top of page
Search

မေမေ့ရဲ့သားနိုင်တယ်

Writer: Myat Tun Oo
Myat Tun Oo
Jun 7, 2020
1 min read

ရန်ကုန်တိုင်းလွှတ်တော်မှာ တပ်၊ ကြံ့ဖွတ်နဲ့ PPP ပါတီမှ အယုံအကြည်မရှိအဆိုတင်ခံရသူ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား အပြည့်အဝထောက်ခံရင်း ကိုရဲသွင်သီဆိုထားတဲ့ ကောင်းကင်မေမေသီချင်းလေးကို ကွီးရဲ့ တိုင်းပြည်အတွက် လှုပ်ရှားမှုများနဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။

NLD အတွက်ယူတတ်ရင် ကျော်ဇေယျကိုရွေးမှုကနေ သင်ခန်းစာယူလို့ရပါတယ်။

သူရရွှေမန်းကို ရာထူးမပေးခဲ့တာကတော့ မှန်ကန်တဲ့ ဆုံးဖြတ်မှုပါ။

သီချင်းစာသားလေးက ယခု အဖြစ်အပျက်နဲ့ ကိုက်နေပါတယ်။ ထောက်အကြာကြီး မကျဘူးရင် မိုးကျဆို ရှောင်ပါမေမေ။

သီချင်းလေးကတော့ စာသားက အင်မတန် အခြေအနေနဲ့ ကိုက်ညီလို့ပါ။ မဲမပေးရသူများ မဲသွားပေးကြပါ။

——————————

မေမေရဲ့ သားနိုင်တယ်

မေမေရေ ရင်ဆိုင်ပွဲတိုင်း


မေမေရဲ့ သားနိုင်တယ်

အန္တရာယ်တွေရင်နွဲတိုင်း


မေမေရဲ့အားမန်တွေ သားလေးရဲ့သွေးထဲမှာစီးဝင်

အရှုံးပွဲနဲ့တွေ့ဖို့ရာအကြောင်းမမြင်

အားလုံး အောင်ပွဲဆင်


ကြမ်းတမ်းတဲ့ရိုက်ချက်များ

နှလုံးသားထဲအမှတ်တရအားတင်ထား

အောင်ပွဲများလဲ ရရှိမယ် မေမေရယ်


Photo credit: Phyo Min Thein page

Music credit: ကိုရဲသွင်၊ ကိုဇော်ဝင်းထွဋ် (ခွင့်မတောင်းခဲ့တာကို ခွင့်လွှတ်ပါ၊ တိုင်းပြည်အတွက် အရေးကြီးလို့ပါ)

သီချင်းနာမည်- ကောင်းကင်မေမေ

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jun 07, 2020

ဦးမြတ် မြေကြီးပထဝီအစ ဝေစည်ညီးပြီဗျ အမေကြီးလို့ ပြောင်းချင်သော်လည်း ဘဘဦးတင်မောင်၏ အနုပညာဂုဏ်အရပ်ရပ်

နှင့် သီချင်းမူပိုင်ခွင့် လေးစားမှုအရ အဖေကြီး လို့ပဲ တင်ဆက်ရေးသားလိုက်ရပါသည်။

ဘဘရွှေမန်းတင်မောင်၏ မိသားစုဝင် အပေါင်းမှန်သမျှ ကိုလည်း ခွင့်ပြုချက်မယူပဲ ယူငင်သုံးစွဲမှုအပေါ်

နားလည် ကြည်ဖြူစွာဖြင့် ခွင့်လွှတ်ပေးပါရန် (ဦးမြတ် သက်သေထား) အနူးညွတ် မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။

နားလည်မှုဖြင့်လည်း ခွင့်လွှတ်ပေးလိမ်းမည်ဟု ယုံကြည်လျက်။

Like

Myint Soe Oo
Myint Soe Oo
Jun 07, 2020

ဦးမြတ်! ကျွနိတော့်ကိုလည်း ဘဘ ရွှေမန်း(ဦး)တင်မောင် သီချင်းဖြင့် ဂုဏ်ပြုခွင့်ပေးပါဦး။


{ ရွှေကြေးစည် }၃

ရိုက်ခတ်လို့ တီးသံကြားရပါလေပြီ။ #အမိုက်ဇာတ်တွေသိမ်းကြဘို့လို့ # အကျိုးမျှော်ခါ နိုးဆော်ပါရစည်။

စကြာဝဠာ ကမ္ဘာမြေမိုး ထိုးဖောက်၍ ကြားရပါလေပြီ။{ ရွှေကြေးစည် } ၃

ကောင်းတာပြုကြလျှင်ဖြင့် သုဂတိဌာနေ မသွေမှန် ရောက်ကြပေလိမ့်မည်။

မကောင်းတာပြုတော့ ဒုဂ္ဂတိအပါယေ ဧကန်ရောက်ဖို့ မလွဲ အတည်။

ရွှေကြေးစည်တီး၍ သတိပေးပြီ။


အတုမရှိ ဘဂဝါ ပရမေ ဒေသနာထား ဝေနေယျာ သတ္တဝါအများ သနားမျှော်ရည်

#ပြည်တော်သာစခန်း#တက်လှမ်းနိုင်ဖို့ အတည်

မြေကြီးပထဝီက ဝေစည်ညီးပြီဗျ

အဖေကြီးတီးတဲ့

{ ရွှေကြေးစည် ရွှေကြေးစည် }

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page