top of page
Search

မြန်မာ့ဥပဒေနဲ့သာဆိုလပေါ်လူရောက်ပါ့မလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 19, 2019
  • 1 min read

Updated: Jul 20, 2019

ျမန္မာ့ဥပေဒနဲ႔သာဆိုလေပၚလူေရာက္ပါ့မလား?

၁၉၆၉ခုႏွစ္ဇူလိုင္၁၆ရက္ေန႔မွာလေပၚကိုလူလမ္းေလွ်ာက္ႏိုင္ခဲ့ပါတယ္။ယခုဆိုႏွစ္၅၀ျပည့္ပါၿပီ။အဲ့ဒီလိုလမ္းေလွ်ာက္ႏိုင္တာဟာလြယ္လြယ္ျဖစ္လာခဲ့တာမဟုတ္ပါ။ဒီအစီအစဥ္ကိုေအာင္ျမင္ဖို႔ဒံုးပ်ံစနစ္တည္ေဆာက္ခဲ့သူဟာဂ်ာမန္လူမ်ိဳးဗြန္ဘေရာင္(Wernher von Braun) ပါ။၁၉၃၀တစ္ေန႔မွာသူ႔ေက်ာင္းကိုမီးပံုးပ်ံဦးေက်ာ္ရင္လိုလူAuguste Piccardဆိုကလာၿပီးေဟာေျပာရာမွာသူကငါတစ္ေန႔လေပၚကိုသြားမယ္လို႔ေျပာခဲ့ပါတယ္။အဆိုပါမီးပံုးပ်ံစြန္႔စားသူPiccard ကလဲကေလးေျပာတာကိုမေလွာင္ဘဲႀကိဳးစားပါလို႔ေလးစားစြာျပန္ေျပာခဲ့ပါတယ္။

ေနာက္ပိုင္းမွာသူဟာဟစ္တလာရဲ႕V2 ဒံုးပ်ံကိုစီမံကိန္းကိုဦးေဆာင္လုပ္ခဲ့ပါတယ္။ ၁၉၄၅ဂ်မနီစစ္႐ႈံးခ်ိန္မွာအေမရိကန္ကသူနဲ႔သူ႔အဖြဲ႕သား၁၆၀၀ကိုအေမရိကန္ေခၚသြားပါတယ္။စစ္သံု႔ပန္းဆိုၿပီးမဖမ္းပါ။မႏွိပ္စက္ပါ။မတရားအသင္းဥပေဒနဲ႔လဲမဖမ္းခဲ့ပါ။သူတို႔ကိုလိုတာေပးၿပီးသူ႔ဒံုးပ်ံကိုဆက္လုပ္ေစခဲ့ပါတယ္။၁၉၅၅မွာအေမရိကန္ႏိုင္ငံသားျဖစ္လာခဲ့ပါတယ္။သူဟာျမန္မာျပည္ရဲ႕၁၉၈၀ႏိုင္ငံသားဥပေဒအရဆိုရင္ေတာ့ႏိုင္ငံသားမျဖစ္ႏိုင္ပါ။သူ႔အေဖနဲ႔အေမကဂ်ာမန္လူမ်ိဳးဂ်ာမန္ႏိုင္ငံသားမိုလို႔ပါ။

၁၉၅၇ခုႏွစ္မွာဆိုဗီယက္ကပထမဆံုးၿဂိဳလ္တုSputnik1 ကိုလႊတ္တင္ခဲ့တဲ့အတြက္အေမရိကန္ကိုလဲဆိုဗီယက္ကိုၿပိဳင္ဖို႔ဖိအားမ်ားလာခဲ့ပါတယ္။အဲ့ဒီအခ်ိန္မွာအေမရိကန္မွာသူ႔လူမ်ိဳးကဒီဒံုးပ်ံပညာကိုေသခ်ာတတ္သူမရွိခဲ့ပါ။ဒါေၾကာင့္သူတို႔ဟာငါ့လူမ်ိဳးမွငါ့လူမ်ိဳးလို႔အစြဲမထားဘဲဂ်ာမန္လူမ်ိဳးဗြန္ဘေရာင္းကိုၿဂိဳလ္တုလႊတ္တင္ဖို႔ဒံုးပ်ံေတြစလုပ္ႏိုင္ဖို႔အကူအညီေတာင္းခဲ့ပါတယ္။ဒါေပမယ့္လေပၚကိုလူသြားဖို႔ေတာ့မဟုတ္ေသးပါ။ႏိုင္ငံျခားသားကိုအၾကံေပးခန္႔ဆရာတင္ခဲ့တာေပါ့။

၁၉၆၁ဧၿပီလ၁၂ရက္မွာဆိုဗီယက္ကယူရီဂါဂါရင္ကပထမဆံုးကမ႓ာပတ္တဲ့အာကာသယဥ္မႉးျဖစ္လာလို႔အေမရိကန္အေပၚဖိအားပိုမ်ားလာခဲ့ပါတယ္။ဒါေၾကာင့္အေမရိကန္သမၼတကေနဒီက၁၉၆၁ေမလ ၂၅ရက္အေမရိကန္လႊတ္ေတာ္မွာ၁၀ႏွစ္အတြင္းလေပၚကိုလူသြားၿပီးျပန္လာေစရမယ္လို႔ႏိုင္ငံေရးအရမိန္႔ခြန္းေျပာခဲ့ပါတယ္။သူေျပာခ်ိန္မွာအေမရိကန္ကဒီအတြက္ဘာအစီအစဥ္မွအျကီးအက်ယ္မရွိေသးပါ။သူ႔ရဲ႕အေမွ်ာ္အျမင္နဲ႔ျဖစ္ခ်င္တဲ့အရာVision ကိုေျပာသြားတာပါ။အဲ့ဒီအခ်ိန္မွာကေနဒီကိုေဝဖန္သူေတြရွိခဲ့သလိုေလွာင္သူေတြလဲရွိခဲ့ပါတယ္။

ဒါကဘာနဲ႔တူသလဲဆိုရင္DASSK ကစင္ကာပူကိုမွီေအာင္လုပ္မယ္ေျပာတာကိုေလွာင္သူမ်ားနဲ႔တူသလိုကြီးၿဖိဳးကရန္ကုန္ၿမိဳ႕ကိုဘယ္လိုတိုးတက္ေအာင္လုပ္မယ္ေျပာခ်ိန္မွာေလွာင္ၾကတာနဲ႔တူပါတယ္။ႏိုင္ငံ့ေခါင္းေဆာင္ေတြျဖစ္တဲ့ကေနဒီေရာ၊DASSK ေရာ၊ကြီးၿဖိဳးေရာတူတာကေတာ့သူတို႔ဟာသူတို႔ရဲ႕အျမင္(Vision) ကိုေျပာျပျကတာပါ။

ေနာက္ပိုင္းမွာဗြန္ဘေရာင္းဟာအေမရိကန္အတြက္တာလတ္ပစ္ဒံုးပ်ံကိုတီထြင္ေပးခဲ့သူျဖစ္သလိုပထမဆံုးၿဂိဳလ္တုကိုလႊတ္တင္ဖို႔ဒံုးပ်ံကိုေလးတီထြင္ခဲ့ပါတယ္။လေပၚသြားဖို႔အတြက္အစီအစဥ္မွာလဲအဓိကေနရာကလုပ္ကိုင္ခဲ့ပါတယ္။ကေနဒီရဲ႕အျမင္နဲ႔အိမ္မက္၊အေမရိကန္ရဲ႕ေကာင္းမြန္တဲ့ႏိုင္ငံသားဥပေဒနဲ႔အစြန္းမေရာက္တဲ့မ်ိဳးခ်စ္ဝါဒေၾကာင့္၁၉၆၉မွာလေပၚကိုလူေရာက္ႏိုင္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ကေနဘာသင္ခန္းစာရခဲ့လဲ။

ႏိုင္ငံ့ေခါင္းေဆာင္ေတြဟာအေမွ်ာ္အျမင္ရွိၿပီးသူတို႔ရဲ႕အျမင္ကိုခ်ျပရဲရပါတယ္။ဒါကေတာ့ကေနဒီမွာရွိခဲ့သလိုျမန္မာျပည္ကအရပ္သားေခါင္းေဆာင္ေတြျဖစ္တဲ့DASSK တို႔၊သမၼတႀကီးတို႔၊ကြီးၿဖိဳးတို႔မွာလဲရွိပါတယ္။အဲ့ဒီအခ်ိန္ကကေနဒီကလေပၚလူေျခခ်မယ္ေျပာခ်ိန္ေလွာင္ေျပာင္သူရွိသလိုယခုအခ်ိန္မွာစင္ကာပူကိုမွီေအာင္လုပ္မယ္ေျပာရင္လဲေလွာင္ေျပာင္ၾကပါတယ္။ရန္ကုန္ကိုဘယ္လိုလုပ္မယ္ေျပာလဲေလွာင္ေျပာင္ပါတယ္။ကေနဒီသာအဲ့ဒီလိုကန္႔လန္႔တိုက္သူစကားကိုနားေရာင္ခဲ့ရင္လေပၚကိုလူေရာက္ခဲ့မွာမဟုတ္ပါ။

ေနာက္အခ်က္ကအေမရိကန္ဟာရန္သူနာဇီကိုဖမ္းမိခ်ိန္မွာဂ်နီဗာဥပေဒကိုေလးစားၿပီးမႏွိပ္စက္ခဲ့ပါ။ေနာက္သူ႔ကိုအေမရိကန္မိဘႏွစ္ပါးကမေမြးေပမယ့္ႏိုင္ငံသားေပးခဲ့ပါတယ္။သူသာျမန္မာျပည္ကိုေရာက္လာခဲ့ရင္၁၉၈၀ႏိုင္ငံသားဥပေဒနဲ႔ၿငိၿပီးဒံုးပ်ံထုတ္ႏိုင္မွာမဟုတ္ပါ။ေနာက္ၿပီးအေမရိကန္ႀကီးဟာပညာတတ္ေပါေပမယ့္မိမိမသိတာကိုႏိုင္ငံျခားသားကိုအၾကံေပးခန္႔႐ံုတင္မဟုတ္ဘဲႏိုင္ငံသားလုပ္ေစၿပီးသူတို႔လိုခ်င္တာကိုလုပ္ခိုင္းခဲ့ပါတယ္။မသိရင္သိသူကိုဆရာတင္ပါတယ္။ဒါဟာအမ်ိဳးဘာသာအာေျခာင္ၿပီးေနဝင္းတို႔ဘေရႊတို႔လိုမိမိလဲဘာမွမသိဘယ္သူမွလဲဆရာမတင္ဘဲလိုအပ္သည္မ်ားကိုမွာၾကားၿပီးတိုင္းျပည္ဆင္းရဲေအာင္မလုပ္တာကိုျပတာပါ။

ယခုအေမရိကန္ကGoogle တို႔Apple တို႔မွာတ႐ုတ္၊ကုလား၊ဂ်ာမန္၊ဂ်ပန္လူမ်ိဳးစံုကိုခန္႔ထားပါတယ္။ဘဏ္ေတြမွာလဲထို႔အတူပါဘဲ။စင္ကာပူဟာလဲထို႔အတူႏိုင္ငံျခားသားေပါင္းစံုကိုအလုပ္ခန္႔ထားပါတယ္။သူတို႔ေတြဟာလဲအခ်ိန္တန္ရင္ႏိုင္ငံသားေလွ်ာက္လို႔ရပါတယ္။သူ႔စည္းကမ္းအရေတာ့ေလွ်ာက္ရတာေပါ့။အေမရိကန္နိင္ငံသားစာေမးပြဲေအာင္ရတာမ်ိဳး၊အေမရိကန္မွာ၁၀ႏွစ္အနည္းဆံုးေနၿပီးမွေလွ်ာက္လို႔ရတာမ်ိဳးေပါ့။စင္ကာပူလဲထိုနည္းတူပါဘဲ။ဒါေပမယ့္ခပ္ေၾကာင္ေၾကာင္အေမ၊အေဖကႏိုင္ငံသားျဖစ္ရမယ္၊တိုင္းရင္းသားျဖစ္ရမယ္လို႔ေတာ့မလုပ္ထားပါ။သမၼတကိုေတာ့အေမရိကန္ႏိုင္ငံသားအေမရိကန္ေျမမွာေမြးရမယ္လို႔သာပါပါတယ္။သူတို႔ဟာစီးပြားေရးနဲ႔တိုင္းျပည္ဖြင့္ၿဖိဳးဖို႔လိုအပ္ရင္အၾကံေပးေရာ၊အလုပ္သမားေရာႏိုင္ငံျခားသားကိုခန္႔ၿပီးတိုင္းျပည္ေကာင္းေအာင္လုပ္ပါတယ္။မိမိလဲမလုပ္ႏိုင္သူတပါးကိုလဲႏိုင္ငံျခားသားမိုလို႔မေခၚဘဲကန္႔လန္႔တိုက္မေနပါ။

ဒီအျဖစ္အပ်က္ကေျပာတာကေတာ့အားလံုးအျမင္က်ယ္က်ယ္နဲ႔မ်က္လံုးဖြင့္ၾကည့္ၾကပါလို႔သာေျပာလိုပါတယ္။၁၉၈၀ေနဝင္းဂ်င္းနဲ႔မ်ိဳးခ်စ္ဂ်င္းမိေနရင္ေတာ့လကမ႓ာမေျပာနဲ႔ဒလေတာင္ခက္ေနပါအံုးမယ္။

Unicode version

မြန်မာ့ဥပဒေနဲ့သာဆိုလပေါ်လူရောက်ပါ့မလား?

၁၉၆၉ခုနှစ်ဇူလိုင်၁၆ရက်နေ့မှာလပေါ်ကိုလူလမ်းလျှောက်နိုင်ခဲ့ပါတယ်။ယခုဆိုနှစ်၅၀ပြည့်ပါပြီ။အဲ့ဒီလိုလမ်းလျှောက်နိုင်တာဟာလွယ်လွယ်ဖြစ်လာခဲ့တာမဟုတ်ပါ။ဒီအစီအစဉ်ကိုအောင်မြင်ဖို့ဒုံးပျံစနစ်တည်ဆောက်ခဲ့သူဟာဂျာမန်လူမျိုးဗွန်ဘရောင်(Wernher von Braun) ပါ။၁၉၃၀တစ်နေ့မှာသူ့ကျောင်းကိုမီးပုံးပျံဦးကျော်ရင်လိုလူAuguste Piccard ဆိုကလာပြီးဟောပြောရာမှာသူကငါတစ်နေ့လပေါ်ကိုသွားမယ်လို့ပြောခဲ့ပါတယ်။အဆိုပါမီးပုံးပျံစွန့်စားသူPiccard ကလဲကလေးပြောတာကိုမလှောင်ဘဲကြိုးစားပါလို့လေးစားစွာပြန်ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာသူဟာဟစ်တလာရဲ့V2 ဒုံးပျံကိုစီမံကိန်းကိုဦးဆောင်လုပ်ခဲ့ပါတယ်။ ၁၉၄၅ဂျမနီစစ်ရှုံးချိန်မှာအမေရိကန်ကသူနဲ့သူ့အဖွဲ့သား၁၆၀၀ကိုအမေရိကန်ခေါ်သွားပါတယ်။စစ်သုံ့ပန်းဆိုပြီးမဖမ်းပါ။မနှိပ်စက်ပါ။မတရားအသင်းဥပဒေနဲ့လဲမဖမ်းခဲ့ပါ။သူတို့ကိုလိုတာပေးပြီးသူ့ဒုံးပျံကိုဆက်လုပ်စေခဲ့ပါတယ်။၁၉၅၅မှာအမေရိကန်နိုင်ငံသားဖြစ်လာခဲ့ပါတယ်။သူဟာမြန်မာပြည်ရဲ့၁၉၈၀နိုင်ငံသားဥပဒေအရဆိုရင်တော့နိုင်ငံသားမဖြစ်နိုင်ပါ။သူ့အဖေနဲ့အမေကဂျာမန်လူမျိုးဂျာမန်နိုင်ငံသားမိုလို့ပါ။

၁၉၅၇ခုနှစ်မှာဆိုဗီယက်ကပထမဆုံးဂြိုလ်တုSputnik1 ကိုလွှတ်တင်ခဲ့တဲ့အတွက်အမေရိကန်ကိုလဲဆိုဗီယက်ကိုပြိုင်ဖို့ဖိအားများလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမေရိကန်မှာသူ့လူမျိုးကဒီဒုံးပျံပညာကိုသေချာတတ်သူမရှိခဲ့ပါ။ဒါကြောင့်သူတို့ဟာငါ့လူမျိုးမှငါ့လူမျိုးလို့အစွဲမထားဘဲဂျာမန်လူမျိုးဗွန်ဘရောင်းကိုဂြိုလ်တုလွှတ်တင်ဖို့ဒုံးပျံတွေစလုပ်နိုင်ဖို့အကူအညီတောင်းခဲ့ပါတယ်။ဒါပေမယ့်လပေါ်ကိုလူသွားဖို့တော့မဟုတ်သေးပါ။နိုင်ငံခြားသားကိုအကြံပေးခန့်ဆရာတင်ခဲ့တာပေါ့။

၁၉၆၁ဧပြီလ၁၂ရက်မှာဆိုဗီယက်ကယူရီဂါဂါရင်ကပထမဆုံးကမ႓ာပတ်တဲ့အာကာသယဉ်မှူးဖြစ်လာလို့အမေရိကန်အပေါ်ဖိအားပိုများလာခဲ့ပါတယ်။ဒါကြောင့်အမေရိကန်သမ္မတကနေဒီက၁၉၆၁မေလ ၂၅ရက်အမေရိကန်လွှတ်တော်မှာ၁၀နှစ်အတွင်းလပေါ်ကိုလူသွားပြီးပြန်လာစေရမယ်လို့နိုင်ငံရေးအရမိန့်ခွန်းပြောခဲ့ပါတယ်။သူပြောချိန်မှာအမေရိကန်ကဒီအတွက်ဘာအစီအစဉ်မှအကြီးအကျယ်မရှိသေးပါ။သူ့ရဲ့အမျှော်အမြင်နဲ့ဖြစ်ချင်တဲ့အရာVision ကိုပြောသွားတာပါ။အဲ့ဒီအချိန်မှာကနေဒီကိုဝေဖန်သူတွေရှိခဲ့သလိုလှောင်သူတွေလဲရှိခဲ့ပါတယ်။

ဒါကဘာနဲ့တူသလဲဆိုရင်DASSK ကစင်ကာပူကိုမှီအောင်လုပ်မယ်ပြောတာကိုလှောင်သူများနဲ့တူသလိုကွီးဖြိုးကရန်ကုန်မြို့ကိုဘယ်လိုတိုးတက်အောင်လုပ်မယ်ပြောချိန်မှာလှောင်ကြတာနဲ့တူပါတယ်။နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ကနေဒီရော၊DASSK ရော၊ကွီးဖြိုးရောတူတာကတော့သူတို့ဟာသူတို့ရဲ့အမြင်(Vision) ကိုပြောပြကြတာပါ။

နောက်ပိုင်းမှာဗွန်ဘရောင်းဟာအမေရိကန်အတွက်တာလတ်ပစ်ဒုံးပျံကိုတီထွင်ပေးခဲ့သူဖြစ်သလိုပထမဆုံးဂြိုလ်တုကိုလွှတ်တင်ဖို့ဒုံးပျံကိုလေးတီထွင်ခဲ့ပါတယ်။လပေါ်သွားဖို့အတွက်အစီအစဉ်မှာလဲအဓိကနေရာကလုပ်ကိုင်ခဲ့ပါတယ်။ကနေဒီရဲ့အမြင်နဲ့အိမ်မက်၊အမေရိကန်ရဲ့ကောင်းမွန်တဲ့နိုင်ငံသားဥပဒေနဲ့အစွန်းမရောက်တဲ့မျိုးချစ်ဝါဒကြောင့်၁၉၆၉မှာလပေါ်ကိုလူရောက်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကနေဘာသင်ခန်းစာရခဲ့လဲ။

နိုင်ငံ့ခေါင်းဆောင်တွေဟာအမျှော်အမြင်ရှိပြီးသူတို့ရဲ့အမြင်ကိုချပြရဲရပါတယ်။ဒါကတော့ကနေဒီမှာရှိခဲ့သလိုမြန်မာပြည်ကအရပ်သားခေါင်းဆောင်တွေဖြစ်တဲ့DASSK တို့၊သမ္မတကြီးတို့၊ကွီးဖြိုးတို့မှာလဲရှိပါတယ်။အဲ့ဒီအချိန်ကကနေဒီကလပေါ်လူခြေချမယ်ပြောချိန်လှောင်ပြောင်သူရှိသလိုယခုအချိန်မှာစင်ကာပူကိုမှီအောင်လုပ်မယ်ပြောရင်လဲလှောင်ပြောင်ကြပါတယ်။ရန်ကုန်ကိုဘယ်လိုလုပ်မယ်ပြောလဲလှောင်ပြောင်ပါတယ်။ကနေဒီသာအဲ့ဒီလိုကန့်လန့်တိုက်သူစကားကိုနားရောင်ခဲ့ရင်လပေါ်ကိုလူရောက်ခဲ့မှာမဟုတ်ပါ။

နောက်အချက်ကအမေရိကန်ဟာရန်သူနာဇီကိုဖမ်းမိချိန်မှာဂျနီဗာဥပဒေကိုလေးစားပြီးမနှိပ်စက်ခဲ့ပါ။နောက်သူ့ကိုအမေရိကန်မိဘနှစ်ပါးကမမွေးပေမယ့်နိုင်ငံသားပေးခဲ့ပါတယ်။သူသာမြန်မာပြည်ကိုရောက်လာခဲ့ရင်၁၉၈၀နိုင်ငံသားဥပဒေနဲ့ငြိပြီးဒုံးပျံထုတ်နိုင်မှာမဟုတ်ပါ။နောက်ပြီးအမေရိကန်ကြီးဟာပညာတတ်ပေါပေမယ့်မိမိမသိတာကိုနိုင်ငံခြားသားကိုအကြံပေးခန့်ရုံတင်မဟုတ်ဘဲနိုင်ငံသားလုပ်စေပြီးသူတို့လိုချင်တာကိုလုပ်ခိုင်းခဲ့ပါတယ်။မသိရင်သိသူကိုဆရာတင်ပါတယ်။ဒါဟာအမျိုးဘာသာအာခြောင်ပြီးနေဝင်းတို့ဘရွှေတို့လိုမိမိလဲဘာမှမသိဘယ်သူမှလဲဆရာမတင်ဘဲလိုအပ်သည်များကိုမှာကြားပြီးတိုင်းပြည်ဆင်းရဲအောင်မလုပ်တာကိုပြတာပါ။

ယခုအမေရိကန်ကGoogle တို့Apple တို့မှာတရုတ်၊ကုလား၊ဂျာမန်၊ဂျပန်လူမျိုးစုံကိုခန့်ထားပါတယ်။ဘဏ်တွေမှာလဲထို့အတူပါဘဲ။စင်ကာပူဟာလဲထို့အတူနိုင်ငံခြားသားပေါင်းစုံကိုအလုပ်ခန့်ထားပါတယ်။သူတို့တွေဟာလဲအချိန်တန်ရင်နိုင်ငံသားလျှောက်လို့ရပါတယ်။သူ့စည်းကမ်းအရတော့လျှောက်ရတာပေါ့။အမေရိကန်နိင်ငံသားစာမေးပွဲအောင်ရတာမျိုး၊အမေရိကန်မှာ၁၀နှစ်အနည်းဆုံးနေပြီးမှလျှောက်လို့ရတာမျိုးပေါ့။စင်ကာပူလဲထိုနည်းတူပါဘဲ။ဒါပေမယ့်ခပ်ကြောင်ကြောင်အမေ၊အဖေကနိုင်ငံသားဖြစ်ရမယ်၊တိုင်းရင်းသားဖြစ်ရမယ်လို့တော့မလုပ်ထားပါ။သမ္မတကိုတော့အမေရိကန်နိုင်ငံသားအမေရိကန်မြေမှာမွေးရမယ်လို့သာပါပါတယ်။သူတို့ဟာစီးပွားရေးနဲ့တိုင်းပြည်ဖွင့်ဖြိုးဖို့လိုအပ်ရင်အကြံပေးရော၊အလုပ်သမားရောနိုင်ငံခြားသားကိုခန့်ပြီးတိုင်းပြည်ကောင်းအောင်လုပ်ပါတယ်။မိမိလဲမလုပ်နိုင်သူတပါးကိုလဲနိုင်ငံခြားသားမိုလို့မခေါ်ဘဲကန့်လန့်တိုက်မနေပါ။

ဒီအဖြစ်အပျက်ကပြောတာကတော့အားလုံးအမြင်ကျယ်ကျယ်နဲ့မျက်လုံးဖွင့်ကြည့်ကြပါလို့သာပြောလိုပါတယ်။၁၉၈၀နေဝင်းဂျင်းနဲ့မျိုးချစ်ဂျင်းမိနေရင်တော့လကမ႓ာမပြောနဲ့ဒလတောင်ခက်နေပါအုံးမယ်။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

1 Comment


Htin Linn
Htin Linn
Jul 20, 2019

အမွန္ပါ ဆရာျမတ္

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page