top of page
Search

မန်ယူကိုရှုံးတာ ဒိုင်အပြစ်လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 31, 2021
  • 1 min read

ree

စာရေးသူတို့တိုင်းပြည်မှာ မန်ယူအသင်းကို လူတိုင်းကြိုက်ကြပါတယ်။ မန်ယူကအနီရောင်ပါ။ မန်ယူအသင်းနဲ့ တပ်မတော်ဘောလုံးအသင်း ပြိုင်မယ်ဆိုရင် ဘယ်အသင်းနိုင်မလဲဆိုတာ လူတိုင်းသိမှာပါ။ဒါကို မန်ယူနိုင်ပြီး တပ်မတော်ဘောလုံးအသင်းရှုံးတာဟာ ဒိုင်ညစ်လို့ပါဆိုရင် ဒါဟာအဓိပ္ပါယ်ရှိပါ့မလား? ဒါကို ဒိုင်ကရှင်းပေးပါ ညစ်တယ်ဘာညာပြောရင် ရမလား? ဒါကိုမကျေနပ်လို့ပွဲဆူ ခုံတွေိရိုက်ချိုးပြီး ဒီလိုပွဲဆူတာဟာ ဒိုင်ကမရှင်းလို့ဆိုရင် တရားပါ့မလား? ဒိုင်က နိုင်ငံခြားကလာတယ် ဒါပေမယ့်သူက ဖီဖာက အသိအမှတ်ပြုထားတဲ့ဒိုင်။ အဲ့ဒီဒိုင်က နိုင်ငံခြားကလာလို့ မန်ယူအသင်းဘက်ကဘက်လိုက်တယ်ဆိုပြီး ဒိုင်ကိုပြဿနာရှာရင် အဆိုပါအသင်းရော ပြဿနာရှာသူကပါ ရူးလို့ဖြစ်မှာပါ။သူတို့ရဲ့ အကြောင်းပြချက်ဟာ အပေါ်ယံကြည့်ရင်တော့ ဟုတ်သလိုပါ။

ဒီနေရာမှာ အချို့ဝေဖန်ရေးသမားများက ဒီပွဲဟာ ဒိုင်မရှင်းလို့ဆူရတာ ဒိုင်ထွက်ရှင်းလိုက်ရင် ပွဲမဆူဘူးလို့ပြောရင် လက်ခံမလား? ဝေဖန်ရေးသမားတွေအနေနဲ့ ဝေဖန်သင့်တာက ဒီဒိုင်က နိုင်ငံခြားသားဒိုင်ပေမယ့် မန်ယူနိုင်တာဟာ ဒိုင်ညစ်လို့မဟုတ်ဘဲ မန်ယူတော်ပြီး တပ်မတော်ဘောလုံးအသင်းညံ့လို့ဖြစ်ကြောင်း နောက်မန်ယူလိုတော်ခြင်ရင် လေ့ကျင့်ရမှာဖြစ်ကြောင်း ပြောပြဖို့ပါဘဲ။

အားလုံးသိသင့်တာက မိမိအသင်းရှုံးရင် ဘာ့ကြောင့်ရှုံးတာလဲ ပြန်သုံးသပ်ပြီး ပြင်ဆင်ခြင်းကသာနောက်တစ်ပွဲမှာ နိုင်နိုင်မှာပါ။ ဒါပေမယ့် ဒိုင်ကိုအပြစ်တင်နေရင် ကြာနေမှာပါ။ အချို့က ငါတို့နဲ့ပွဲမှာ ဝိုန်းရူနီမပါရင် နိုင်မယ်လို့ထင်ပေမယ့် ယခုပုံကတော့ မန်ယူကိုနိုင်ဖို့က ဒီတစ်သက်မလွဲသေးပါ။ မန်ယူအသင်းက တအားကောင်းနေလို့ ဘယ်သူနဲ့ကန်ကန် နိုင်နေအုံးမှာပါလို့ ကြိုပြောထားပါရစေ။ ဒိုင်ကြောင့်ရှုံးတယ်ထင်ပြီး ကွင်းကိုသိမ်းဖို့ကြိုးစားနေရင်တော့ ကွင်းထဲကအမှိုက်သာ သိမ်းရမှာပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jan 31, 2021

ဦးမြတ်!!! မန်ယူ လီဗာပူးလ် ဘေယန် ဘာစီ အေဂျက် အေစီမီလန်

ဆိုင်ရာလိဂ်မှာတော့ နာမည်တစ်လုံးစီနဲ့။ အားလုံးရဲ့ ဂျာစီဟာ

#အနီရောင်။

မန်ယူကို သရဲနီ။ ပြိုင်ဘက်ကို လန့်အောင်ခြောက်လှန့် နိုင်စွမ်းရှိလို့။

နည်းပြကြီးကိုလည်း ကြည့်ဦးလေ၊ တစ်ရာသီထဲ ဖလားသုံးလုံးပိုက်ထားနိုင်တဲ့နည်းပြ။နှယ်နှယ် ရရမဟုတ်ဘူး။#ဆာရ်ဘွဲ့ နော်။

အဲဒီလောကမှာတော့ သွား မယှဥ်နဲ့။ အရှင်မွေးလို့ နေ့ချင်းကြီးရတဲ့

အသင်းတွေကို စာကို မဖွဲ့ပါ။

သူ့အသင်းသားတွေရဲ့ ခံယူချက်ကိုလည်း ကြည့်ပြန်တော့

**ပေ ၃၀ အကွာက၊ ကိုယ့်လူဆီ ဖြောင့်တန်းအောင် ပေးပို့နိုင်သော ခြေစွမ်း**ကို အထူးဦးစားပေးထားတဲ့အသင်း။ဒီခြေစွမ်းမျိုး မရှိပဲ ဝင်လာရင်တော့ ထည့်ကို မစဥ်းစားတာ။ဒါကြောင့်လည်း မန်ယူဆိုတာ နလံထူဖို့ လွယ်ပါတယ်လို့ ယုံကြည်ကြပြီးသား။

အား ကို လိုမှ၊ ထုတ်သုံးတဲ့ အသင်း။#ဉာဏ်နဲ့ကစားတဲ့အသင်း။ ဉာဏ်ရည်နိမ့်တဲ့ မြောင်းထဲက အသင်း မဟုတ်ပါ။

နည်းပြကြီးကိုတော့ မာန်တက်ပြီး အာ မခံနဲ့၊ ကန်ထုတ်လိုက်လို့ မြောင်းပုပ်ထဲ မြုပ်သွားသူတွေ တပုံတပင်။ အသင်း​ပြောင်းသွားလည်း သတင်းကောင်းဆိုတာ(အာခံပြီး ထွက်သွားသူအတွက်) မရှိ။

မန်ယူ ပရိသတ်ကလည်း သိတဲ့အတိုင်း။ တချိုးအသင်း ပရိသတ်က ဘောလုံးပွဲသာ အားပေးတာ။

~လက်ပစ်ဘောနဲ့ ထောင်ကန်ဘော သဘာဝတောင်နားမလည်

~လက်က ဘောလုံး၊ ဘောလုံးက လက်ကိုလား ဥပဒေတောင် နားမလည်ကြတော့၊ လက်ထိတိုင်းပြစ်ဒါဏ်ဘောတောင်း၊ မရတော့

#ဒိုင်ဘက်လိုက်တယ် တဲ့။

~အသားလွတ် နောက်ကဝင်ပြီး(ရည်ရွယ်ချက် ရှိရှိ)လျောထိုးဖျက်လို့ အနီကတ်အပြခံရရင်လည်း မန်ယူဖက်ကို ဘက်လိုက်တယ်။

ငယ်စဥ်က(ဦးစောသောင်းတင်၊ဦးတင်အောင်/ဂိုး ဒိုင်ဖြစ်ချိန်က)ဘောပဲွဲကြည့်လို့ ပရိသတ်က သူတို့နိုင်စေလိုသောအသင်း မနိုင်ရင် စည်းကြပ်ကို လိုင်ကီး!!!

ယူနိုက်တက် ပရိသတ်ကတော့

နည်းပြကြီးကို လေးစားတော့ ယဥ်ကျေးစွာပဲ အားပေးကြပါတယ်။

နာမည်တောင် ပြောင်းသွားပါပြီ။

သရဲနီမှ #သူရဲနီ။

ရဲစွမ်းသတ္တိနှင့် ဉာဏ်ပညာ အစွမ်း

ရဲရဲတောက် နီ သောကြောင့်။


Like

Albert Wint
Albert Wint
Jan 31, 2021

သူတို့အစားနိုင်ငံသူနိုင်ငံသားပြည်သူတွေရှက်ရ စိတ်ပျက်ရ ဒေါသဖြစ်ရ ခံပြင်းရ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page