မင်္ဂလာရှိသောနေ့တစ်နေ့
- Myat Tun Oo
- Jan 27, 2021
- 1 min read
မနေ့က အမင်္ဂလာတွေပေးအပြီးမှာ ဒီနေ့ကတော့ မင်္ဂလာတွေနဲ့ ပြည့်နေပါတယ်။ မနေ့ညက ဝရမ်းပြေးကျော်မြင့်ကို ဖမ်းမယ်ဆိုတာ ကြိုသိလိုက်ပေမယ့် ထွက်ပြေးသွားမှာစိုးလို့ လုံခြုံရေးအရ မတင်ခဲ့ပါ။ ဒီနေ့ မနက်မှာတော့ ဖမ်းမိတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပြီး တရားဥပဒေစိုးမိုးမှု အနည်းငယ်ရှိလာခဲ့ပါပြီ။
နောက် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး နေရာစုံမှာ ကာကွယ်ဆေးထိုးနေတဲ့ မြင်ကွင်းဟာ အင်မတန်မှကြည်နူးစရာကောင်းပါတယ်။ မြန်မာပြည်ဟာ ယခုလိုကာကွယ်ဆေးကို မဝယ်ဘဲ ရခဲ့သလို ဦးစားပေးနိုင်ငံအနေနဲ့ ရခဲ့တာက DASSK ရဲ့ ဦးဆောင်မှုဆိုတာကတော့ ငြင်းမရပါ။
ယခုကာကွယ်ဆေးထိုးရာမှာလဲ သူက သူနာပြုဆရာမကို စထိုးပေးပြီး နိုင်ငံတစ်ခုရဲ့ တရားမျှတမှု၊သာတူညီမျှမှုကို ပြသွားခဲ့ပါတယ်။ ဝန်ကြီးကတောင် နောက်မှာ စနစ်တကျ တန်းစီလို့ပါ။ တပ်ထဲမှာကတော့ အပွင့်ပေါ်မှာမူတည်ပြီး ရုရှားဆေးကို ထိုးရတာပါ။
အစိုးရဟာ တရုတ်ဆေးကိုလဲ သက်သေအထောက်အထားတွေ ထွက်လာပြီးရင်တော့ သုံးမှာပါ။အားလုံးဟာ ဆေးပညာအချက်အလက် အထောက်အထားပေါ်မှာ မူတည်ပြီးသာ ဆုံးဖြတ်ပြီး ပြည်သူရဲ့ အသက်ကို အလေးထားတာကိုလဲ ယခုကိုဗစ်ကာကွယ်ဆေး ရွေးချယ်ပုံက သက်သေပြသွားခဲ့ပါတယ်။
အားလုံးဟာ အင်မတန်မှ မင်္ဂလာရှိပါတယ်။






























အရမ်းကို မဂ်လာရှိပါတယ်ဆရာ။ Very proud for my country!