top of page
Search

ဘအုန်းမှားမယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 20, 2020
  • 1 min read

ဘအုန်းဟာ တပ်မှာတိုင်းမှူးအထိတာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ချိန်မှာနယ်လှည့်ပါးရိုက်နဲ့ နာမည်ကြီးလာတာကို သိပါတယ်။ ဘအုန်းက အစဉ်အလာကြီးတဲ့ ဖွတ်ပါတီဝင်လူကြီးမိုလို့ NLD ပါတီနဲ့ မူဝါဒသဘောထား မတူနိုင်တာလဲ နားလည်ပါတယ်။

ဒါပေမယ့် ဟိုရောနီငြိမ်းဟာကိုရှယ်ပြီး ICJ မှာရှုံးနိုင်တယ်လို့ ဝမ်းသာအားရ ရှယ်နေတာကတော့အမျိုးသားနိုင်ငံရေးနဲ့ တိုင်းပြည်အပေါ်ကို သစ္စာဖောက်တယ် အထူးသဖြင့် တပ်မတော်ကိုသစ္စာဖောက်တယ်လို့ထင်ပါတယ်။

ရောနီငြိမ်းက သူ့ဖာသာ အမေရိကန်ကနေ မိမိလူမျိုးကို နှိမ်ရေးတာက သူ့သမိုင်းပါ။ ဒီနေရာမှာ ICJ ကိုDASSK သွားရှင်းတာက တပ်မတော်ကို လူမျိုးတုံးသတ်တယ်လို့ စွပ်စွဲလို့ပါ။ တပ်ကတဆင့် နိုင်ငံပါလာလို့ပါ။ ဒီနေရာမှာ DASSK သွားရှင်းတာ အဆင်မပြေခဲ့ရင် ပြဿနာတက်မှာက DASSK မဟုတ်ဘဲ တပ်သာဖြစ်မယ်ဆိုတာ ဘအုန်းနားမလည်တာလား နားမလည်ချင်ရောင်ဆောင်တာလား မပြောတတ်ပါ။

ဒီနေရာမှာ ရောနီငြိမ်းက DASSK ရဲ့နောက်လိုက်ပြည်သူတွေကို သရောရေးထားတာကို ဘအုန်းကရှယ်တာပါ။ သူရေးထားသလို ဘယ်ပြည်သူကမှ သူမသွားရှင်းလိုက်ရုံနဲ့ ပြဿနာက ပြေလည်မယ်လို့ မထင်ထားပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမကပြဿနာလုပ်ထားသူမဟုတ်ဘဲ ပြဿနာလုပ်သူကတစ်ဖွဲ့ဖြစ်ပြီး သူက သူ့ပြစ်မှုတွေကို ၂၀၀၈ ခြေဥနဲ့ အကာအကွယ်ယူထားလို့ပါ။

ဒီနေရာမှာ ပြည်သူတွေက သူမကို တစ်တိုင်းပြည်လုံးထောက်ခံတာက တပ်ကိုထောက်ခံတာမဟုတ်ဘဲသူမရဲ့ခေါင်းဆောင်မှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ သွားရှင်းရဲတဲ့ ခေါင်းဆောင်မှုကိုပါ။

ICJ ဟာ ကြိုက်တဲ့အမိန့်ချနိုင်ပါတယ်။ DASSK သွားရှင်းလို့ မြန်မာဘက်က မလိုက်ဘူးဆိုတာ လူတိုင်းသိပါတယ်။ ICJ က မြန်မာတရားရုံးမဟုတ်လို့ပါ။

ဒါပေမယ့် ICJ က ပြဿနာအားလုံးကို အရင်းခံတဲ့ ခြေဥကိုပြင်ပါလို့ အမိန့်ချလိုက်ရင်တော့ ပြည်သူတွေက ပျော်ကြမှာပါ။ ဒီနေရာမှာ ဘအုန်းအနေနဲ့ သတိထားရမှာက ICJ က ဘာအမိန့်ချချ DASSK နဲ့မြန်မာပြည်သူတွေက အမှားမလုပ်ထားလို့ အေးဆေးပါလို့။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page