ပြီး ခွဲစိတ်ရာမှာ အလွန်တော်ပါတယ်။ သူဟာ မြန်မာပြည်က ဘွဲ့လွန်တွေအားလုံးအပြင် မြန်မာပြည်က ခွဲစိတ်ကုဆရာဝန်အနည်းငယ်သာရတဲ့ FRCS ကိုလဲ ရရှိခဲ့သူပါ။ ဆရာ့တပည့်များစွာ စစ်ဆေးထဲမှာလဲရှိပါတယ်။ ဆရာကြီးရဲ့ ပညာတွေဘွဲ့တွေဟာ မအလနဲ့ သူ့မိန်းမ၊ သူ့သားသမီးဘွဲ့တွေ အားလုံးပေါင်းတာထက်တောင် များပါတယ်။ မအလဟာ အဓိကကျတဲ့ ဝန်ထမ်းတွေ CDM လုပ်သွားတာဟာ ဆရာကြီးကြောင့်ဆိုပြီး အငြိုးထားခဲ့ပါတယ်။ ဒါ့ကြောင့် သူပိုင်မြဝတီကနေ ဟောင်နေတာပါ။

ဒီနေရာမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ လျှပ်စစ်၊ မီးရထား ကျွမ်းကျင်ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေကိုချက်ခြင်းခန့်လို့မရပါ။ နောက်သူတို့ဟာ ဝန်ထမ်းလစာကိုမက်လို့လုပ်တာမဟုတ်ဘဲ ဝါသနာပါလို့ လုပ်နေကြတာပါ။ ဒီလူတွေကို သူက ပတ်ရမ်းချိန်မှာ လူအများစုက သူတက်နေသရွေ့ CDM ဖြစ်သွားခဲ့ပါတယ်။ ယခင်က မသေချာသူတွေတောင် မအလရဲ့ ယုတ်မာတဲ့ ကြေညာချက်တွေကြောင့် CDM သေချာသွားခဲ့ပါတယ်။ ဆရာဇော်ဝေစိုးဟာ စာသင်တာ၊ ခွဲစိတ်တာ တော်တာမဟုတ်ဘဲ ကိုဗစ်လိုကိစ္စမှာ တီဗီရှေ့ထွက်ပြီး အပြောအဆိုကောင်းကောင်းနဲ့ ဆေးပညာ ခေါင်းဆောင်မှု medical leadership ကိုပေးခဲ့ပါတယ်။ ယခုလဲ သူ့ရဲ့ဩဇာနဲ့ ခေါင်းဆောင်မှုကြောင့် CDM က ပိုအောင်မြင်လာလို့ အငြိုးပိုထားလာတာ တွေ့ရပါတယ်။

အထဲမှာ တပ်တွေဘက်ပြောင်းတာ မရှိသေးပေမယ့် အသေအပျောက်များလာရင် အချင်းချင်းပြဿနာပေါ်မှာပါ။ ဒါ့ကြောင့် သူကအာဏာရူးပြီး အာဏာသိမ်းတာဖြစ်ပေမယ့် ဒုတပ်ချုပ်ကို အပုတ်ချတာတွေကို ပိုတင်လာတာ တွေ့ရမှာပါ။

နိုင်ငံခြားမှာလဲ အမေရိကန်က မြန်မာသံအမတ်တွေ ဘက်ပြောင်းလာနေပြီး ခြံစည်းရိုးခွထိုင်တဲ့အင်္ဂလန်က မိုးကျသံအမတ်ကြီးကိုတောင် သူကပြန်ခေါ်လို့ အင်္ဂလန်သံအမတ်ကြီးလဲ CDM လား ပြန်မလား ရွေးရတော့မှာပါ။ နောက်ပိုင်း နိုင်ငံခြားရေးက ညွှန်ချုပ်ကို သတင်းပေါက်လို့ ဖြုတ်ပြီး ဖမ်းတာက မအလရဲ့ ကြောက်ကန်ကန်နေတာ ရှုံးမဲမဲနေတာကို ပြနေပါတယ်။

မအလဟာ CDM ကို ကြောက်လို့ ငွေကြေးထောက်ပံ့တာကိုဖြတ်ဖို့ စစ်ဆင်ရေးလုပ်ပါတယ်။ ပုံမှန်မှာက စရဖက ထိုးဖောက် သတင်းစုဆောင်းပြီးမှသာ ငွေကြေးလမ်းကြောင်းကို သိမှာပါ။ မအလကတော့အာဏာရူးပြီး သတင်းအမြန်လိုချင်ပါတယ်။ အချိန်တိုအတွင်း ဘာသတင်းမှမရတဲ့ စရဖဟာ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းကို ဝင်သိမ်းပြီး CDM ကိုပေးတဲ့ ငွေဆိုပြီး သတင်းတင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူကပြီးတော့ ဖျက်တယ်ပေါ့။ ဒါက မအလရဲ့ ယုတ်မာမှုနဲ့ ရှုံးမဲမဲမှုဟာ အောက်ဆုံးအထိ ဆင်းသွားတာကို ပြတာပါ။

ယခုဖြစ်နေတာက သူကဖိလေ လူထုက အုံကြွလေပါ။ သူလူငယ်လေးတွေကို လျှော့တွက်ခဲ့သလိုဝန်ထမ်းတွေကိုလဲ လျှော့တွက်ခဲ့ပုံပါ။

CRPH ကလဲ ဒုသမ္မတအထိ ခန့်ပြီးသွားလို့ အရှိန်အဟုန်နဲ့ ဆက်လုပ်နေပါပြီ။ မတ်လကုန်အထိ လူတွေလမ်းပေါ်ထွက်နေရင်တော့ မအလရဲ့ဇတ်သိမ်းခန်းဟာ နီးလာပြီလို့ ပြောလို့ရပါတယ်။

ပြည်သူတွေအနေနဲ့ CRPH၊ ကိုမင်းကိုနိုင်၊ ဆရာဇော်ဝေစိုးတို့ရဲ့ ပြောစကားကို နားထောင်ပါ။ မအလမှာလက်နက်ရှိပေမယ့် ပြည်သူတွေက လက်နက်မပါဘဲ သူ့ကိုခံချနိုင်တယ်ဆိုတာကို ပြထာ:နိုင်တာ မမေ့ပါနဲ့။

ဒီတိုက်ပွဲမှာက ပြည်သူသာ အဓိကပါ။ ကိုယ်ထူကိုယ်ထ တိုက်ရမှာပါ။ နိုင်ငံခြားဆိုတာက သူတို့အကျိုးစီးပွါး ထိခိုက်လာရင် ပြည်တွင်းရေးကို ဝင်စွက်လာမှာပါ။ မအလဲ သူတို့အကျိုးစီးပွါးကို ကာကွယ်မှု မပေးနိုင်ရင် ပြဿနာတက်မှာပါ။ ပြည်သူတွေက ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ လုပ်ဖို့သာလိုပါတယ်။ ပြည်တွင်းကတိုက်ရင် ပြည်ပကလဲ အလိုလိုကူညီရမှာပါ။ အကြမ်းဖက်သမား မအလရဲ့သွားရာလမ်းကတော့ အဝီစိပါဘဲလို့ ပြောပါရစေ။

အရေးတော်ပုံအောင်ရမည်။

 
 
 

Recent Posts

See All
သတင်းလုံပါစေ

စွန်လွှတ်ကြိုးဒရုံးတွေ ဗန်းမော်မှာ သုံးနိုင်ရင် ဒရုံးတားစနစ်ကို ကျော်နိုင်မှာပါ။အထဲမှာ ရဟတ်ယာဉ်နောက်ပိုင်း ကျွန်တော်တို့ သေသည်အထိ...

 
 
 
ဝဋ်

ဗျူဟာမှူးကျ မကျ အစပိုင်းမှာ ဘယ်သူမှ မသိပါဘူး။ ပါသွားတာ သေချာပြီး နှစ်စီးမှာ တစ်စီးက အဆက်အသွယ်ပြတ် တစ်စီးက မြေပြင်ပေါ်ဆင်းရပေမယ့်...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page