top of page
Search
  • Writer's pictureMyat Tun Oo
မင်းလူအုပ်ထက်ငါ့လူအုပ်ကပိုများတယ်
လူအုပ်များလားနည်းလားစာရေးသူအငြင်းမပွားလိုပါ။အချို့သတင်းသမားများကလူအုပ်တွက်တဲ့နည်းပညာအားနည်းတာလဲပါသလိုသူကအမှန်ရေးပြီးကိုယ်တွေကလက်မခံနိုင်တာလဲပါနိုင်ပါတယ်။အချို့ကတော့အဘမျက်နှာကြောင့်အဘလူအုပ်ကိုပိုပိုသာသာတွက်တာလဲပါပါမယ်။
ယခင်ကဆိုလူအုပ်တွေပြိုင်ကြတယ်။အဘထောက်ခံတယ့်ဝီဝီတို့ဖွတ်တို့ကလဲဟိုမြို့လုပ်လိုက်၊ဒီမြို့လုပ်လိုက်နဲ့ဆိုတော့သူ့ကိုထောက်ခံသူတွေများသလိုလို။ဒါပေမယ့်သူ့ဟောပြောသူတွေကဒီလူတွေဘဲ။ဒါနဲ့အဘကကိုနေမျိုးဇင်တို့၊ကိုမင်းထင်ကိုကိုကြီးတို့ကိုစွဲထည့်လိုက်တယ်။ရည်ရွယ်ချက်ကခြေဥပြင်လိုသူတွေကိုဟောပြောသူမရှိအောင်ပါ။ဒါကအကွက်မှားသွားပြီးဒီဘက်ကဒီမိုစာရေးဆရာတွေပါလာတယ်။
ဒါပေမယ့်၁၇/၇ခြေဥထောက်ခံပွဲကတော့တကယ့်ကိုဓမ္မကအင်အားပြလိုက်တဲ့အဆုံးအဖြတ်အချိန်လို့ပြောလို့ရပါတယ်။ရန်ကုန်ခြေဥပြင်တာထောက်ခံပွဲနဲ့ညနေဖွတ်ပွဲရဲ့လူအုပ်ကိုအနည်းအများငြင်းလို့ရသလိုရှိပေမယ့်NLDရဲ့ခြေဥပြင်ဖို့ထောက်ခံပွဲကိုတစ်နေ့ထဲမြို့ပေါင်းစုံမှာNLD ကဦးဆောင်မစီစဉ်ဘဲပြည်သူတွေကသူတို့အသိနဲ့စီစဉ်ပြီးမြို့၂၀ကျော်မှာလုပ်သွားချိန်မှာဖွတ်မဘသတပ်ပေါင်းစုဟာနှစ်မြို့မှာတောင်အနိုင်နိုင်လုပ်ရတာသွားတွေ့ပါတယ်။အဲ့ဒီမှာဆီနဲ့ရေလိုကွာသွားတာပါ။
ပြည်သူမပါလို့ငွေ၊ပို့ဆောင်ရေးနဲ့နေ့စားခကအကုန်အကျများပါတယ်။သူကဖွတ်၊မဘသ၊စစ်မှုထမ်းဟောင်း၊တစညပါတီတွေအပေါ်အခြေခံပြီးနေစားလေးတွေထပ်ထည့်ပြီးလူများအောင်လူစုရတာပါ။
ဒီနေ့မန္တလေးပွဲကတော့အခြားဖွတ်ပွဲတွေထက်အဆများစွာသာလွန်သွားခဲ့ပါတယ်။
ပြည်သူတွေရဲ့ဆန္ဒကိုပြလိုက်တာပါ။
မင်းလူအုပ်ထက်ငါ့လူအုပ်ကပိုများတယ်လို့ပြောချင်ပါတယ်။
ဓမ္မဟာနောက်ဆုံးမှာအောင်ပွဲခံရမှာပါ။
Photo credit: original uploader
149 views0 comments
Recent Posts
See All
လူမျိုးရေးမပါစေနဲ့
စစ်အကြောင်းပြောရာမှာ  လူမျိုးရေး မပါစေပါနဲ့ ဗမာမှာ မအလလို စစ်ခွေးရှိသလို ခွေးဖြစ်လိုတဲ့ပျူရွာတွေ၊ အာဏာကိုအချောင်လိုချင်တဲ့ တတိယအုပ်စုတွေရှိပါတယ် ရှမ်းနီတပ်ဆိုတာ မအလဘောမ ပအို့မှာလဲ ပျူတွေရှိသလို ရှမ်းမ
bottom of page