top of page
Search

မိုးမိုးမှ အဘသိစေရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 6, 2023
  • 1 min read

ဝိသမလောဘသမားများကို ဖော်ထုတ်စဉ်က အဖွဲ့နှစ်ဖွဲ့ခွဲပြီး အဘကစစ်ခိုင်းခဲ့ပါတယ်။ တစ်ဖွဲ့က ရာပြည့်ထံသတင်းပို့ နောက်အဖွဲ့က ရဲဝင်းဦးထံပါ။ ရည်ရွယ်ချက်က သတင်းမထိမ်ချန်နိုင်အောင်ပါ။ စ စစ်ချိန်မှာ ဟုတ်မလိုလိုနဲ့ နောက်ပိုင်းမှာ နှစ်ဖွဲ့လုံးရဲ့ထွက်ချက်တွေက မိုးမြင့်ထွန်းထံမှာ လာအဆုံးသတ်နေတာသွားတွေ့ရချိန်မှာ အဘက ရာပြည့်အဖွဲ့ကို မိုးမြင့်ထွန်းကိုဆက်စစ်ရာမှာ မပါခိုင်းတော့ပါ။ အဘအမိန့်ကတော့ မိုးမြင့်ထွန်းက တပ်ကမိုလို့ တပ်ကသာစစ်မယ်ဆိုပြီး ဖြစ်သွားတာပါ။ နောက်စိုးရိမ်တာက ရာပြည့်ကနေ စိုးဝင်း၊ ဘရွှေ၊ မြထွန်းဦးတို့ထံပေါက်ပြီး အဖွဲ့လိုက်အဘကို ပုန်ကန်မှာလဲ စိုးလို့ပါ။ အဘက ခိုင်တယ်ဆိုပေမယ့် တပ်ထဲမှာက ဒီမိုအတွက်မဟုတ်ဘဲ ခိုးဖို့အတွက် အချင်းချင်းဖြုတ်လိုသူတွေရှိတာ အဘသိပါတယ်။

ယခုရေးလိုတာက မိုးမိုးသစ္စာခံတစ်ယောက်က အဘသိစေရန်တင်ပြပေးပါဆိုပြီး စာရေးသူထံပို့လာလို့ပါ။ သူတို့နဲ့စာရေးသူ တိုက်ရိုက်မသိပါ။ ယခုစစ်နေတဲ့ စရဖကို သွားပြဿနာမရှာပါနဲ့။ စာရေးသူ ကွီးဖြိုးကိစ္စမှာ အဘမြေးတွေကို ခြိမ်းခြောက်ထားတာကို အဘသိပြီး မလုပ်ရဲတာကို ထိုသူကသိပြီး လာပို့သွားလို့ အဘနားကလူ မိုးမြင့်ထွန်းနဲ့လဲ နီးစပ်သူပါ။ မိုးမြင့်ထွန်းက ၂၀၂၂ မှာ ကုန်သည်တစ်ဦးထံက Rolex Oyster Perpetual Day Date 40 နှစ်လုံး ရခဲ့ပါတယ်။ အဘမိုးမြင့်ထွန်းရဲ့ ရည်ရွယ်ချက်က သူတစ်လုံး အဘတစ်လုံးပါ။ ယခု မိုးမြင့်ထွန်းထံမှာ တစ်လုံးမိပြီး အခြားတစ်လုံးက အဘကို ကန်တော့ထားတယ်လို့ သူကအထောက်အထားနဲ့ ပြောထားပါတယ်။ အဆိုပါနာရီက ဒေါ်လာ ငါးသောင်းကျော်တန်ပါတယ်။ နောက်ကုန်သည်က သူ့အမျိုးကတဆင့်မှာဝယ်ရတာပါ။ ဝယ်ချင်တိုင်း ဆိုင်မှာ ဝင်ဝယ်လို့မရပါ။

အဘက လုပ်ပိုင်ခွင့်အလွဲသုံးစားမလုပ်ရ လာဘ်မစားရပြောနေပေမယ့် အဘဘာကြောင့် မိုးမြင့်ထွန်းထံက အဆိုပါနာရီကို လက်ခံခဲ့တာပါလဲ။ မိုးမြင့်ထွန်းရဲ့လစာက အဆိုပါနာရီကို အဘကိုကန်တော့ဖို့ ဝယ်နိုင်မယ်လို့ အဘယုံကြည်ပါသလား? အဘအနေနဲ့ မိုးမြင့်ထွန်းကို ပြင်းပြင်းထန်ထန်အရေးယူရင် အဆိုပါမိုးမြင့်ထွန်းနဲ့ နီးစပ်သူက ထပ်မံဖော်ထုတ်ဖို့ရှိတယ်လို့ အဘကိုပြောပေးဖို့ ပြောထားပါတယ်။ အဘထံကို ဒီစာကိုဖတ်နေတဲ့ စရဖက သတင်းပို့မယ်လို့ ယုံကြည်လျက်။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Angelina Thane
Angelina Thane
Oct 06, 2023

ငယ်စဉ်က သဘောတကျဆိုခဲ့ကြတဲ့

သီချင်းလေး က အလိုလိုပေါ်လါ _ _ _


ဘာတဲ့


#ဟေ လာကွယ် မောင်ရို့


ဟေ လာကွယ် မောင်ရို့


ဝမ်းစမိုး သံ သောသောညံ တဲ့။


ဟိုးးး တခေတ် က သီချင်း ဖြစ်ပေသိ

ခုခေတ် ထိ အံဝင်တုံးပါလါး ၊😉


အမှတ်မမှားရင်တော့ အကယ်ဒမီများရှင်

မြင့်မြင့်ခင်။ ဆိုခဲ့တာထင်ပါရဲ့ 😏 ။


Edited
Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page