top of page
Search

မြေပြင်ပေါ်က ဝန်ကြီးများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 24, 2023
  • 1 min read

NUG ကို ဘောမများနဲ့ အချောင်သမား တတိယအင်အားစုများက တိုက်ခိုက်လိုရင် ပြောလေ့ရှိတာက မြေပြင်ပေါ်မှာမရှိဘူး လေပေါ်ကအစိုးရဆိုပြီး ဝေဖန်လေ့ရှိတာပါ။ လေပေါ်ကတောင် အဘတပ်တွေက အတော်ခံနေခဲ့ရပါပြီ။ နောက်မြောက်ပိုင်းသုံးဖွဲ့တိုက်ချိန်မှာလဲ တော်လှန်ရေးကိုမကူဘူးဆိုပြီး ဘောမများကပြောကြသလို တတိယအချောင်သမားအုပ်စုကလဲ NUG ကို မစ်ရှင်ဝယ်တယ်ဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။ သူတို့ကအချောင်သမားဆိုတော့ မစ်ရှင်တောင်မဝယ်နိုင်ခဲ့ပါ။

စာရေးသူက စရဖနှင့် တတိယအုပ်စုအား ဂျင်းထည့်သွားသော ဝန်ကြီး https://www.myattunoo.com/post/စရဖန-င-တတ-ယအ-ပ-စ-အ-ဂ-င-ထည-သ-သ-ဝန-က ဆိုပြီး ဆောင်းပါးရေးတဲ့အခါ အချို့က မင်းကလဲ ဝန်ကြီးက သူ့ဖာသာတောင်မသိဘဲ မင်းက မြောက်ပိုင်းရောက်သွားပြီပြောတယ် ဘာညာဆိုပြီး စာဖတ်သူများ ဝေဝါးအောင် ဂျင်းထည့်ကြပါတယ်။ အဆိုပါပြောသူများထဲ စစ်လော်ဘီ ဘောမစရဖအကောင့်တုများပါသလို တတိယအင်အားစု အချောင်သမားများလဲ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။ စာရေးသူက ဆောင်းပါးရေးပေမယ့် ဓာတ်ပုံကို မတင်ခဲ့ပါ။ ဒါကြောင့် အထောက်အထားပြမှ ယုံလိုသူစာဖတ်သူအချို့ကလဲ သံသယရှိနိုင်ပါတယ်။ အချို့က ဆရာ့သတင်းတွေမမှန်ဘူးဆိုပြီး ဂျင်းထည့်တာလဲ ရှိပါတယ်။ အချို့သတင်းသမားများက NUG ကို အစ်အောက်မေးတာလဲ တွေ့ခဲ့ရပါတယ်။

ဒီကနေ့မှာ ကာဝန်ဦးရည်မွန်က သမ္မတကြီးနဲ့အတူ ဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာ တက်လာခဲ့ပါပြီ။ ဦးရည်မွန်က ရဟတ်ယာဉ်နဲ့ မြောက်ပိုင်းကို ရောက်သွားတာပါလား?😀။ ဒါမှမဟုတ် ဦးရည်မွန်က မြောက်ပိုင်းမသွားရင် သမ္မတကြီးက တောင်ပိုင်းကို ဆင်းလာတာလား? ကချင်လက်နက်ကိုင်တွေ PDF မြောက်ပိုင်းတံဆိပ်တွေပါလို့ မြောက်ပိုင်းဆိုတာတော့ ဘောမများ ယုံမယ်လို့ထင်ပါတယ်။ ဒီနေရာမှာ ဦးရည်မွန်က မြောက်ပိုင်းသုံးဖွဲ့ထတိုက်မှ တရေးနိုးသော် အကြံပေါ်ဆိုပြီး ထသွားတာတော့ မဖြစ်နိုင်ပါ။ ဒါကဘာကိုပြသလဲဆိုတော့ NUG ဟာ ကြိုတင်ပြင်ဆင်ပြီး စနစ်တကျ အကွက်ကျကျ အလုပ်လုပ်သွားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်တာနဲ့ NUG ကာကွယ်ရေးဝန်ကြီး မြောက်ပိုင်းရောက်တာဟာ ဆက်စပ်နေတယ်ဆိုတာ သေချာသွားတာပါ။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ကိုလွင်ကိုလတ်ကလဲ တောင်ပိုင်းမှာ သူ့တပ်တွေရှိရာ မြေပြင်ကို ရောက်လာခဲ့ပါတယ်။ ဒါတွေနဲ့ နေပြည်တော်နားကလမ်းတွေကို ပိတ်ဆို့စစ်ဆေးတာက ဆက်စပ်နေပါတယ်။ သူကလဲ မြေပြင်ပေါ်မှာမဟုတ်လို့ လေပေါ်မှာပါလား? ကိုလွင်ကိုလတ်က မင်းသားလိုထောင်ထောင်မောင်းမောင်းဆိုတော့ မအလလိုဂျပုအတွက် မနာလိုစရာပါ။ တတိယအုပ်စုမှာကလဲ ယှဉ်စရာလူမရှိပါ။

ဒီကြားထဲမှာ ဒုကာဝန်က မွန်အထိရောက်လာခဲ့ပါတယ်။ ဒါက လိုအပ်နေတဲ့ မွန်ဒေသမှာ လိုအပ်တဲ့ နိုင်ငံရေးဦးဆောင်မှုကို ပေးလိုက်တာပါ။

မအလရဲ့ စရဖဟာ ယခင်က သက္ကမိုးညိုတို့အုပ်စု၊ ကရင်နယ်ခြားစောင့်က KNU ထဲက NCA ဘောမအချို့ရဲ့ သတင်းပေးမှုနဲ့ သတင်းရခဲ့ပြီး ကိုလွင်ကိုလတ်၊ ဦးရည်မွန်နဲ့ ဦးတင်ထွန်းနိုင်တော့ မြေပြင်မှာ KNU က လူကြီးအချို့နဲ့တွေ့ဆုံချိန် ဗုံးကြဲချခဲ့ဖူးပါတယ်။ သူတို့အသက်မသေဘဲ ကံသီလို့လွတ်သွားခဲ့တာပါ။

ဒီတော်လှန်ရေးဘာကြောင့်နိုင်မလဲမေးရင် NUG ဟာ ပြည်သူကရွေးကောက်သူတွေက တင်မြှောက်ထားလို့ဖြစ်ပြီး အဲ့ဒီ NUG ကလဲ မှန်ကန်တဲ့ နိုင်ငံရေးဦးဆောင်မှုပေးပြီး စစ်ရေးမှာ စစ်ရေးကျွမ်းကျင်သူကို လုပ်ခိုင်းထားလို့ပါ။ NUG က အစိုးရလဲ ပါတီလဲသူ စစ်ဦးစီးချုပ်လဲ သူမဟုတ်ပါ။ သူ့အလုပ်သူလုပ်တာက တော်လှန်ရေးကို နိုင်စေမယ့် အဓိကအချက်ပါ။ ပြည်သူက ဒီပွဲနိုင်မှဖြစ်မှာပါ။ ဒီပွဲအတွက် မြေပြင်ရောက် ဝန်ကြီးများကို လေးစားသမှုနဲ့ ဒီလမှာ နှစ်ကူးအတွက်လှူပေးကြပါ။ ငွေကလဲ တော်လှန်ရေးကို ဆုံးဖြတ်မှာပါ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page