top of page
Search

မျှမျှတတလေး လုပ်ပေးကြပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 23, 2022
  • 1 min read

ယခင်က မြေပြင်နဲ့လိုင်းပေါ် အဆက်အသွယ်က ကြာတတ်ပါတယ်။ ယခုကတော့ ခြေမြန်လက်မြန်ရှိလာတာ တွေ့ရပါတယ်။ မလုပ်ပါနဲ့လို့တော့ မတားလိုပါ။ အခွန်လေးကောက်ကြည့်ပြီး မဆောင်မှ အခွန်ဥပဒေလေးနဲ့ ဗျင်းရင် ဥပဒေအရဖြစ်သွားနိုင်လို့ပါ။

မြန်မာနိုင်ငံထဲမှာ စက်သုံးဆီကို လက်ဝါးကြီးအုပ်ထားတာက ဦးချစ်ခိုင်၏ Denko စက်သုံးဆီလုပ်ငန်း၊ ဦးဇော်ဇော်၏ MAX Energy ၊ ဦးအိုက်ထွန်း၏ ST Oil ၊ ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်) ၏Green Luck ၊ ထူး၏ ထူးစက်သုံးဆီနှင့် ဒေါက်တာ ဝင်းမြင့်၏ မြတ်မေတ္တာမွန်စက်သုံးဆီ လုပ်ငန်းတွေပါ။ သူတို့ထဲက အချို့က ဘဏ်လုပ်ငန်းလဲ လုပ်ပါတယ်။ သူတို့ကို ယခင်က ဒီမိုအစိုးရလက်ထက်ဆောင်ထားတဲ့အခွန်ပေါ်မူတည်ပြီး ပြည်သူ့အစိုးရ NUGက အခွန်ကောက်ကြည့်ပါ။ မဆောင်ရင်တော့အခွန်ဥပဒေအတိုင်း သွားရမှာပါ။

ယခုတလော Denko ကိုသာ မဲနေမှာစိုးလို့ မြတ်မေတ္တာမွန်စက်သုံးဆီပိုင်ရှင် ဒေါက်တာဝင်းမြင့်က ဖွတ်အမာခံကိုလဲ မိတ်ဆက်ပေးပါရစေ။ မအလက ထိုလူမျိုးတွေနဲ့ဆိုမတွေ့တဲ့ အရူးပါးပါ။ ဒီလူက ယခင်NLD အစိုးရလက်ထက်ကဆိုရင် အင်တာဗျူးတွေပေးပြီး စီးပွါးရေးကျဆင်းမှာ ဆီစျေးတက်မှာကိုအင်မတန်စိုးရိမ်သူပါ။ ယခုတော့ မအလအစိုးရလက်ထက်ဆိုတော့ စက်သုံးဆီစျေးတက်လဲ အဖေအရင်းလက်ထက်မိုလို့ စိုးရိမ်ပုံမရတော့ပါ။

ဒီနေရာမှာ Denko ရဲ့စာလေးမှာက သူ့ဝန်ထမ်းတွေ ထမင်းငတ်မှာစိုးလို့ မလုပ်ပါနဲ့လို့ မျက်ရည်ခြူထားတာ တွေ့ရမှာပါ။ စာရေးသူကတော့ သူတို့ကို NUG ထံ အခွန်ဆောင်ခိုင်းပြီး အခွန်မဆောင်ရင် အခွန်ဥပဒေအတိုင်း သူတို့ပိုင်ဆိုင်တာတွေကို အခွန်မဆောင်မှုနဲ့ သိမ်းရမှာပါ။ ဒါက Denko တင်မဟုတ်ဘဲစက်သုံးဆီလုပ်ငန်းလုပ်သူအားလုံး ဘဏ်လုပ်ငန်းအားလုံးပါ။ အဆိုပါခရိုနီ အောင်ကိုဝင်းနဲ့ စက်သုံးဆီခရိုနီအားလုံးက မအလကို လုံခြုံရေးအတွက် အကူအညီတောင်းထားတာလဲ စာရေးသူသိပါတယ်။ပြည်သူကို မျက်နှာမမူရင်တော့ ပြည်သူက ဆုံးမမှာပါ။ ဒီနေရာမှာ သူတို့ကိုထိရင် စက်သုံးဆီပြတ်ပြီးတိုင်းပြည်ဒုက္ခရောက်မှာကို စိတ်ပူနေသူ Gen Lee များလဲရှိပါတယ်။ သူတို့ကိုမေးချင်တာက စာရေးသူတို့တိုင်းပြည်က ယခုရော ဒုက္ခမရောက်ဖူးလားဆိုတာပါ။ ခရိုနီစီးပွါးထိမှ တိုင်းပြည်ဒုက္ခရောက်မှာမစိုးရိမ်ဘဲ စစ်ကိုင်းကရွာတွေ မီးရှို့ခံရကထဲက ဒုက္ခရောက်တယ်တိုတာကို Gen Lee တို့နားလည်ပါ။

NUG ထံ အခွန်မဆောင်ရင် မဆောင်တဲ့ ခရိုနီတွေအားလုံးကို မျှမျှတတ ဥပဒေနဲ့အညီ အပြစ်ပေးမှာပါလို့ ကြိုပြောထားပါရစေ။ မအလနဲ့ပေါင်းလို့ အဆင်ပြေမယ်ထင်ရင် စမ်းကြည့်လိုက်ပါ။ ရင်ကြားစေ့တာက ပြီးသွားခဲ့ပါပြီ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

3 Comments


Kyaw Thiha
Kyaw Thiha
Feb 24, 2022

https://www.facebook.com/229294485743126/posts/342709424401631/

Like
Myat Tun Oo
Myat Tun Oo
Feb 25, 2022
Replying to

သိပြီး

Like

Nay Nann myint
Nay Nann myint
Feb 24, 2022

ဆရာမြတ်တောင် Gen Lee သုံးတတ်နေပီဘဲ

ရင်ထဲ ဘယ်လိုခံစားနေရလဲကိုယ်ချင်းစာမိပါတယ်

ဆရာနဲ့တကွ ဒီမိုအပေါင်း ဘေးကင်း၍အောင်မြင်ပါစေ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page