top of page
Search

မီးဘာကြောင့် လောင်ရတယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 18, 2021
  • 1 min read

နွေရာသီမှာ မီးဘေးကို ဂရုစိုက်ရပါမယ်။ မီးလောင်ရင် ဘာ့ကြောင့်လောင်လဲ စာရေးသူမသိလိုပါဘူး။ဥပမာ တပ်ပိုင်ဂန္ဓမာနဲ့ ပန်းဆိုးတန်းက Ruby Mart မီးလောင်တာက CNN ရောက်ချိန် တချိန်ထဲလောင်တာမိုလို့ နည်းပညာအရ သာမန်ပြည်သူက မလုပ်နိုင်ပါ။ ဒါဆိုဘယ်သူရှို့လဲဆိုတော့ အာမခံလိုချင်လို့ နဲ့CNN ကို ပြဖို့ မအလဖက်ဆစ်လက်ပါးစေက သူ့ဖာသာပြန်လုပ်တာပါ။ သူတို့ထိုအချိန်တုန့်ပြန်မှုကတည်တည်ငြိမ်ငြိမ်ပါ။ မီးလောင်မှာကို ကြိုသိနေပုံပါ။ နောက်မအလဖက်ဆစ်တပ်ပိုင် ဗန္ဓုလဘတ်စကားမီးလောင်တာလဲ ဘယ်သူလုပ်လဲ မသိပါဘူး။ နောက် အုပ်ချုပ်ရေးမှူးရုံးတွေ မီးလောင်တာလဲဘယ်သူလုပ်လဲ မသိပါဘူး။ မနေ့က ဗုံးအပစ်ခံရပြီးအမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ထဲမှာ ဖာတန်းမီးလောင်သလို ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီရုံးတွေမီးလောင်ရင် သူ့အုပ်ချုပ်ရေးစနစ်ပျက်လို့စာရေးသူတို့အကျိုးရှိပါတယ်။ ဘယ်သူ့ကြောင့် မီးလောင်လောင် မအလဖက်ဆစ်ပိုင်ဆိုင်တာတွေလောင်ရင် ဝမ်းသာပါတယ်။ မြဝတီ၊ မိုင်တဲ မီးလောင်ရင်လဲ ဘယ်သူ့ကြောင့်လဲ မသိချင်ပါဘူး။ဝမ်းသာပါတယ်။ သူတို့ဟာ အကြမ်းဖက်သမားအားပေးတွေမိုလို့ပါ။ ဂဒါဖီသေတာကို ဝမ်းနည်းသူမရှိနိုင်ပါ။


နောက်ပိုင်းဒီမိုရပ်ကွက်အချို့ မန္တလေးမှာမီးလောင်တာက စရဖတန်ပြန်ထောက်လှမ်းရေးက မအလအမိန့်နဲ့ ရှို့တာပါ။ ဒါ့ကြောင့် စာရေးသူတို့က ဝမ်းနည်းပါတယ်။ သူတို့က နန်းတွင်းထဲမှာ ကိုကိုဦးဆောင်ပြီး အောင်ပွဲခံခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့ရှို့တာ ပိုသေချာသွားခဲ့ပါတယ်။


ဒီနေ့ ယုန်လေးကားမီးလောင်တယ်ဆိုတာ တွေ့လိုက်ရပါတယ်။ အချို့က ယုန်လေးသူ့ဖာသာ မီးရှို့တာလို့ ပြောကြပါတယ်။ စာရေးသူအနေနဲ့ကတော့ ယုန်လေးဟာ မအလကို ထောက်ခံသူပါ။ လူငယ်တွေကို အဆိပ်ကျွေးသူပါ။ ဒါ့ကြောင့်မိုလို့ သူ့ကားမီးလောင်တာဟာ ဘယ်သူရှို့ရှို့ပါ။ သိချင်တာက အဲ့ဒီလောင်တဲ့ကားက ယုန်လေးရဲ့ကား သေချာလားဆိုတာပါ။ ရဲအောင်တို့ ဒိန်းဒေါင်တို့လဲ သူ့လို မိမိကားကို လိုက်မရှို့မိပါစေနဲ့။ စိတ်ထိန်းပါ။ နွေရာသီမိုလို့ မီးကိုဂရုစိုက်ကြပါလို့ ပြောလိုပါတယ်။အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page