top of page
Search

မြန်မာပြည် ဘာကြောင့် ကံကောင်းနေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 14, 2020
  • 1 min read

ဒီမိုတိုင်းပြည်တွေမှာ ခေါင်းဆောင်ကို ရွေးကောက်တင်မြှောက်ရပါတယ်။ မြန်မာပြည်မှာက DASSK အစိုးရကို ၇၇.၁% ကျော်က မဲပေးရွေးချယ်လိုက်တာပေါ့။ သူမကိုလဲ ပြည်သူအများက ချစ်ခင်ကြပါတယ်။ အချို့က သူမသေဆိုသေပါ။ အမေရိကားမှာ ထရမ့်က ၄၈% လောက်သာ ထောက်ခံမဲရပေမယ့်သူ့မဲစနစ်အရ သမ္မတဖြစ်လာတာပါ။ ယူကေမှာ ဂျွန်ဆင်က ၄၃.၆% နဲ့ အစိုးရ ဖြစ်လာပါတယ်။ ဘရာဇီးမှာက လက်ရှိသမ္မတက ၅၅.၄% နဲ့ ၂၀၁၈ မှာ နိုင်ခဲ့ပါတယ်။

ဒီနေရာမှာ မြန်မာပြည်မှာက DASSK ကို လူအများစုက ချစ်ကြလို့ ထောက်ခံလို့ သူမပြောတာကို လိုက်လုပ်ကြပါတယ်။ အိမ်မှာနေဆိုနေသလို နှာခေါင်းစည်းတတ်ဆိုလဲ တပ်ကြပါတယ်။ ပိတ်ထားလို့ဒုက္ခရောက်ပေမယ့် သူတို့ချစ်တဲ့ခေါင်းဆောင်ကပြောလို့ သီးခံဖြတ်သန်းကြပါတယ်။ သူမကလဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောတာတွေကို သေချာဖတ်သလို သူမရဲ့ ကျန်းမာရေးဌာနကလူတွေပြောတဲ့အတိုင်း လက်ဆေးတာကအစ မျက်နှာဖုံးအဆုံး ပြည်သူကို သိပ္ပံနည်းကျ သတင်းမှန်နဲ့ လမ်းညွှန်ပြောကြားပါတယ်။ ဒါက ပြည်သူချစ်တဲ့ ပညာရှိခေါင်းဆောင်ကိုရတဲ့ အကျိုးကျေးဇူးပါ။

သူမနဲ့ ဆန့်ကျင်ဘက် ဘရာဇီးသမ္မတ Jair Bolsonaro ကတော့ လူခွါရမှာကို နားမလည် မယုံကြည်သလို သူက ဒီရောဂါကို အယုံအကြည်မရှိကြောင်း သူ့ကိုရောဂါကူးရင်လဲ သာမန်တုပ်ကွေးလောက်သာဖြစ်မှာပါဆိုပြီး ထပြောပါတယ်။ သူ့ကျန်းမာရေးဝန်ကြီးက ခပ်ခွါခွါနေဖို့ပြောချိန်မှာ သူက ဒါဟာစီးပွါးရေးထိခိုက်တယ်ပြောလို့ သူ့ပြည်သူတွေက ဘယ်သူပြောတာ နားထောင်ရမှန်းမသိ ဖြစ်သွားခဲ့ပါတယ်။

ထို့အတူ ထရမ့်ကလဲ ပိုးသတ်ဆေးကို ခန္ဓာကိုယ်ထဲ ထိုးသွင်းရင် ပိုးသေသွားမယ်ထပြောလို့ပိုးသတ်ဆေးကြောင့် သေသူတွေ များသွားခဲ့ပါသေးတယ်။

ဒီအချိန်မှာ မြန်မာပြည်မှာ အာဏာရှင်သာအုပ်ချုပ်နေသေးရင် သူမလိုပြည်သူနဲ့တွေ့နိုင်မှာ စည်းရုံးနိုင်မှာ စကားပြောနိုင်မှာ မဟုတ်ပါ။ ပြည်သူက အာဏာရှင်ကိုမကြိုက်လို့ သူတို့ပြောတာကို လိုက်မလုပ်ဖို့များသလို အာဏာရှင်တွေဟာလဲ သူမလို ပညာဉာဏ်ကြွယ်ဝဖို့ မဖြစ်နိုင်ပါ။

မြန်မာပြည်မှာ ယခုလို ကပ်ရောဂါဖြစ်ချိန်မှာ ပြည်သူချစ်တဲ့ ပညာဉာဏ် ကြွယ်ဝတဲ့ခေါင်းဆောင်ကအုပ်ချုပ်နေတာဟာ မြန်မာပြည်အတွက် ကံကောင်းသွားတာပါ။ မဟုတ်ရင် နာဂစ်ဟာ ရာဇဝင်ထဲရောက်သွားနိုင်ပါတယ်။

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
May 15, 2020

မိတ်ဆွေ စာတော်တော်ရေးနိုင်တာဘဲ။ မြန်မာစာလဲ ကျွမ်းကျင်တယ်။

Like

U Myint Soe Oo
U Myint Soe Oo
May 15, 2020

ဦးမြတ် CV-19 +veလူနာစတွေ့စဥ် မတ်လလောက်တုံးက (တော်တော်ထူးသော ကျန်းမာရေးဝန်ထမ်းကြီးတစ်ဦးသည် အချက်အလက်များစွာ ကိုးကားရယူပြီး) မေလလောက်ရောက်ရင် ပိုးတွေ့လူနာခန့်မှန်း တင်ပြလိုက်တာ ကြောက်လန့်စရာ ပမာဏတစ်ခုကို စာရင်းပြုစုပြီး ရောက်လွယ်သော ကဏ္ဍမှတင်ပြခဲ့ပါသည်။ကြောက်လိုက်ရတာ။ ခု ၁၅၊၅၊၂၀၂၀နေ့တွင် ပိုးတွေ့လူနာ ၁၈၁ ဦး။ ခန့်မှန်းပြပေးထားတဲ့ ပမာဏနဲ့ ကွာခြားသွားပါသည်။ တော်တော်ထူး သွားပါပြီ။ ဘာဖြစ်လို့များ ထူး နေပါလိမ့် ။ #ကံကောင်းလွန်းလို့ပါ။#။ ကံ=အလုပ်>> ကာယကံ ဝစီကံ မနောကံ >> စေတနာစေတသိက် ပြုပြင်စီရင်မှု။ စေတနာကောင်းရင် ကံကောင်းပြီး အကျိုးပေး ကောင်းပါသည်။(ဗုဒ္ဓဘုရားရှင် ဖော်ထုတ်ဟောကြားတော်မူခဲ့သော သဘာဝနိယမ သဘောတရား)။ မျက်မှောက်မြန်မာပြည်မှာ ( ဝေဘာဂီ/မြောက်ဥက္ကလာ ဆေးရုံအုပ်ကြီးများနှင့် ဆရာဝန်ကြီးဒေါ်မြင့်မြင့်စိန်အပါအဝင် အနာဂတ်၏ကျန်းမာရေး ပဲ့ကိုင်ရှင် မျိုးဆက်သစ်ဆရာဝန် ငယ်ငယ်ရွယ်ရွယ် ဆရာဝန်များနှင့် ဆေးဝန်ထမ်းများ ရင်မှာကိန်းထားသော ဖြူစင်သည့်စေတနာ) { ဦးဇော်ဇော် ကမ္ဘောဇပိုင်ရှင် AA medical productပိုင်ရှင် ---အစပြု၍ လှုဒါန်းသော အလှုရှင်များ၏ ဖြူစင်သောစေတနာ} [ စောင့်ကြည့်စခန်းများမှာ ကိုယ်ကျိုးမငဲ့ အများကောင်းကျိုးပေါ်ထွန်းရေးအတွက် ဆောင်ရွက်နေကြသော ပရဟိတလူငယ်များ၏ ရင်တွင်းမှာရှိသောစေတနာ / ခိုင်ခိုင်ကျော်မိသားစုကဲ့သို့သော ချက်ပြုတ်ကျွေးမွေးရေး တာဝန်ယူထားကြရသည့်ပရဟိတလုပ်အားရှင်များ၏ ဖွေးလက်သော စေတနာ / ရပ်ကွက်ကျေးရွာအစပြု တာဝန်သိ၍ တာဝန်ရှိ၍ တာဝန်သိကြသော အုပ်ချုပ်ရေးမှုးများ မီးသတ်တပ်ဖွဲ့ဝင်များ ညလုံခြုံရေးအတွက်နှင့်ပြည်သူများ ကာကွယ်ရေးစည်းကမ်းများလိုက်နာရန် ဆောင်ရွက်ပေးကြသော ပြည်သူ့ရဲတပ်ဖွဲဝင်များ၏ စင်ကြယ်သောစေတနာ] ဤကဲ့သို့ စေတနာကောင်းများဖြင့် ကာယကံ ဝစီကံ မနောကံ အလုပ်ကောင်းများကြောင့် ဖြူစင်သောအကျိုးပေးအဖြစ် (CV19 +ve)လူနာ နည်းပါးရခြင်းဖြစ်ပါသည်။ တစ်ချို့သောနိုင်ငံတွေမှာက ကိုယ့်စရိတ်ကိုယ်စား ကိုယ့်အိမ်ကိုယ်နေဆိုတဲ့ စိတ်ထားတွေဖြစ်ပေါ်စေတဲ့ စေတနာတွေက? အကျိုးပေးရလဒ်အဖြစ်ကို ထိုက်တန်စွာ ပုံဖေါ်ပေးခဲ့ပါပြီ။ဒါ့ကြောင့်လည်း ကုလချုပ်နှင့် အန္ဒိယဝန်ချုပ်တို့က ဗုဒ္ဓအဆုံးအမများကို လိုက်နာကျင့်သုံးသင့်ကြောင့် ဖွင့်ဟပြောဆိုလာကြပါပြီ။ ဦးမြတ် ရေ ! လို့ပဲပြောပါရစေ။ ခုရက်ပိုင်း ဦးဖြ…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page