top of page
Search

မင်းမင်းထွန်းမှပြောသော ငြိမ်းချမ်းရေးနှင့် ဝဋ်လည်မှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 12, 2024
  • 1 min read

ဝဋ်လည်မယ်လို့ပြောရင် အချို့က ယုံသူ မယုံသူရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်ဘာသာမှာမဆို မိမိလုပ်ရပ်ကို အဆုံးအဖြတ်ခံရမယ့်နေ့တွေ ရှိတတ်ပါတယ်။ မအလဟာ ကိုးကန့်ကိစ္စနဲ့ ရာထူးတက်လာခဲ့သူပါ။  MNDAA၊ AA က ယခင်က NCA လက်မှတ်ထိုးဖို့ဆွေးနွေးပွဲတက်လိုတာတွေကို ဘစိန်လက်ထက်ကလဲ မအလက ကန့်လန့်တိုက်ခဲ့သလို DASSK လက်ထက်မှာလဲ ကန့်လန့်တိုက်ခဲ့သူပါ။ သူကန့်လန့်တိုက်ခဲ့တဲ့ တင်းတင်းမာမာဆက်ဆံခဲ့တဲ့အဖွဲ့တွေက သူပြုတ်အောင်အထိ ယခုအချိန်မှာ ဖြစ်လာမယ်လို့ ဘယ်သူကထင်ခဲ့မှာပါလဲ? သူကိုယ်တိုင်တောင် ထင်ထားမယ်မထင်ပါ။

ဒီနေရာမှာ ဗိုလ်မှူးချုပ်မင်းမင်းထွန်းဟာ အာဏာသိမ်းချိန် နေပြည်တော်မှာရှိနေခဲ့သူပါ။ သမ္မတအိမ်တော်ကိုစီးရာမှာ အမတ်တွေကိုဖမ်းရာမှာ ဆန္ဒပြပွဲနှိမ်နင်းရာမှာ စစ်ဦးမှူး ပထမတန်းအနေနဲ့ ညှိနှိုင်းပါဝင်ခဲ့သူပါ။ အောက်ခြေအဆင့်ကပေါ့။ သူ့ရဲ့ကိုယ်ရေးမှတ်တမ်းကိုကြည့်ရင် သူက ဘာမှ စစ်မတိုက်တတ်ဘဲ ရာထူးတက်လာခဲ့သူပါ။ သူဟာ အဘခိုင်းတာလုပ်တတ်လို့ အာဏာသိမ်းအပြီး ရာထူးတက်သူပါ။ ယုံကြည်ရသူတွေကို ရာထူးတိုးပေးခဲ့တာပါ။ သူဟာ တိုင်းမှူးအဆင့်နားပါ။ သူ့ကိုလက်ထိပ်ခတ် အစောင့်နှစ်ယောက်နဲ့ မအလကိုအသုံးမကျဘူးပြောတာဟာ အာဏာသိမ်းပြီးခါစ ကွီးဖြိုးကို DASSK ကိစ္စပြောခိုင်းတဲ့ ဗီဒီယိုကို အမှတ်ရစေပါတယ်။ ထိုစဉ်က အရပ်သားဝန်ကြီးချုပ်နဲ့ သူ့ဇနီးပါ မအလတို့က နှိပ်စက်ခဲ့ကြတာပါ။ ကွီးဖြိုးဗီဒီယိုထဲမှာ သူ့ဇနီးနဲ့ လက်နက်ကိုင်ကို TNLA လို ထည့်မရိုက်ထားတာသာ ကွာပါတယ်။ သူ့အမျိုးသမီးဆို ခေါင်းပိုမာလို့ ပိုနှိပ်စက်ခဲ့ပါတယ်။ သတ်တော့ မသတ်ရဲခဲ့ပါ။ မအလက သူ့မြေးမတွေ ဘဝပျက်မှာစိုးလို့ မသတ်ရဲတာပါ။ ထိုခြိမ်းခြောက်သူကို မအလက တပ်ထဲမှာရှားပြီးလိုက်ဖမ်းခိုင်းပေမယ့် ယခုအချိန်အထိ မဖမ်းနိုင်သေးပါ။ TNLA က မင်းမင်းထွန်းကိုသာ ဖမ်းတာဖြစ်ပြီး သူ့မိန်းမနဲ့ သူ့အမေကို လှမ်းဒုက္ခမပေးသေးပါ။ ဒါက သုံးနှစ်မပြည့်ခင် မအလဝဋ်လည်တာလို့ ပထမအဆင့် ပြောရင် ရပါတယ်။ ဒါပေမယ့် မအလဟာ ကိုဂျင်မီတို့ကို လုပ်ခဲ့သလို ဝဋ်လည်ဖို့ ကျန်နေပါသေးတယ်။ ဒါက ဝဋ်အကြောင်းပါ။

ယခုငြိမ်းချမ်းရေးကို ပြန်ဆက်ပါ့မယ်။ မအလဟာ ယခင်ကမတွေ့လိုသူတွေကို တရုတ်ကတဆင့် ခယပြီးတွေ့ရတာဟာ မအလက မာန်လျှော့လိုက်ရတာကို ပြပါတယ်။ ဝဋ်လည်တယ်ပြောရင်လဲ မမှားပါဘူး။ ဒုတိယအချက်က ထိုသဘောတူချက်ကို အခြေခံပြီး ဘောမများက ဒီမိုနဲ့ ညီနောင်သုံးဖွဲ့အကြား သွေးခွဲနိုင်လို့ပါ။ ဘောမတွေ သွေးခွဲတာက အောင်မြင်နိုင်လားဆိုတော့ ဒီနည်းနဲ့ NLD လက်ထက် ပြည်သူနဲ့တိုင်းရင်းသားတိုက်ပေးတာ အခြားဝကခတွေနဲ့တိုက်ပေးတာ အောင်မြင်ခဲ့လို့ သူတို့က ဆက်ကြိုးစားမှာပါ။ ဒီနေရာမှာ အပစ်ရပ်အပြီးမှာ စာရေးသူတို့အတွက် စိုးရိမ်ရမှာလား မေးစရာရှိပါတယ်။ အပစ်ရပ်တာက MNDAA နဲ့ TNLA တို့နဲ့သာပါ။ AA က မြောက်ဦးမသိမ်းနိုင်သေးသရွေ့၊ ပလက်ဝမရသေးသရွေ့ အပစ်မရပ်နိုင်ပါ။ ဒါပေမယ့် MNDAA နဲ့ TNLA က ‘အ’ မယ်လို့မထင်ပါ။ ဝ အပစ်ရပ်ထားတာကိုကြည့်ပါ။ UWSA က အပစ်ရပ်ပြီးတော့ မြို့နှစ်မြို့ကို သိမ်းသွားခဲ့တာ အားလုံးမမေ့ပါနဲ့။

ပြည်သူတွေက ဘာတွေပြင်ထားရမှာလဲ? ပြည်ပကလူတွေအနနဲ့ NUG ရဲ့ PRF ကို ငွေပိုထောက်ပံ့နိုင်အောင် အားထည့်ပေးပါ။ ယခုက လက်နက်တွေရဖို့က ယခင်ကလို မခက်တော့ပါ။ လက်နက်သေးတွေက အလကားရနိုင်ပေမယ့် လက်နက်ကြီးတွေက ဝယ်ရမှာပါ။ ယထင်ကထက်တော့ လွယ်လာနေပါပြီ။ စစ်ဆိုတာက လက်နက်ရှိမှ တိုက်လို့ရတာပါ။ မအလက ထိုးစစ်ဆင်မှာကို သိပ်မကြောက်ပါနဲ့။ ဘာလို့လဲဆိုတော့ MNDAA၊ AA၊ TNLA က အပစ်ရပ်ခဲ့ရင်တောင် သူတပ်တွေအများကြီးကို အဆိုပါဒေသတွေက ဆွဲထုတ်ရခက်လို့ပါ။ ဆွဲထုတ်အပြီးဟိုက ပြန်ဝင်တိုက်ရင် ယခင်ကထက် ပိုရှုံးနိုင်လို့ပါ။ ဥပမာ သူကအပစ်ရပ်လို့ ပြင်ဦးလွင်ကတပ်နုတ်ရင် ဟိုကပြန်တိုက်ရင် ပြင်ဦးလွင်အကျလွယ်သွားနိုင်ပါတယ်။ ထို့အတူ စစ်တွေကတပ်နုတ်ရင်လဲ ထို့အတူပါဘဲ။ MNDAA နဲ့ TNLA ကလဲ မအလကို မြေပြန့်မှာ အလုပ်များအောင် လုပ်ထားနိုင်မှ သူတို့ဆီမလာမှာမိုလို့ ဒီမိုတွေကို ယခင်ကထက်ပိုကူမယ်လို့ ယုံကြည်ပါတယ်။ မအလဗျာများနေဖို့က သူတို့အကျိုးစီးပွါးအတွက်ကလဲ အရေးကြီးလို့ပါ။

ဒီနေရာမှာ တွေ့ဆုံဆွေးနွေးတာကိုလဲ ပြောလိုပါတယ်။ စာရေးသူတို့ဒီမိုတွေထဲမှာလဲ ကိုယ်ကဘာမှမလှူ ဘာမှမလုပ်ဘဲ တွေ့ဆုံဆွေးနွေးတာ မကြိုက်ဆိုသူတွေလဲရှိနေတတ်ပါတယ်။ ညီနောင်သုံးဖော်ကိုတော့ ဒီမိုအချို့က မပြောရဲလို့ မပြောဘဲနေနိုင်ပါတယ်။ ဒီနေရာမှာ NUG အနေနဲ့လဲ မိမိလဲဖိအားကြောင့်ဖြစ်ဖြစ် ဘာကြောင့်ဖြစ်ဖြစ် တွေ့ဆုံရမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိတွေ့ဖို့ပြင်ဆင်ထားရပါမယ်။ မအလကိုဖမ်းပေးမယ် ဘယ်လိုအာဏာလွှဲမလဲ ဘယ်သူ့ကို လွတ်ငြိမ်းချမ်းသာပေးမလဲဆိုတာကို ညှိလိုသူတွေရှိလာနိုင်ပါတယ်။ အချို့နေရာတွေမှာက တိုက်ရင်းဆွေးနွေး၊ ဆွေးနွေးရင်းတိုက်ရမှာပါ။ ပြည်သူကတော့ NUG ကနေ လက်နက်တွေထပ်ဝယ်နိုင်အောင် ယခုလိုအချိန်မှာ ထပ်လှူ ထပ်ကူပေးဖို့သာ တိုက်တွန်းပါရစေ။ မအလရဲ့ ဝဋ်လည်မည့်နေ့များက ရောက်လာတော့မှာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Maung Chit Khaing
Maung Chit Khaing
Jan 13, 2024

Tattaglia's a pimp. He never could've out-fought Santino. But I didn't know until this day that it was Barzini all along.


Tattaglia's = ကိုးကန့် Barzini = တရုတ်

Edited
Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page