top of page
Search

ဘယ်လိုမှ မနိုင်နိုင်သောအခါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 25, 2020
  • 1 min read

ရွေးကောက်ပွဲကြီးဟာ ၁၃ ရက်သာ လိုပါတော့တယ်။ နည်းမျိုးစုံနဲ့ အဘနဲ့ ဖွတ်တို့ဟာ သူတို့နဲ့ မိတ်ဖက်ပါတီတွေနိုင်အောင် ကြိုးစားနေခဲ့ပါတယ်။ No Vote ဘာညာ အစုံပါ။ ပြည်ပက ၂၀၂၀အတွက် ကိုဗစ်ကြားက ကြိုတင်မဲလာပေးတဲ့ဦးရေးဟာ ၂၀၁၅ ကထက် များလာတာဟာ အဘတို့ကို ပထမဆုံးတုန်လှုပ်သွားစေခဲ့ပါတယ်။

အဘတို့အထဲမှာလဲ စစ်တမ်းမျိုးစုံရှိပါတယ်။ သူတို့လဲ ရှုံးမယ်ဆိုတာသိပါတယ်။ ယခင်ကနိုင်ခဲ့တယ်ဆိုတာက သူတို့က အာဏာရပါတီမိုလို့ပါ။ အဲ့ဒီ အာဏာရပါတီဆိုတဲ့ အားသာချက်က အဘတို့နဲ့ ဖွတ်ပါတီမှာ ဒီ ၂၀၂၀ အတွက်မရှိပါ။ ဒါကြောင့် ရှုံးမှာပါ။ သူတို့မျှော်လင့်ထားတဲ့ သက်သက်ခိုင်လဲ သူ့မဲဆန္ဒနယ်မှာ ခွက်ခွက်လန်အောင် ရှုံးမှာပါ။

ယခုဟာက နိုဝင်ဘာ ၈ ရက်မတိုင်ခင် ဆူပူမှုတွေ ရိုက်နှက်မှုတွေဖြစ်အောင်လုပ်ပြီး ဒီရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေရှိတဲ့ပုံစံ ဖမ်းထားဖို့ပါ။

ဘောလုံးပွဲမှာ မနိုင်မှန်းသိရင် အချိန်ပိုကစားနိုင်အောင်ကြိုးစားပြီး မရရင် ခြေချသလိုပါ။ ကိုဗစ်နဲ့ကအချိန်ပိုမရတာ သေချာသွားခဲ့ပါပြီ။ ဒါကြောင့် လူချကစားမလို့ပါ။



ဒါဆို NLD နဲ့ ပြည်သူတွေက ဘယ်လိုတုန့်ပြန်သင့်သလဲ? ယခု ကာဘိုးကဖြစ်ရပ်နဲ့ နောက်တစ်နေရာကဖြစ်ရပ်တွေမှာ ဖွတ်တွေဟာ ဒီပဲယင်းကလို လက်နက်တွေနဲ့ အသင့်ပြင်လာတာတွေ့ရပါတယ်။ ဒါဟာမတော်တဆ ရန်ဖြစ်လို့ ရိုက်တာမျိုးမဟုတ်ဘဲ ကြိုတင်ကြံစည် လူသတ်အကြမ်းဖက်မှုပါ။ စာရေးသူတို့က ဓာတ်ခဲကို အကြမ်းဖက်အဖွဲ့လို့ပြောရင် ဖွတ်ဟာလဲ အကြမ်းဖက်အဖွဲ့ပါ။ ဓာတ်ခဲထက်တောင်ဆိုးနေပါသေးတယ်။


စာရေးသူယခင်ကပြောခဲ့သလိုဘဲ ဘာသာမတူလို့ဆိုပြီး အကြမ်းဖက်မှုကိုခွင့်ပြုခဲ့ရင် နောက်ပိုင်းတိုင်းရင်းသားကိုလုပ် တိုင်းရင်းသားကို ခွင့်ပြုခဲ့ရင် ယခုမြေပြန့်က ဗမာအချင်းချင်းကို အကြမ်းဖက်တာပါဘဲ။ ဒါဟာ ဖွတ်တွေရဲ့ အကြမ်းဖက်ပြီး အာဏာသိမ်း အနိုင်ရရာက ဖွဲ့စည်းလာတဲ့ အကြမ်းဖက်အဖွဲ့ရဲ့ လက္ခဏာတွေပါ။ ဒီလိုတွေဖြစ်ခဲ့ရင် အရေးမယူအောင်လို့လဲ ဘပုက မိမိစိတ်ချရတဲ့လူကို ခန့်ထားခဲ့တာပါ။


ပြည်သူတွေအနေနဲ့က စာရေးသူယခင်က ရေးခဲ့သလို ဘာမှ အကြမ်းဖက်မတုန့်ပြန်ဘဲလောလောဆယ်နေပေးပါ။ NLD ပါတီဝင်များအနေနဲ့ ပြည်မမှာ ဘာမှ အကြီးအကျယ်ထပ်မလှည့်ကြပါနဲ့။ နိုင်မှာပါ။ ပြည်နယ်တွေမှာသာ မဲဆွယ်ပြီး လှည့်လိုရင် လှည့်ပါ။


အစိုးရအနေနဲ့လဲ တပ်ကိုဘာမှမပြောနိုင်တာက နားလည်ပါတယ်။ ဒါပေမယ့် ယခုလိုအကြမ်းဖက်တဲ့ဖွတ်ဝတ်စုံဝတ် အရပ်သားတွေကိုတော့ နိုင်အောင်ဖမ်းပြီး အရေးယူပေးပါ။ မောင်မြင့်လိုကောင်ကိုကိုင်သင့်ရင် ကိုင်လိုက်ပါ။ ကိုနေမျိုးဇင်တို့ကို တပ်ကကိုင်သလို သူ့လူကိုလဲ မိမိဂွင်ထဲဝင်လာရင် စွဲကိုင်လိုက်ပါ။ ဒီလိုကောင်မျိုးကို ထောင်ချပြလိုက်ရင် ငြိမ်သွားမှာပါ။


သူတို့က ဘယ်လိုမှမနိုင်နိုင်လို့ ရှုံးမဲ မဲမှာပါ။ ပြည်သူများ အကြမ်းမဖက်မိပါစေနဲ့။ ခွေးနဲ့ ဖက်ကိုက်လို့မရပါ။ ခွေးကို ရိုက်တဲ့နည်းသုံးရမှာပါ။ ဖွတ်နဲ့ အဘတို့က မလုပ်ရဲတာ ဘာမှမရှိသလို ICC ကလဲ မဖမ်းရဲတာ ဘာမှမရှိပါဘူး။ ဆူဒန်က ဘာရှားကြီးတောင် အဖမ်းခံထားရပါပြီလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

1 Comment


Albert Wint
Albert Wint
Oct 26, 2020

အိုးမဲသုတ်မြန်မာ့နိုင်ငံရေးဖြစ်ခဲ့္ကြုံခဲ့ပြီးပြီ ပြည်ဖုံးကားချ ပြန်မလာနိုင်အောင် သက်ရှိမျိုးဆက်တွေရဲ့ပုခုံးပေါ်ကျရောက်ပါပြီ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page