top of page
Search

မနက်ဖြန်လမ်းပေါ်ထွက်သင့်မသင့်

Writer: Myat Tun Oo
Myat Tun Oo
Feb 27, 2021
1 min read

လူတိုင်းသေမှာကြောက်ပါတယ်။ အဖမ်းခံရမှာ ကြောက်ပါတယ်။ ဒါသဘာဝပါ။ ဒါပေမယ့် ကြောက်လို့ ဘာမှမလုပ်ရင်လဲ တစ်သက်လုံးကြောက်နေရပြီး အနာဂတ်မဲ့သွားမှာပါ။ ယခုမအလဟာတဖြည်းဖြည်း လက်နက်ကို အကြောက်တရားအဖြစ်သုံးပြီး ပြည်သူတွေ လမ်းပေါ်မထွက်အောင် နည်းမျိုးစုံနဲ့ ခြောက်ဖို့ ကြိုးစားလာတာတွေ့ရပါတယ်။

မနေ့က ကုလရောက် ပြည်သူ့ကိုယ်စားပြု မြန်မာကိုယ်စားလှယ်ရဲ့ ပြောစကားကို အမေရိကန်နဲ့ အင်္ဂလိပ်နိုင်ငံခြားရေးဝန်ကြီးတွေက အသိအမှတ်ပြုပြီး ချီးကျူးထားတာ တွေ့ရပါတယ်။

ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်ရင် ရုရှားမှာ ပြည်သူတွေက အာဏာသိမ်းတင့်ကားကို ပိတ်ဆို့ခဲ့လို့ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့သလို တူရကီမှာလဲ ပြည်သူတွေက တင့်ကားတွေကို ပိတ်ဆို့ တိုက်ခိုက်လို့အာဏာသိမ်းသူပုန်တပ်ကို နိုင်ခဲ့တာပါ။ လစ်ဗျားမှာ ပြည်သူက ကဒါဖီခြိမ်းခြောက်တဲ့ကြားက ပစ်တဲ့ကြားက အသေခံပြီး လမ်းပေါ်ထွက်ခဲ့လို့လဲ နိုင်ငံခြားက လာကူခဲ့ရတာပါ။

အခြားဝေးဝေးကို မကြည့်ပါနဲ့။ မအလကို ICC က ဖမ်းဖို့စလုပ်လာတာ ရခိုင်မှာညီခဲ့လို့ပါ။

ဒါ့ကြောင့် ပြည်သူတွေက ညီညီညာညာနဲ့ အာဏာရှင်ကို တွန်းလှန်ရင် ဒီမိုမြန်မြန်ရမှာပါ။ ဘယ်လောက်ပြည်သူတွေက ဒီမိုရလိုတဲ့ ဆန္ဒပြင်းပြသလဲအပေါ်မှာသာ မူတည်ပါတယ်။ ဒီနေ့အပစ်ခံရတာတွေလူသေတာတွေဟာ မအလအတွက်လဲ သေဖို့နီးလာတာကို ပြတာပါ။

အပစ်များရင် မအလလဲ ပြုတ်ဖို့က နီးစပ်လာမှာပါ။

အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page