top of page
Search

ဘုံရန်သူကို မမေ့ပါနဲ့

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 3, 2021
  • 1 min read

ဘုံရန်သူကို မမေ့ပါနဲ့


ယခုအချိန်မှာ ဒီမိုအများစုဟာ သွေးစည်းညီညွတ်နေပါတယ်။ ဒါဟာ ၁၉၄၈ လွတ်လပ်ရေးရပြီးအချိန်ကစရင် ပင်လုံစာချုပ်အပြီး ပထမဆုံးအကြိမ်လို့တောင် ပြောလို့ရပါတယ်။ ဒီစည်းလုံးညီညွတ်မှုဟာအောင်ပွဲအတွက်အရေးကြီးပါတယ်။

စာရေးသူတို့ အများစုဟာ မြန်မာပြည်ထဲမှာနေပါတယ်။ မြန်မာပြည်သူတွေကသာ တိုင်းပြည်အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာပါ။

ဒီနေရာမှာ စာရေးသူက ယခင်ကဆို DASSK အစိုးရကို ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မအလညစ်တာတွေကို သိနေခဲ့လို့ပါ။ ဥပမာ သတင်းသမားတွေကို တရားစွဲတာ မအလကိုဝေဖန်သူတွေကို တရားစွဲတာမျိုးပေါ့။ ရိုက်တာကအစပါဘဲ။ ယခု Voice of Myanmar က အယ်ဒီတာကိုမအလက DASSK လက်ထက်မှာ လွှတ်ပေးခဲ့ရပြီး ယခုပြန်ဖမ်းပါတယ်။ တိုင်းရင်းသားကိစ္စတွေဆိုလဲမအလက အမိန့်မနာခဲဘဲ တိုက်တယ်ဆိုတာ ပြောပြရေးပြခဲ့ပါတယ်။ အချို့တွေကလဲ DASSK အစိုးရကို အပြစ်တင်ပါတယ်။ ယခုအချိန်မှာ မအလက ယခင်ကထက်ဆိုးပြီး ပိုတောင်လူမဆန်စွာလုပ်လာတာ အားလုံးသိမှာပါ။ အချို့တိုင်းရင်းသားပါတီအချို့ကို စာရေးသူတို့က မအလသူလျှိုလို့ ပြောခဲ့ပြီးယခုစကစမှာ ပါနေတာကိုကြည့်ရင် စာရေးသူတို့ မမှားခဲ့ဘူးဆိုတာ သိသာပါတယ်။

ဘာသင်ခန်းစာ ယူရမလဲ? စာရေးသူတို့ဟာ ရိုဟင်ဂျာကို ဘင်င်္ဂါလီဆိုပြီး ဘာသာမတူ နိုင်ငံခြားသားဆိုပြီး မအလဖက်ဆစ်တပ်လုပ်တာကို မပြောမိခဲ့ကြပါ။ မထင်ခဲ့ဘူးပေါ့။ စာရေးသူလဲ မထင်တဲ့အထဲ ပါခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဖက်ဆစ်တပ်ဟာ ရိုထက်ပိုဆိုးသွားပါပြီ။ နောက် AA ကို စာရေးသူကိုယ်တိုင် ဓာတ်ခဲလို့ခေါ်ခဲ့ပါတယ်။ သူတို့တွေကိုလဲ မအလဖက်ဆစ်တပ်က ရိုကိုလုပ်သလို သတ်ဖြတ်ပြီး အိမ်မီးရှို့ မုဒိမ်းကျင့် လုပ်ခဲ့တာပါဘဲ။ သူတို့လဲ အစပိုင်းမှာ စာရေးသူတို့နဲ့အတူ ရိုကိုသတ်တုန်းကမပြောခဲ့ကြပါ။ အဆိုပါအချိန်မှာ မအလဖက်ဆစ်တပ်က မြေပြန့်ကလူအများစုမိုလို့ တိုင်းရင်းသားများက ဗမာနဲ့မှားပြီး ဗမာက ငါတို့ကိုလုပ်တယ် ထင်ခဲ့ကြပါတယ်။ ယခုအချိန်မှာတော့ စာရေးသူတို့ဟာ လူမျိုးတူ ဘာသာတူ မအလဖက်ဆစ်တပ်ရဲ့ ယုတ်မာစွာ အနိုင်ကျင့် ဗိုလ်ကျ ခိုးစိုးလုယက် ဓားမြတိုက်မှုကို ရန်ကုန် မန္တလေး စစ်ကိုင်းမြို့တွေမှာ တွေ့လိုက်ရပါပြီ။ ဒါ့ကြောင့် မြေပြန့်ကလူတွေကလဲတိုင်းရင်းသားတွေကို စာနာမိသွားသလို တိုင်းရင်းသားတွေကလဲ မအလရဲ့ ဖက်ဆစ်တပ်ဟာ ငါတို့တင်မဟုတ်ဘဲ သူနဲ့ ဘာသာတူ လူမျိုးတူ ဗမာတွေကိုလဲ အာဏာအတွက် ဘာမဆိုလုပ်တယ်ဆိုတာ သိသွားကြပါပြီ. အပြန်အလှန် နားလည်စာနာမှုရှိသွားကြတာပါ။

ဒီနေရာမှာ ဒီမိုများအနေနဲ့ အတိတ်ကို ပြန်ဝေဖန်မနေဘဲ သင်ခန်းစာယူပြီး စည်းလုံးစွာနဲ့ ဘုံရန်သူ မအလကို ဆက်တိုက်ကြပါလို့ အကြံပေးပါရစေ။ ယခုအချိန်မှာ ပြည်သူအများစုက ကုလနဲ့ အန်ကယ်ဆမ်ကို မမျှော်ဘဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး စချနေကြတာ ရန်ကုန်မှသည် မင်းတပ်အထိပါ။စာရေးသူတို့အားလုံး ဆက်လက်စည်းလုံးနေကြရင် ဒီဖက်ဆစ်မအလကို အမြစ်က ဆွဲထုတ်နိုင်မှာပါလို့ပြောပါရစေ။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
May 04, 2021

ဦးမြတ်!!!ခုတိုင် အမြင်ကန်းနေသေးသူများအတွက် ဖော်ညွုန်းအပ်ပါသည်။

ပါးစပ်အမြုပ်ထွက်မတတ် ကျော်အောင် အော်ခဲ့ကြသော **အမျိုး ၊ ဘာသာ ၊ သာသနာ**အတွက်လည်း ဘုံရန်သူ ။

~ဗမာအပါအဝင် ၁၃၅ မျိုးသော မျိုးနွယ်စု လူသားများ အများစုသည် ခုကာလမှာ စီးပွါးရေး ၊ ကျန်းမာရေး ကြပ်တည်းမှုများကို ရင်စီးကာ ခံစားနေရပါသည်။ ပရဟိတ ဆေးခန်း ဆရာဝန်များအပါအဝင် အိ်တ်ချ်အိုင်ဗီ ဆေးခန်းမျိုးထိချမ်းသာမပေး။ နယ်စပ် ကလေးငယ်များ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသားနီနှင့်ရဲရဲ အရွယ်နှင့် ဒါဏ်မမျှ

ဆေးကုသမှုမရပဲ ခံစားဝေဒနါပြင်းထန်မှုကို လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် အထင်အရှား တွေ့မြင်နေရပါသည်။လူသားချင်းစာနာထောက်ထားမှု ပျောက်ကွယ်ခြင်း၏ အမှတ်သင်္ကေတ။

~ဘာသာ။ ဗုဒ္ဓဘာသာအတွင်းမှာ ထောက်ခံချီးမွမ်းသော ဘုန်းတော်ကြီးများနှင့် ဆန့်ကျင်ကန့်ကွက်သော ရဟန်းသံဃာ ။ နှစ်ရပ်အပေါ် ကဲွဲပြားခြားနားသော အပြုအမူ ဆက်ဆံရေး အကွာကြီးကွာအောင် ခဲွဲခြားသည်ကိုလည်း မြင်တွေ့နိုင်ပါသည်။ ထင်ရှားကျော်ကြားတော်မူသော ရွှေတိဂုံစေတီတော်ကြီး၏ သင်္ကန်းတော်အရောင် ပြောင်းလဲမှုကို ကွန်ယက်စာမျက်နှာပေါ်မှာ ဖူးမြင်နိုင်ပါသည်။

~သာသနာ။ သင်္ခါရတရား ပျက်၏ ။ မမေ့နဲ့။

ပြည့်စုံအောင် ဖြည့်ကျင့်ရစ်ကြပါ။ ဘုရားရှင်နောက်ဆုံးမှာကြားတော်မူခဲ့သော အဆုံးအမ(တနည်း သာသနာ)။ သင်္ခါရလည်းမသိ၊ အနိစ္စ (ခိုင်မြဲမှု မရှိ )ဆိုတာ မရှိ။ သို့မို့ **ငါခိုင်မြဲ** နေဖို့ လုပ်ချင်ရာတွေ လျှောက်လုပ်နေခြင်းဖြစ်ပါသည်။ ဘုရားရှင် မနှစ်မြို့ ပယ်သတ်ထားသော ဓါတ် နတ် ယတြာအမျိုမျိုးအားကိုးနဲ့ ဆိုးချင်တိုင်း ဆိုးနေပါပြီ။

~လာမည့်ဇွန်လဆန်းတွင် ရဟန်းသံဃာများ စာဖြေပွဲ ပြုရပါတော့မည်။ စာသင်တိုက်တွေမှာ စာသင်သား သံဃာအများစုက မစုံမလင် ၊ စာဝါပို့ချမှုက အပြည့် မစွမ်းနိုင်သေး။စာဖြေရန် အဆင်သင့်က မဖြစ်။ အခြေအနေ မသုံးသပ် ကျင်းပမှုကြောင့် တောင်မြို့ မဟာဂန္ဓာရုံ စာသင်တိုက်ကြီးကပင် ဝင်ရောက်မဖြေဆိုကြ။ အချို့စာသင်များက ဖိအားတစ်ရပ်ရပ်ကြောင့် ဖြေဆိုလိုပါက ဖြေဆိုနိုင်ကြောင်း၊ ဖြေပြီးသည်နှင့်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page