top of page
Search

မေမြို့မှာ မိုးရွာရင်ကောင်းလား?

Writer: Myat Tun Oo
Myat Tun Oo
Sep 26, 2024
1 min read

မေမြို့မှာ မိုးရွာရင်ကောင်းလား?

မြန်မာပြည်မှာမြို့တွေကိုစစ်ဆင်ရာမှာ မအလစစ်တပ်က ဗုံးတွေကြဲတာ အမြောက်တွေနဲ့ပစ်ပြီးဖျက်ဆီးတာတွေနဲ့တုံ့ပြန်လေ့ရှိပါတယ်။ တိုင်းရင်းသားဒေသတွေမှာက မအလဒဏ်အခံရဆုံးပါ။။ ဒါက၂၀၂၁ မတိုင်ခင်အထိပေါ့ ။ ၂၀၂၁နောက်ပိုင်းမှာတော့ စစ်ကိုင်းကပြည်သူတွေ ထီးချိုင့်၊ ကောလင်းက ပြည်သူတွေ အကုန်ခံခဲ့ရတာမှတ်မိနေကြမှာပါ။။

ယခုရေးမှာကဘယ်မြို့ကိုတိုက်ပါ ဘာညာမပြောလိုပါ။။ မြို့တိုင်းမှာတော့ဒီမိုကရေစီထောက်ခံတဲ့ပြည်သူတွေကရှိကြမှာပါ။ နိုင်ငံသားတိုင်းရဲ့၇၀ရာခိုင်နှုန်းလောက်က NLD ထောက်ခံခဲ့သူများဖြစ်လို့ ဘယ်မြို့ကြီးထိထိ မိမိထောက်ခံသူကတော့ရှိမှာပါ။။ မေမြို့ကလည်း ထို့အထူပါပဲ။ နေပြည်တော်မှာလည်း NLD ထောက်ခံသူရှိမှာပါ။ ဒါပေမဲ့မိမိထောက်ခံသူရှိလို့ဆိုပြီးတော့ ရှောင်တိုက်နေလို့လည်းမရပါ။ ဒါပေမယ့် ရာခိုင်နှုန်းအားဖြင့်တွက်လို့ရှိရင် စစ်ကိုင်းမှာက ဒီမိုကရေစီထောက်ခံသူက တရားရခိုင်နှုန်းဖြစ်ပြီး မေမြို့၊ နေပြည်တော်က ၅၀ရာခိုင်နှုန်းလောက်သာ အများဆုံးရှိမှာပါ။

စစ်သဘောအရကြည့်ရအောင်။ ပြင်ဦးလွင်က တောင်ခမ်းပြီးမှသာလျှင် ပုံမှန်အားဖြင့်တိုက်ခိုက်နိုင်မှာပါ။  ဒါပေမယ့် ပြင်ဦးလွင်(ခ) မေမြို့ရဲ့ အားသာချက်လေးတွေကို ကြည့်ရအောင်။ စစ်မဖြစ်ခင်မှာပဲ ပြင်ဦးလွင်ကနေ လူအများစု ထွက်ခွာပြောင်းရွေ့ကြတာ အားလုံးတွေ့ကြမှာပါ။ နေရာတိုင်းမှာသာမန်ပြည်သူတွေလည်းရွှေ့ပြောင်းနေကြ စစ်ပြေးနေကြရတာပါပဲ။ လားရှိုးမှာလည်းပြည်သူတွေ စစ်ပြေးနေကြတာ အားလုံးသိမှာပါ။ ပြင်ဦးလွင်မှာကျတော့ယခုလိုထွက်ပြေးရတာကစစ်ခွေးမိသားစုတွေဖြစ်နေတယ်ဆိုတာပါ။ ဒါကပြင်ဦးလွင်ရဲ့ခါးသီးတဲ့အမှန်တရားတစ်ခုပါ။ နောက်ပြင်ဦးလွင်မှာ စစ်တပ်အဆောက်အအုံတွေကအခြားမြို့တွေထက်များစွာရှိပါတယ်။ အရပ်သားတွေလည်းရှိတာမှန်ပေမယ့် စစ်အဆောက်အအုံက အရပ်သားအဆောက်အအုံထက်ပိုများပြီး ပိုထုထည်ကြီးမားပါတယ်။ ပစ်မလွဲပါ။ ထို့အတူပဲ သင်တန်းပေါင်းစုံက မအလစစ်သားတွေကလည်းအများအပြားပါ။ စစ်ဖြစ်ရင်တော့သူတပြန် ကိုယ်တစ်ပြန် ပစ်ကြမှာပါ။ လားရှိုးမှာဆိုရင်ကြားထဲက အရပ်သားထိနိုင်ပြီးမေမြို့မှာလည်း ကြားထဲကအရပ်သားက ထိနိုင်ပါတယ်။ ဒါပေမဲ့မေမြို့မှာကလားရှိုးမှာထက်အရပ်သားနည်းသွားမှာပါ။ ပါတဲ့အရပ်သားကလည်း စစ်သားစစ်ဗိုလ်တွေရဲ့ ဆွေမျိုးမိန်းမတွေ ဖြစ်ဖို့များသွားပါတယ်။ သူတို့က NLD ထောက်ခံနိုင်လား ဒီမိုကရေစီထောက်ခံနိုင်လားဆိုတော့ ထောက်ခံနိုင်ပါတယ်။ ဒါပေမဲ့လည်းစစ်သဘောအရလားရှိုးက အပစ်မဲ့ ပြည်သူတက်စာရင်တော်ပါသေးတယ်။ နောက်ပြီးပြင်ဦးလွင်မှာက ခရိုနီတွေရဲ့ရင်းနှီးမြှုပ်နှံမှုကလည်း အခြားနေရာတွေထက်များတာတွေ့ရပါတယ်။ ပေါက်ကွဲမှုတိုင်းဟာခရိုနီတွေရဲ့အသည်းကိုကျေမွ စေမှာပါ။ ပြင်ဦးလွင်ကအင်မတန်မှအချက်အချာကျပြီးလှပတဲ့နေရာစစ်တင်တန်းကျောင်းများစွာရှိတဲ့နေရာမှာ တည်ရှိနေလို့ အဘိုးမဖြတ်နိုင်တဲ့ နေရာပစ်မှတ်တစ်ခုပါ။

ဒါကအဆောက်အအုံနဲ့ စစ်သားတွေကိုသာပြောပြသေးတာပါ။ ပြင်ဦးလွင်ကြီးအတိုက်ခံရပြီးအသိမ်းခံရပြီဆိုရင်စိတ်ဓာတ်ရေးရာအရ ဘယ်လောက်များထိခိုက်မလဲဆိုတာ အားလုံးတွက်ကြည့်လို့ရပါတယ်။

MNDAA နဲ့အားလုံးစဉ်းစားရမှာက မတိုက်ပဲ သူဗုံးကြဲတာကိုတောင့်ခံပြီးတော့ လာတိုက်တာကိုစောင့်နေမလား ဒါမှမဟုတ်မိမိကတရုတ်ထံတင်ပြပြီး ရန်သူကဗုံးကြဲနေတယ်ငါတို့လည်း လက်တုန့်ပြန်မှရမယ်ဆိုတဲ့နည်းနဲ့ နည်းပါးပါးထပ်ဆုံးမမှာလားဆိုတာ စဉ်းစားရမှာပါ။

ယခင်ကခေါင်းငုံ့ခံခဲ့လို့လွှတ်တော်မှာလူပါးဝခဲ့ပြီးပါပြီ။ ဒါမျိုးလည်းယခု MNDAA ကိုလားရှိုးက ထွက်သွားဖို့ကိုပါဝါပြနေတာပါ။ မအလရဲ့ ငြိမ်းချမ်းရေးကိုယုံနေရင်တော့ ဟိုဟာကအပျိုစင်ဘာလို့ပြောတာကိုလက်ခံသလိုသာဖြစ်နေပါပါ။ မအလက ဗုံးကြဲနေပြီး မြေပြင်တပ်တွေကိုလဲ ထိုးစစ်အတွက် ရှမ်းတောင်ကနေ ပြင်နေပါပြီ။ အချိန်ပါဘဲ။

မေမြို့မှာ မိုးများများရွာတာ ကြားဖူးချင်ပါတယ်။။ ဒီလောက်ရေကြီးနေတဲ့အချိန်မေမြို့မှာ မိုးမရွာခဲ့ရင်တော့ သင့်တာဝန်သာဖြစ်မှာပါ။ နောက်ကျမှရတဲ့ နောင်တမဖြစ်ပါစေနဲ့။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page