top of page
Search

ဘယ်သူတွေ ဘာပြောပြော

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 7, 2024
  • 1 min read

ယခုအချိန်မှာ မအလရဲ့ စရဖ၊ ဘောမများ၊ အချို့ အနောက်မျှော် အလှူခံစားအဖွဲ့များက ဝ၊ AA၊ TNLA၊ MNDAA၊ KIA နဲ့ ပြည်သူထောက်ခံတဲ့ NUG ကြား သွေးကွဲအောင် နည်းမျိုးစုံ လုပ်လာလိမ့်မယ်ဆိုတာ ကြိုပြောထားပါရစေ။

ဒါဆို ပြည်သူက ဘာလုပ်ရမလဲ? ယခုအချိန်မှာ တရုတ်ဟာ ငြိမ်းချမ်းရေးအတွက် သူ့နားကအဖွဲ့တွေကို ဖိအားပေးတာ ရှိနိုင်ပါတယ်။ သူတို့က နည်းဗျူဟာအရ စာထုတ်တာ၊ ပြောဆိုတာတွေ လုပ်ရပါမယ်။ ဒါကို ပြည်သူတွေ အထင်အမြင်လွဲအောင် ဘောမတွေ၊ စရဖတွေကို အနောက်အုပ်စုအဖွဲ့တွေက နည်းမျိုးစုံလုပ်နိုင်ပါတယ်။ အဆိုပါအဖွဲ့တွေကို ဖိအားပေးသလို မအလကိုလဲ တရုတ်က ဖိအားပေးထားပါတယ်။ မအလကိုက မင်းပြောတာမလုပ်ရင် သူတို့က ဆက်သိမ်းမယ်ဆိုတာပါ။

သူတို့စာထုတ်တာ ဘာညာရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူက ဘယ်သူ့ကို ဘာကူသလဲဆိုတာ NUG ကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။ စစ်မတိုက်ဖူးကြေညာပြီး လားရှိုးကိုသိမ်းသွားတာ မမေ့ပါနဲ့။ စာရေးသူသိလဲ မပြောပါ။ သူတို့တွေဟာ ဒီမိုဆိုပြီး သိပ်မအော်ပေမယ့် တောင်ပိုင်းထက် NUG ကို လက်တွေ့ကျတဲ့ ကူညီမှုတွေ ရှိခဲ့ပါတယ်။ တောင်ပိုင်းကလဲ သူနိုင်သလောက် ကူပါတယ်။

ဒီစာရေးတာက အချို့ဟာ NLD လက်ထက်ထဲက လေသံနဲ့ လိုက်ဆဲတတ်တဲ့လူများကလဲ ရှိတတ်လို့ပါ။

ယခုလိုပြောလို့ အဆိုပါအဖွဲ့တွေက ၁၀၀% ကူညီမယ်လို့ မဆိုလိုပါ။ ကိုယ့်လမ်းကိုယ်ဖောက် ကိုယ့်လမ်းကို လျှောက်ပြီး မလာတဲ့ R2P ကို မမျှော်ဘဲ တိုက်ခဲ့ကြလို့ ယခုအချိန်ထိ ရောက်လာခဲ့တာပါ။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့ကိုမဆို တူရာတွဲပြီး ရသလောက်တိုက်ယူနိုင်ဖို့သာ အဓိကပါ။

ပြည်သူက NUG အင်အားကြီးအောင်သာ NUG PRF ကို ဆက်လှူပေးပါ။ NUG လူကြီးများကလဲ မိမိအဖွဲ့အောက်မရှိတဲ့ သီးခြားအုပ်ချုပ်နေတဲ့တပ်တွေကို အလှူဝင်ခံပြီး ပြည်သူကို ဝေဝါးအောင် မလုပ်မိပါစေနဲ့။ ပြည်သူက NUG အောက်က PDF ကိုသာ ပုံအောပေးပါ။ ကျရှုံးနိုင်ငံမဖြစ်ဖို့က NUG အင်အားကြီးမှပါ။ မျှော်တာတွေကိုလျှော့ပြီး လက်တွေ့ကျကျ ဆက်လျှောက်ကြပါစို့။ စုပေါင်းညီညာမှ အောင်ကြောင်းဖြာမှာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page