top of page
Search

မကွေးလေတပ် ပေါက်ကွဲမှု

Writer: Myat Tun Oo
Myat Tun Oo
Aug 14, 2021
1 min read

ဒီမိုတွေကို မအလဖက်ဆစ်တပ်က အကြမ်းဖက်ဖြိုခွဲအပြီး ပြည်သူတွေက ခံချကြပါတယ်။ဒါကို မြေပြင်တပ်တွေနဲ့ ထိုးစစ်ဆင်ရာမှာ ကယားမှသည် မင်းတပ်အထိ မအလတပ်တွေအခြေအနေ မကောင်းခဲ့ပါ။ ကချင်နဲ့ ကရင်လို အဆင်အလာရှိတဲ့ နေရာမှာတော့ ရှုံးတာဟာမဆန်းတော့ပါ။ ဒီနောက်ပိုင်း ပဲခူးတပ်ထဲမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး မအလက သတင်းအမှောင်ချခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်မှာတော့ သံသယဖြစ်ဖွယ်ရာလူကို ဘာမှမကြေညာခဲ့ပါ။

ဩဂုတ်လက မကွေးလေတပ်စခန်းပေါက်ကွဲတာကတော့ အထိနာစေခဲ့ပါတယ်။ သိရသလောက် Air Hangar ထဲက တရုတ်နိုင်ငံထုတ် F7 တစ်စင်းအနည်းဆုံး လုံးဝပျက်စီးခဲ့ပါတယ်။ အခြားအနီးအနားက လေယဉ်အချို့လဲ မီးကူးစက်သလိုမျိုးကြောင့် ပျက်စီးခဲ့ပါတယ်။ စပေါက်ချိန်မှာ အပြင်က မီးသတ်မခေါ်ခဲ့လို့ ပျက်စီးမှု များသွားခဲ့ပါတယ်။

အဆိုပါကိစ္စမှာတော့ ဘယ်သူက ဘာလုပ်တာလဲ မသဲကွဲပါ။ အပြင်ကလူက ဗုံးထောင်တာလား အထဲကလူက ခွဲတာလား ပြဿနာတွေ များစွာတက်ခဲ့ပါတယ်။ အချို့ကိစ္စကတိုးတိုးတိတ်တိတ် မီးငြိမ်းလို့ ပိုပျက်သွားတာလား သူတို့မသဲကွဲပါ။ သေချာတာက လေယဉ်ပျံဟာ ရန်သူပစ်ချလို့ မပျက်ဘဲ မြေပြင်ပေါ်မှာ KIA, KNU ကြောင့်မပျက်ဘဲ PDF လားဖရဲသီးကြောင့်လား မသိလို့ ခံရခက်နေပါတယ်။

အဓိကပြဿနာက တပ်တွင်းဖရဲသီးကြောင့်ဆို နောက်ထပ်ထပ်ပျက်ဖို့ ရှိနေပါသေးတယ်။ ဒါ့ကြောင့် ကာကွယ်ရေးဦးစီးချုပ်လေ မောင်မောင်ကျော်ကိုယ်တိုင်လာပြီး မုန့်ဟင်းခါးကျွေးတာပါ။ လောလောဆယ် ခုံရုံးဖွဲ့စစ်နေပါတယ်။ လေတပ်စခန်းမှူးကတော့ ပြုတ်/ အရပ်ဖက်အပြေင်းခံရဖို့ သေချာပါတယ်။

ဘာထူးသလဲမေးသူများ ဒါထူးပါတယ်။ D Day မစသေးပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 14, 2021

ဦးမြတ်!!ဆောင်းပါးပါ အချက်အလက်များအရ သည်ခရီး နီးပါပြီ။

လျှောက်ခဲ့သမျှတွေ ပေါက်ခဲ့ပါပြီ။

ဟူ၍သာ


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page