top of page
Search

မဲစာရင်းမှန်အောင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 11, 2020
  • 1 min read

ဒီနေ့ DASSK နဲ့ ထွေအုပ်တွေတွေ့ကြပါတယ်။ မုန့်ဟင်းခါးကျွေးတယ်ပေါ့။ ပြည်သူ့အသံနားထောင်လို့ကြိုဆိုပါတယ်။ မဲစာရင်းက သုံးပွင့်ဆိုင် ဇတ်လမ်းလေးပါ။



ပထမက မှတ်ပုံတင်ရှိရမယ်။ နောက်အဲ့ဒီနေရာမှာ တရားဝင်နေရမယ်။ မဲစာရင်းကို ပြုစုတာက ရွေးကော်၊ ဒါပေမယ့် ရွေးကော်က သူ့သဘောနဲ့သူ လုပ်မရဘူး။ ဥပမာ မောင်ဖြူက လှိုင်သာယာမှာနေရင်နေတာကို သန်ခေါင်စာရင်းကအတည်ပြုပြီး မှတ်ပုံတင်လဲရှိရပါမယ်။ ထွေအုပ်တွေက များသောအားဖြင့် ဘယ်အိမ်မှာ ဘယ်နှစ်ယောက်နေတယ်၊ ဘယ်အိမ်က နိုင်ငံခြားသွားနေတယ် သိကြပါတယ်။ ရွေးကော်ရဲ့ အချက်အလက်အစက ထွေအုပ်ကပေါ့။ ဒီလို ထောက်ခံချက်တွေရရင် ကွန်ပျူတာထဲ သွင်းရုံပါဘဲ။

မြန်မာပြည်မှာက နိုင်ငံခြားနဲ့မတူတာက မှတ်ပုံတင်ဆိုတာ လူတိုင်းလုပ်ရလို့ အဲ့ဒီနံပတ်ကို ရိုက်ထည့်ရင်မမှားနိုင်ပါ။ ယခင်က ယူနီကုတ်မသုံးလို့ ပြဿနာရှိခဲ့ပေမယ့် ယခု ယူနီကုတ်သုံးလို့ အဆင်ပြေနိုင်ပါပြီ။


ဥပမာ မောင်ဖြူရဲ့ မှတ်ပုံတင်နံပတ်ကို မောင်ဖြူနာမည်နဲ့ ထည့်ရင် အခြားမြို့ရွာတွေမှာ စာရင်းသွင်းထားလဲ ပေါ်လာမှာပါ။ ရပ်ကျေးထွေအုပ်တွေဟာ ကျန်းမာရေးက ဆရာမတွေလို ရပ်ရွာထဲ ဆင်းရသူတွေပါ။ ကျန်းမာရေးတောင် သတင်းအချက် data ကို မှန်အောင် ကောက်နိုင်ရင် ထွေအုပ်တွေလဲ လုပ်နိုင်မယ်လို့ထင်ပါတယ်။ စေတနာသာ လိုပါမယ်။ နောက်ဝန်ကြီးတွေရဲ့ အရည်အချင်းပေါ့။ကျန်းမာရေးဝန်ကြီးကတော့ သူ့အစွမ်းအစကို ပြသွားပြီးပါပြီ။ ထွေအုပ်ဝန်ကြီး ဦးမင်းသူလဲ အစွမ်းပြဖို့ အချိန်တန်ပါပြီ။


ရွေးကော်အနေနဲ့လဲ ကွန်ပျူတာသာသုံးရင် data အချက်အလက်တွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုမှန်လာရမှာပါ။ ဥပမာ မောင်ဖြူကို ၂၀၁၉ မှာ ကွန်ပျူတာထဲကို လှိုင်သာယာမှာသွင်းပြီး မောင်ဖြူက မြောက်ဦးကို ၂၀၂၀ မှာပြောင်းသွားလဲ နေရာပြောင်းလိုက်ရုံပါ။


ပြည်သူတွေအနေနဲ့လဲ မဲစာရင်းကို သွားစစ်ပါ။ ဒါဟာ မိမိမကြိုက်သူ တက်မလာနိုင်အောင် လုပ်တဲ့ အခွင့်အရေးပါ။


DASSK လဲ ထွေအုပ်တွေကို ပြောစရာရှိတာ ခေါ်ပြောလို့ ကျေးဇူးပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page