top of page
Search

မတ် ၂၇ အပြီး PDF ကို မအလရှင်းနိုင်မှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 13, 2022
  • 1 min read

နေပြည်တော်ကနေ စစ်ကိုင်းက PDF တွေကို အပြတ်ရှင်းဖို့ အမိန့်ထုတ်တာကတော့ ခဏခဏပါ။ပထမ နိုဝင်ဘာ၊ နောက် ဇန်နဝါရီ၊ ယခုကတော့ မတ်လ ၂၇ ရက်နေ့ပါ။ မအလရဲ့ တွက်ဆချက်က ကယားနဲ့ ချင်းဟာ နယ်စပ်နဲ့နီးနေလို့ အမြစ်ပြတ်ချေမှုန်းဖို့ ခက်ခဲမယ်လို့ သုံးသပ်ထားပါတယ်။ ဒါဆိုရင်စစ်ကိုင်းကို ဘာလို့မဲလဲဆိုတော့ ဗမာနယ်ဖြစ်ပြီး သူ့ကို ဒုက္ခအပေးဆုံးမိုလို့ပါ။ နောက်စစ်ကိုင်းက မြန်မာ့သမိုင်းနဲ့ ဆက်စပ်နေတာမိုလို့ ဘုရင်ရူးရူးတဲ့ မအလက စစ်ကိုင်းရှုံးရင် သူရှုံးသလို တွက်ထားလို့ပါ။နောက်အရေးကြီးတာက စစ်ကိုင်းက ဗျူဟာအရ အရေးပါလို့ပါ။ ဒါဆိုမအလက သူတွက်ထားတဲ့အတိုင်း စစ်ကိုင်းက PDF ကို မတ်လ ၂၇ ရက်မှာ အပြီးပြတ်နိုင်မှာလား?

ယခုစစ်ကိုင်းမှာ ရွာတွေကို ဆိုင်ဆိုင် မဆိုင်ဆိုင် မီးရှို့တာ၊ လူသတ်တာ၊ မုဒိမ်းကျင့်တာတွေက အားလုံးသိပြီးဖြစ်မှာပါ။ ဒီလိုရွာတွေကို မီးရှို့နိုင်တာနဲ့ စစ်ပွဲအနိုင်အရှုံးကို ဆုံးဖြတ်ရင်တော့ မအလက မီးတွေအများကြီး ရှို့နိုင်နေတာမိုလို့ နိုင်နေတယ်လို့ အပေါ်ယံထင်ရမှာပါ။ မအလအောင်မြင်တာဆိုလို့စည်တော်ကို ဖြုတ်ချတာသာ ရှိပါသေးတယ်။

ဒါပေမယ့် မအလတပ်ဟာ မြေပြင်မှာ အကြာကြီးစခန်းချပြီး မနေနိုင်ပါဘူး။ နောက်သူတို့ရွာတွေကိုမီးရှို့အပြီး ကူးပြောင်းချိန်မှာ မအလတပ် မိုင်းဆွဲခံရလို့ သေနေတာတွေ ထောက်ပို့ဖြတ်တောက် မိုင်းဆွဲတိုက်ခံရလို့ သေနေတာတွေ ဒဏ်ရာရနေတာတွေက နေ့စဉ်ပါ။ ဒီဟာက ရွာတွေကို မီးရှို့လိုက်တာနဲ့မရပ်သွားပါ။ ထိုဒေသက PDF တွေ ပြည်သူတွေရြ့စိတ်ဓာတ်က ဖိလေကြွလေသာ ဖြစ်သွားတာတွေ့ရပါတယ်။ အဓိကက သူတို့ထံမှာ လက်နက်အကြီးအကျယ်မရှိသေးပေမယ့် ရန်ကုန် မန္တလေးက လူအများစုလို လက်နက်လုံးဝမရှိတာမဟုတ်လို့ သူတို့စိတ်က မာပါတယ်။ နောက် အဆိုပါဒေသတွေက မြို့ကြီးတွေမှာလို လူမျိုးစုံ ရောနှောနေတာမဟုတ်ဘဲ ဗမာအများစုရှိတဲ့နေရာပါ။ ထိုဒေသကလူတွေကတိုက်ရဲခိုက်ရဲ သေရဲပြီး မုန်းပြီဆို အသေဗျင်းတာပါ။ ယခု မအလတပ်ရဲ့ မီးရှို့တာရဲ့အကျိုးဆက်ကသိကြားမင်းကဆင်းပြီး ငြိမ်းချမ်းရေးစကားပြောရင်တောင် ရှင်းမရလောက်အောင် ခံစားချက်ပြင်းသွားစေတာပါ။ နောက်ထိုဒေသကလူတွေက နယ်စပ်ကိုပြေးသွားတာမဟုတ်ဘဲ အဆိုပါဒေသထဲမှာသာနေပြီး ပြန်ခံချနေတာပါ။

ဒုတိယအချက်က စစ်ကိုင်းဟာ နယ်မြေအင်မတန်ကျယ်ပါတယ်။ ထိုဒေသကို စိုးမိုးဖို့က မအလစစ်အင်အားအများကြီးလိုပါတယ်။ ဒီနေရာမှာ သူများဒေသကိုသွားပြီး မီးရှို့တာနဲ့ နယ်မြေစိုးမိုးတာ ကွာပါတယ်။ ဥပမာအနေနဲ့ ရန်ကုန်က အဘသားသမီးတွေတက်တဲ့ TTC ကျောင်းကို ဗုံးခွဲတာ၊ မီးရှို့တာမျိုးကို လုပ်ပြရတာ လွယ်နိုင်ပေမယ့် ရန်ကုန်ကို စိုးမိုးဖို့က စခန်းချတပ်စွဲထားပြီး ကင်းလှည့်နေရမှာပါ။ ဒီလိုမျိုးလုပ်နိုင်ဖို့က မအလမှာ လူအင်အားမရှိပါ။

တတိယအချက်က ဒေသခံ PDF တွေရဲ့ တိုက်ရည်ခိုက်ရည်ပါ။ စစ်ပွဲတွေကို လေ့လာကြည့်ရင် PDF တွေရဲ့ ဗျူဟာက တစ်နေ့ထက်တစ်နေ့ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတာတွေ့ရပါတယ်။ အများစုကလဲ NUG နဲ့ ချိတ်ဆက်နိုင်လာတာ တွေ့ရပါတယ်။ ဒါကြောင့် သူတို့ဟာ ကြာလေစစ်သားပီသလာလေတိုက်တာပိုတော်လာလေသာ ဖြစ်လာမှာပါ။ ငွေကြေးထောက်ပံ့တာလဲ ပိုရလာမှာပါ။

စတုတ္ထအနေနဲ့ လက်နက်ကလဲ တစ်လထက်တစ်လတော့ ပိုကောင်းလာနေပါတယ်။ ဒါကြောင့် သူတို့သက်တမ်းကြာလာလေ လက်နက်ပြည့်စုံလာလေ ဖြစ်လာမှာပါ။ ယခုတောင် မအလက PDF ကို အနိုင်မတိုက်နိုင်လို့ လက်နက်ပြည့်စုံလာတဲ့ PDF ကို ဘယ်လိုမှ မနိုင်နိုင်ပါ။

အကျဉ်းချုပ်ရရင် မအလတပ်က စစ်ကိုင်း PDF ကို မတ်လ ၂၇ ရက်နေ့နောက်ဆုံးထားပြီး ဘယ်လိုမှ မနိုင်နိုင်ပါ။ လောင်းကြေးထပ်ရဲပါတယ်။ မတ်လမပြောနဲ့ ၂၀၂၂ ဒီဇင်ဘာ ၃၁ အထိလဲ မနိုင်နိုင်ပါလို့ကြိုပြောထားပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page