top of page
Search

မတရားအသင္းႏွင့္ဆက္သြယ္ရင္

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 23, 2019
  • 1 min read


တိုင္းျပည္တစ္ျပည္မွာဒီမိုစနစ္နဲ႔အစိုးရျဖစ္လာရင္တရားဝင္အစိုးရပါ။သူ႔ကိုျပည္သူကေပးလိုက္တဲ့အာဏာရွိပါတယ္။တရားဝင္မႈရွိပါတယ္။ဒါဟာအာဏာသိမ္းအစိုးရနဲ႔ကြာတာပါ။သူ႔ေနာက္ကေနရဲႏွင့္တပ္ကေနရပါတယ္။ဒါဟာတရားဥပေဒစိုးမိုးမႈပါ။သူကမတရားအသင္းေၾကညာလို႔မဆက္သြယ္ရဆိုရင္မဆက္သြယ္ရပါ။

ျမန္မာျပည္မွာ၁၉၆၂ကေန၂၀၁၆အထိအာဏာသိမ္းအစိုးရျဖစ္ခဲ့လို႔ဒီနိယာမကေျပာင္းျပန္ဆိုသလိုျဖစ္ေနခဲ့ပါတယ္။၂၀၁၆မွာေတာ့ျပည္သူ႔အစိုးရျပန္တက္လာခဲ့ပါတယ္။ဒီေနရာမွာအစိုးရကိုဆန္႔က်င္တဲ့အဖြဲ႕အခ်ိဳ႕ကမတရားအသင္းနဲ႔ဆက္သြယ္ရင္တပ္ကဖမ္းေလ့ရွိပါတယ္။ဥပမာရြာသားေတြကိုဓာတ္ခဲနဲ႔ဆက္သြယ္လို႔ေကအိုင္ေအနဲ႔ဆက္သြယ္လို႔ဆိုၿပီးဖမ္းတာပါ။ဒီေနရာမွာသူပုန္ေထာက္ခံသူအခ်ိဳ႕အေနနဲ႔မႀကိဳက္ေပမယ့္လဲတည္ဆဲဥပေဒအရလက္ရွိအစိုးရဟာဒီမိုတရားဝင္အစိုးရျဖစ္ေနလို႔သူ႔ကိုတိုက္ခိုက္သူနဲ႔ဆက္သြယ္ရင္တရားမဝင္ပါ။ဥပေဒခ်ိဳးေဖာက္ပါတယ္။ယခင္ကေတာ့အာဏာသိမ္းအစိုးရျဖစ္လို႔၂၀၁၆အထိကသူပုန္ႀကီးနဲ႔သူပုန္ေလးအဆင့္ပါ။

ထိုနည္းအတူၿပီးခဲ့တဲ့ရက္ပိုင္းကအဂၤလန္မွာမိဘႏွစ္ေယာက္ကိုသူတို႔သားအၾကမ္းဖက္သမားဆီးရီးယားသြားတာကိုေငြပို႔လို႔ေထာင္ခ်ခံရတယ့္သတင္းဖတ္လိုက္ရပါတယ္။သူတို႔ကမိဘဆိုေတာ့သားသမီးကိုခ်စ္လို႔ဒုကၡေရာက္မွာစိုးလို႔ပို႔တာပါ။ဒါေပမယ့္ဥပေဒကမိဘေမတၱာေတြဘာေတြနားမလည္ပါ။မတရားအသင္းနဲ႔ဆက္သြယ္တဲ့အသင္းဝင္သားကိုေငြပို႔လို႔မတရားအသင္းေထာက္ပံ့မႈနဲ႔သူ႔မိဘေတြကိုေထာင္ခ်ပါတယ္။အေမရိကန္မွာလဲမတရာအသင္းတို႔အၾကမ္းဖက္အားေပးႏိုင္ငံတို႔ထံေငြလႊဲရင္အဖမ္းခံရပါတယ္။သူကစီးပြားေရးပိတ္ထားတဲ့အီရန္နဲ႔စီးပြားေရးလုပ္ရင္အဖမ္းခံရပါတယ္။ဟြာေဝးဖုန္းကုမၸဏီကိုထရမ့္ကအမ်ိဳးသားလံုျခံဳေရးဥပေဒနဲ႔မဆက္သြယ္ရတဲ့အဖြဲ႕ေၾကညာေတာ့YouTube ေတြကိုဟြာေဝးဖုန္းထဲေပးမထည့္ပါ။ဒါဟာတရားဝင္အစိုးရဥပေဒရဲ႕အက်ိဳးသက္ေရာက္မႈပါ။

ထို႔အတူပါဘဲမဘသဟာယခုအခ်ိန္မွာတရားမဝင္အဖြဲ႕အစည္းပါ။သူတရားမဝင္အဖြဲ႕အစည္းျဖစ္ရတာဟာလဲယခင္စစ္အစိုးရလက္ထက္ကထဲကဥပေဒေၾကာင့္ပါ။ေနာက္မဘသဟာတပ္မေတာ္ကအသက္နဲ႔လဲၿပီးကာကြယ္ေစာင့္ေရွာက္မယ္လို႔ေျပာထားတဲ့ေျခဥကိုလဲခ်ိဳးေဖာက္ေနပါတယ္။သူကဘာသာေရးနဲ႔ႏိုင္ငံေရးကိုေရာထားလို႔ပါ။

ဒါကိုဗိုလ္ခ်ဳပ္သတ္ပံုကေငြသြားလႉတာဟာမတရားအသင္းအက္ဥပေဒနဲ႔ၿငိေနပါတယ္။ရြာသားေတြဓာတ္ခဲကိုရိကၡာေထာက္ပံ့သလိုေပါ့။

ဥပေဒနဲ႔ညီမညီဆိုတာျပည္သူကဆံုးျဖတ္သြားမွာပါ။ျပည္သူကေရြးေကာက္ထားသူကိုရန္သူလိုျပဳမူရင္ျပည္သူကလူၾကမ္းလူယုတ္မာလို႔ထင္လာပါမယ္။

ဥပေဒဆိုတာပါးစပ္ရွိတိုင္းေလွ်ာက္ေျပာေနလို႔မရပါ။မသိနားမလည္လို႔ဆိုၿပီးခ်ိဳးေဖာက္လို႔မရပါ။ရြာသားကိုသူကဓာတ္ခဲကိုေထာက္ပံ့လို႔ဥပေဒခ်ိဳးေဖာက္လားေမးရင္သူကမခ်ိဳးေဖာက္လို႔ေျဖမွာပါ။သူ႔မွာလဲဆင္ေျခေပးစရာရွိမွာပါ။ဒါေပမယ့္ဥပေဒကဥပေဒပါဘဲ။ထို႔အတူဗိ္ုလ္ခ်ဳပ္သတ္ပံုကိုေမးရင္လဲရခိုင္ရြာသားလိုမခ်ိဳးေဖာက္လို႔ေျဖမွာပါဘဲ။ဒါေပမယ့္ဥပေဒဟာရြာသားကိုတစ္မ်ိဳးသတ္ပံုကိုတစ္မ်ိဳးလုပ္မရပါ။ဥပေဒအထက္မွာမည္သူမွမရွိရပါ။

တပ္ခ်ဳပ္အေနနဲ႔မတရားအသင္းနဲ႔ဆက္သြယ္ၿပီးေငြေၾကးေထာက္ပံ့သူဗိုလ္ခ်ဳပ္သတ္ပံုကိုအေရးယူေပးပါလို႔တိုက္တြန္းလိုပါတယ္။အေရးမယူရင္ေတာ့တပ္ခ်ဳပ္ကခိုင္းတာလို႔မွတ္ယူရပါမယ္။ဒါဆိုရင္ျပည္သူေတြကဆံုးျဖတ္ပါ။ဆံုးမပါ။

Unicode version

မတရားအသင်းနှင့်ဆက်သွယ်ရင်

တိုင်းပြည်တစ်ပြည်မှာဒီမိုစနစ်နဲ့အစိုးရဖြစ်လာရင်တရားဝင်အစိုးရပါ။သူ့ကိုပြည်သူကပေးလိုက်တဲ့အာဏာရှိပါတယ်။တရားဝင်မှုရှိပါတယ်။ဒါဟာအာဏာသိမ်းအစိုးရနဲ့ကွာတာပါ။သူ့နောက်ကနေရဲနှင့်တပ်ကနေရပါတယ်။ဒါဟာတရားဥပဒေစိုးမိုးမှုပါ။သူကမတရားအသင်းကြေညာလို့မဆက်သွယ်ရဆိုရင်မဆက်သွယ်ရပါ။

မြန်မာပြည်မှာ၁၉၆၂ကနေ၂၀၁၆အထိအာဏာသိမ်းအစိုးရဖြစ်ခဲ့လို့ဒီနိယာမကပြောင်းပြန်ဆိုသလိုဖြစ်နေခဲ့ပါတယ်။၂၀၁၆မှာတော့ပြည်သူ့အစိုးရပြန်တက်လာခဲ့ပါတယ်။ဒီနေရာမှာအစိုးရကိုဆန့်ကျင်တဲ့အဖွဲ့အချို့ကမတရားအသင်းနဲ့ဆက်သွယ်ရင်တပ်ကဖမ်းလေ့ရှိပါတယ်။ဥပမာရွာသားတွေကိုဓာတ်ခဲနဲ့ဆက်သွယ်လို့ကေအိုင်အေနဲ့ဆက်သွယ်လို့ဆိုပြီးဖမ်းတာပါ။ဒီနေရာမှာသူပုန်ထောက်ခံသူအချို့အနေနဲ့မကြိုက်ပေမယ့်လဲတည်ဆဲဥပဒေအရလက်ရှိအစိုးရဟာဒီမိုတရားဝင်အစိုးရဖြစ်နေလို့သူ့ကိုတိုက်ခိုက်သူနဲ့ဆက်သွယ်ရင်တရားမဝင်ပါ။ဥပဒေချိုးဖောက်ပါတယ်။ယခင်ကတော့အာဏာသိမ်းအစိုးရဖြစ်လို့၂၀၁၆အထိကသူပုန်ကြီးနဲ့သူပုန်လေးအဆင့်ပါ။

ထိုနည်းအတူပြီးခဲ့တဲ့ရက်ပိုင်းကအင်္ဂလန်မှာမိဘနှစ်ယောက်ကိုသူတို့သားအကြမ်းဖက်သမားဆီးရီးယားသွားတာကိုငွေပို့လို့ထောင်ချခံရတယ့်သတင်းဖတ်လိုက်ရပါတယ်။သူတို့ကမိဘဆိုတော့သားသမီးကိုချစ်လို့ဒုက္ခရောက်မှာစိုးလို့ပို့တာပါ။ဒါပေမယ့်ဥပဒေကမိဘမေတ္တာတွေဘာတွေနားမလည်ပါ။မတရားအသင်းနဲ့ဆက်သွယ်တဲ့အသင်းဝင်သားကိုငွေပို့လို့မတရားအသင်းထောက်ပံ့မှုနဲ့သူ့မိဘတွေကိုထောင်ချပါတယ်။အမေရိကန်မှာလဲမတရာအသင်းတို့အကြမ်းဖက်အားပေးနိုင်ငံတို့ထံငွေလွှဲရင်အဖမ်းခံရပါတယ်။သူကစီးပွားရေးပိတ်ထားတဲ့အီရန်နဲ့စီးပွားရေးလုပ်ရင်အဖမ်းခံရပါတယ်။ဟွာဝေးဖုန်းကုမ္ပဏီကိုထရမ့်ကအမျိုးသားလုံခြုံရေးဥပဒေနဲ့မဆက်သွယ်ရတဲ့အဖွဲ့ကြေညာတော့YouTube တွေကိုဟွာဝေးဖုန်းထဲပေးမထည့်ပါ။ဒါဟာတရားဝင်အစိုးရဥပဒေရဲ့အကျိုးသက်ရောက်မှုပါ။

ထို့အတူပါဘဲမဘသဟာယခုအချိန်မှာတရားမဝင်အဖွဲ့အစည်းပါ။သူတရားမဝင်အဖွဲ့အစည်းဖြစ်ရတာဟာလဲယခင်စစ်အစိုးရလက်ထက်ကထဲကဥပဒေကြောင့်ပါ။နောက်မဘသဟာတပ်မတော်ကအသက်နဲ့လဲပြီးကာကွယ်စောင့်ရှောက်မယ်လို့ပြောထားတဲ့ခြေဥကိုလဲချိုးဖောက်နေပါတယ်။သူကဘာသာရေးနဲ့နိုင်ငံရေးကိုရောထားလို့ပါ။

ဒါကိုဗိုလ်ချုပ်သတ်ပုံကငွေသွားလှူတာဟာမတရားအသင်းအက်ဥပဒေနဲ့ငြိနေပါတယ်။ရွာသားတွေဓာတ်ခဲကိုရိက္ခာထောက်ပံ့သလိုပေါ့။

ဥပဒေနဲ့ညီမညီဆိုတာပြည်သူကဆုံးဖြတ်သွားမှာပါ။ပြည်သူကရွေးကောက်ထားသူကိုရန်သူလိုပြုမူရင်ပြည်သူကလူကြမ်းလူယုတ်မာလို့ထင်လာပါမယ်။

ဥပဒေဆိုတာပါးစပ်ရှိတိုင်းလျှောက်ပြောနေလို့မရပါ။မသိနားမလည်လို့ဆိုပြီးချိုးဖောက်လို့မရပါ။ရွာသားကိုသူကဓာတ်ခဲကိုထောက်ပံ့လို့ဥပဒေချိုးဖောက်လားမေးရင်သူကမချိုးဖောက်လို့ဖြေမှာပါ။သူ့မှာလဲဆင်ခြေပေးစရာရှိမှာပါ။ဒါပေမယ့်ဥပဒေကဥပဒေပါဘဲ။ထို့အတူဗိ်ုလ်ချုပ်သတ်ပုံကိုမေးရင်လဲရခိုင်ရွာသားလိုမချိုးဖောက်လို့ဖြေမှာပါဘဲ။ဒါပေမယ့်ဥပဒေဟာရွာသားကိုတစ်မျိုးသတ်ပုံကိုတစ်မျိုးလုပ်မရပါ။ဥပဒေအထက်မှာမည်သူမှမရှိရပါ။

တပ်ချုပ်အနေနဲ့မတရားအသင်းနဲ့ဆက်သွယ်ပြီးငွေကြေးထောက်ပံ့သူဗိုလ်ချုပ်သတ်ပုံကိုအရေးယူပေးပါလို့တိုက်တွန်းလိုပါတယ်။အရေးမယူရင်တော့တပ်ချုပ်ကခိုင်းတာလို့မှတ်ယူရပါမယ်။ဒါဆိုရင်ပြည်သူတွေကဆုံးဖြတ်ပါ။ဆုံးမပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page