top of page
Search

ဘယ်သူ့ကို ထောက်ပံ့မှာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 25, 2021
  • 1 min read

ယခုအချိန်မှာ နေရာတိုင်းက မအလကို တော်လှန်နေပါတယ်။ အချို့မြို့မှာဆိုရင် တစ်မြို့ထဲမှာ မအလကို တိုက်တဲ့အဖွဲ့က ၁၀ ဖွဲ့လောက်ရှိပါတယ်။ စာရေးသူတို့ ပြည်သူတွေက ဘယ်သူ့ကို ထောက်ပံ့မှာလဲ? ဒီနေရာမှာ NUG ကို ဝေဖန်တာက အဆင်ပြေပါတယ်။ ဒါပေမယ့် မအလကို ခံချတဲ့ လက်နက်ကိုင်တပ်တွေဟာ NUG ကို ဩဇာခံရပါမယ်။ အချို့က နိုင်ငံရေးသမားတွေ မြေပြင်အခြေအနေမသိဘူး ဘာညာက ပြောလို့ရပေမယ့် အမိန့်ကိုတော့ NUG ရဲ့ အမိန့်ကို နားထောင်ရပါမယ်။

စာရေးသူတို့ အာဏာသိမ်းတဲ့ဖြစ်စဉ်ကို ပြန်ကြည့်ပါ။ လက်နက်ကိုင်တဲ့ ညွှန်ချုပ်အဆင့်ကောင်က အရပ်သားနိုင်ငံရေးသမားအမိန့်ကို မနာခံလို့ အာဏာသိမ်းပွဲဖြစ်လာတာပါ။ မြန်မာပြည်က ကရင်၊ ကချင်၊ ဝ လက်နက်ကိုင်တွေကိုကြည့်ရင် အဆိုပါလက်နက်ကိုင်အဖွဲ့တွေဟာနိုင်ငံရေးအဖွဲ့ လက်အောက်မှာရှိပါတယ်။ ထို့အတူ အမေရိကန်၊ အင်္ဂလန်၊ ရုရှား၊ တရုတ်၊အိန္ဒိယတို့ရဲ့ စစ်တပ်တွေဟာလဲ နိုင်ငံရေးသမားတွေရဲ့ အမိန့်ကို နာခံရပါတယ်။ ဒါဟာတိုင်းပြည်တိုးတက်ဖို့ အခြေခံအချက်ပါ။

ဒါဆိုဘယ်သူ့ကို ထောက်ပံ့မလဲ? လောလောဆယ်မှာ စာရေးသူတို့က မအလကို ပုန်ကန်သူမည်သူ့ကိုမဆို ထောက်ပံ့ရပါမယ်။ ရေတိုမှာတော့ မအလကို ခံချနိုင်လေ ကောင်းလေပါ။ ဒါ့ကြောင့် မိမိနဲ့သိသူ ခံချသူရှိရင် ငွေကြေးထောက်ပံ့တာ သဘာဝကျပါတယ်။ ပြီးရင် မိမိကဘယ်အဖွဲ့ကို ထောက်ပံ့ထားကြောင်း NUG အစိုးရကို တင်ပြလို့ရပါတယ်။ ရေရှည်မှာတော့NUG အစိုးရကို အခွန်ဆောင်ခြင်း၊ ငွေတိုက်စာချုပ်ဝယ်ခြင်းဖြင့် ထောက်ပံ့ရပါမယ်။ ဘာလို့လဲဆိုတော့ လက်နက်ကိုင်အဖွဲ့တွေဟာ NUG ရဲ့ လက်နက်ကိုင် စည်းကမ်းတွေကို လိုက်နာရပါမယ်။ နောက် အမိန့်ကို နာခံရပါမယ်။ သူတို့ရဲ့ ငွေကြေးကို NUG က ထောက်ပံ့ရပါမယ်။ ဒါဟာ ကောင်းမွန်တဲ့ ဒီမိုစစ်တပ်ဖြစ်ဖို့ အခြေခံချရမှာပါ။ ဒီလို အခြေခံမခိုင်ရင် ဘာဖြစ်မလဲဆိုတော့ ယခုဆူဒန်နဲ့ ထိုင်းမှာလို အာဏာသိမ်းတာ ခဏခဏ ဖြစ်နေမှာပါ။

အကျဉ်းချုပ်ရရင် လောလောဆယ် မိမိအနားက တကယ်တိုက်နေသူတွေကို လှူပါ။ NUG ကိုဘယ်သူ့ကို လှူထားလဲ အကြောင်းကြားပါ။ ရေရှည်မှာ NUG ကို လှူပါလို့သာ ပြောပါရစေ။စာရေးသူတို့ မွေးထုတ်ရမှာပါ ပြည်သူကို လေးစားတဲ့ တပ်၊ ပြည်သူက တင်မြှောက်တဲ့အစိုးရကို လေးစားတဲ့တပ်ပါ။ နိုင်ငံရေးသမားတွေ ဘာမှမသိပါဘူးဆိုတဲ့ စစ်တပ်ကို လက်နက်ကိုင်မျိုးတွေကို ထပ်မမွေးမိဖို့ပါ။ အဲ့ဒီလို ဖြစ်ဖို့က ပြည်သူ့အစိုးရ NUG ကို ငွေလှူပါလို့ ပြောပါရစေ။

NUG အစိုးရကို အခွန်ဆောင်ရမယ့် လိပ်စာက အောက်ပါအတိုင်းပါ။


 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Oct 26, 2021

ဦးမြတ်!!!စွမ်းအင်(Energy)။ စက်ယန္တရားမှန်သမျှ ချောမွေ့စွာလည်ပတ်နိုင်ရန် လောင်စာဆီနှင့် ချောဆီလိုအပ်ပါသည်။ အလားတူ သဘာဝအလျောက်ပေါက်သော သစ်ပင်များမှာလည်း စွမ်းအင်လိုအပ်ချက်ရှိပါသည်။ သစ်ပင်များအတွက် အဓိကလိုအပ်သော စွမ်းအင် နေရောင်ခြည် မြေဆီ ရေတို့ဖြစ်ပါသည်။


Like

Myint Soe Oo
Myint Soe Oo
Oct 26, 2021

ပါသည်။အလားတူ သစ်ပင်များမှာလည်း

နေရောင်ခြည်စွမ်းအင်လိုအပ်ပါသည်။စွမ်းအင်ရရှိမှ စွမ်းဆောင်ရည်(Power)

ရရှိပြီး ဆိုင်ရာဝန်းကျင်ကို အကျိုးပြုပါ

မည်။

NUG & စကစ

NUG မြစ်တွယ် ပင်ပေါက်ကာစက *လေထဲက အစိုးရ* သမုတ်ပညတ်ဟု ခေါ်သော်လည်း ခုခါ NUG လောင်းရိပ်အောက်ရောက်နေပါပြီ။ အပင်တို့မည်သည် အသက်ရှင်သန်ရန် နေရောင်ခြည်ရဖို့ **သူ့ထက်ငါ အမြင့်ပြိုင် အထက်သို့ တက်နိုင်သမျှ တက်အောင်**

ကြိုးစားကြပါသည်။ နေရောင်မှတ‌ဆင့် မြေ လေတို့နှင့်‌ေပါင်းကာ ပင်စည်ဖွံ့ထွားယူရပါသည်။အမြင့်မတက်နိုင်သောအပင်သည် အပင်ကြီး၏ လောင်းရိပ်မိကာ ပိန်လှီးညှိုးနွမ်း အမြစ်ခြောက်ခမ်းရပါတော့သည်။

ယခုလည်း ဤဖြစ်စဉ်သို့ အသွင် ဆိုက်ရောက်လာပါသည်။ NUG တစထက်တစ စည်ပင်လာသည်နှင့်အမျှ စကစမှာ ခမ်း‌ေြခာက်လာပါသည်။

ရန်ကုန် စမ်းချောင်မှာ စကစ တပ်သားများဝန်းရံ၍ လျှပ်စစ်မီတာ ခ ကောက်ခံနေပုံကို စာမျက်နှာမှတဆင့်သိရပါသည်။

စွမ်းအင် လိုနေ၍ စွမ်းအင်ရအောင် ဆောင်ရွက်နေရပါပြီ။

သစ်ငုတ်တို အအိုကို

ရွှေချလို့ မလှနိုင်တော့ပါ ဆိုသောအသိ ၂၁ရာစုမှာ GZ ကအစ သိသွားပါပြီ။

တချိန်တခါက တွင်တွင်လှိုင်လှိုင်သုံးခဲ့သောစကား ပြန်သုံးပါရစေ။

**ကြီးမြန်သစ်ပင် စိုက်ပျိုးလျှင်

**စွမ်းအင်လည်းရ ၊ ပြည်လည်း လှ၏။

ပြည်သူများ မ အ တော့ပါ။

ရေလောင်းသူကလောင်း ပေါင်းသင်သူကသင် မို့ ရွက်ဖားဝေဝေ ညွန့်တက်စေကာ

ပင်မင်းရာဇာ အဖြစ် ဘိသိက်သွန်းရုံမျှသာ အခြေသို့ ဆိုက်ရောက်လာပါပြီ။

ယခင်တင်ပြခဲ့သလို

NUG PDF GZ ဟူသော မိတ်ကောင်းအတွက် ပေါင်းရှင်း ဩဇာကျွေး ရေမပြတ်လောင်းပေးပါက မိတ်ကောင်းက ပေးသော အရိပ်ကောင်းမှာ အေးချမ်းတိတ်ဆိတ် ငြိမ်းချမ်းခြင်းအရိပ်မှာ စိတ်ချလက်ချ နားခိုနေထိုင်နိုင်ပါလိမ့်မည် ဟူ၍သာ။။ ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page