top of page
Search

မေတ္တာထားသော အစိုးရ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 19, 2020
  • 1 min read

DASSK ခန့်ထားတဲ့ ဝကခတွေကိုလေ့လာကြည့်ရင် မေတ္တာတရားကြီးမားတာ သီးခံခွင့်လွှတ်တတ်တာခေါင်းဆောင်မှုရှိတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ရခိုင်ဝန်ကြီးချုပ်ကတော့ အကြိမ်ကြိမ်အခါခါလုပ်ကြံခံရတာတောင် အသက်ကို ပဓာဏမထားဘဲ သူ့ပြည်သူအတွက် လုပ်ပေးကိုင်ပေးတာ တွေ့ရပါတယ်။

ဒီနေရာမှာ ရဟတ်ယဉ်အပစ်ခံရတဲ့ကိစ္စက နောက်မှတ်ကျောက်တင်ခံရတဲ့ ဥပမာတစ်ခုပါ။ သူ့ကိုလုပ်ကြံတာ ယခုပစ်တာနဲ့ဆို လေးကြိမ်မြောက်ပါ။ ANP ပါတီကအမတ်တွေက မိမိလူမျိုးအချင်းချင်းလုပ်ကြံတာကိုဘာမှ ရှုတ်ချသံမကြားရပါ။

ဒီကိစ္စမဖြစ်ခင်မှာ ဓာတ်ခဲရဲ့ယောက္ခထီးလွှတ်တော်ဥက္ကဌက လွှတ်တော်မှာ အစိုးရက သူ့စကားနားမထောင်ကြောင်း မှာတမ်းခြွေပါတယ်။ နောက်စာသင်ကျောင်းကို လက်နက်ထိပြီး ကလေးဒဏ်ရာရပါတယ်။ တပ်ကရော ဓာတ်ခဲကပါ သူတို့ပစ်တာလို့ ဝန်မခံကြပါ။ ဝန်ခံရဲတဲ့သတ္တိ ရှိပုံမရပါ။ ဒါကနှလုံးရည်နည်းတာကို ပြတာပါ။ အပုံးစိတ်ဓာတ်ပေါ့။ ဒါကထားလိုက်ပါ ဟို NLD က နောက်တစ်ယောက်ကို ဖမ်းခေါ်တာလဲ တပ်က ငြင်းသလို ဓာတ်ခဲကလဲ ရူးချင်ယောင်ဆောင်နေပါတယ်။ ဓာတ်ခဲဖမ်းတာဖြစ်ဖို့များပြီး သူ့ကိုဖိအားပေးမှာစိုးလို့ ရူးချင်ယောင်ဆောင်နေတဲ့သဘောပါ။

အဆိုပါစာသင်ချောင်းထိတာရယ် ဒုက္ခသည်တွေကို ကူညီဖို့ရယ်ကို လူကယ်ပြန်ဝန်ကြီးနဲ့ ရခိုင်ဝန်ကြီးချုပ် ဦးညီပုတို့က သွားကြပါတယ်။ ဒုက္ခသည်တွေနဲ့တွေ့ ထောက်ပံ့ပါတယ်။ အသွားမှာ မပစ်ပါ။ အပြန်မှာမ အဲ့ဒီစခန်းက ဓာတ်ခဲအချင်းချင်း သတင်းပို့ပြီး ဝကခပါလာတဲ့ ရဟတ်ယဉ်ကို တမင်ပစ်တာပါ။ ရဟတ်ယဉ်ဟာ စာရေးသူယခင်ကရေးသလိုဘဲ မြေပြင်ကပစ်လာရင် နှိမ်နင်းဖို့က သမ္မတစီးလာရင်တောင်မပါလို့ ဝကခကတော့ လွတ်အောင်မောင်းထွက်ရုံသာ လုပ်နိုင်ခဲ့ပါတယ်။

ဒီနေရာမှာ အစိုးရဟာ စေတနာ၊ မေတ္တာနဲ့ သူလုပ်နိုင်တာကို လုပ်ပေးပေမယ့် ဓာတ်ခဲတို့အဖွဲ့က လာမကယ်ပြန်ရင်လဲ ယောက္ခထီးလွှတ်တော်ကနေ အပြစ်ပြောပြီး လာကယ်ပြန်ရင်လဲ ပစ်ချဖို့ကြိုးစားတာပါ။ ဒီဟာပစ်တာကတော့ ဟိုကျောင်းထိသလို တပ်ကိုလွှဲချလို့ မဖြစ်နိုင်တော့ပါ။ အစိုးရက ဒါကိုသတင်းတောင် မထုတ်ပြန်ပါ။ နိုင်ငံရေးအမြတ်မထုတ်ခဲ့ပါ။

အစိုးရကတော့ မိမိအသက်ကို ပဓာဏမထားဘဲ ကယ်ဆယ်ထောက်ပံ့တာကို မေတ္တာတရားနဲ့ လုပ်ပြသွားခဲ့ပါပြီ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

1 Comment


Shwe Eain
Shwe Eain
Feb 20, 2020

ရှယ်ပြီနော်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page