top of page
Search

ဘောမများ ဘောမရန်ခက်လာသောအခါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 4, 2022
  • 1 min read

အာဏာသိမ်းအပြီး ဘောမများ ပြောလေ့ရှိတာက မဲစာရင်းကိစ္စ တပ်က ကန့်ကွက်တာကိုDASSK နဲ့ NLD က အလေးမထားလို့ အာဏာထိန်းတာဖြစ်တယ် ဘာညာပေါ့။ အာဏာမသိမ်းခင်ကလဲ ပြောတယ်။ သိမ်းပြီးလဲပြောတယ်။ နာမည်ကြီးသူများက စစ်ဘောမ ဗိုလ်မှူးဟောင်း ဒေါက်တာအောင်မျိုးနဲ့ ဘူးလက်လှဆွေတို့က ထိပ်ဆုံးက မခဲ့ပါတယ်။ ပြည်သူတွေကို ပစ်တော့လဲ စစ်တပ်ကိုသွားမစမ်းနဲ့ ဘာညာပေါ့။ ဒါပေမယ့် ဇွန်လလယ်မှာ ဘူးလက်ကနိုင်ငံခြားက အင်တာဗျူးမှာ မအလမထိန်းနိုင်တာကို ထောက်ပြ ပြောဆိုအပြီးမှာ နောက်ပိုင်းလိုင်းပေါ်က ပျောက်သွားခဲ့ပါတယ်။

ယခုရက်ပိုင်း ဘောမစစ်တပ်မီဒီယာ Neo Politics က ကိုကိုကြီးနဲ့ အေးမောင်ကို အင်တာဗျူးပါတယ်။ သူတို့ကလဲ အထက်က ဘောမတွေအတိုင်း အာဏာသိမ်းခံရတာက NLD ကြောင့်ပုံစံမျိုးကနေ စပြောပါတယ်။ အဲ့ဒီကနေအပြီး ဆက်ပြောတာက စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ယခုနောက်ပိုင်း စရဖထောက်လှမ်းရေးဆိုက်ဝါးကထုတ်တဲ့ NUG ဝန်ကြီးနဲ့ ရာပြည့်တို့ တွေ့တယ်ဆိုတာနဲ့ ဆက်စပ်နေလို့ပါ။

ပထမက ကိုကိုကြီးပါ။ သူပထမပြောတာက မဲကိစ္စ။ ဒါကပုံမှန်ဘောမအဖြေပါဘဲ။ NLD ခေါင်းဆောင်တွေ မဖြေရှင်းလို့ဆိုတဲ့သဘောပါ။ အဲဒါအပြီးမှာ တပ်ကလဲ သူနိုင်မယ်ထင်တယ်၊ NUG/PDF ကလဲ သူနိုင်မယ်ထင်တယ်။ ဆက်သွားရင် တိုင်းပြည်ပျက်မယ် ဒါ့ကြောင့်ဆွေးနွေးရမယ်ဆိုပြီး သူကပြန်ပိတ်ပါတယ်။ PR မှာ ရွေးကောက်ပွဲ ဝင်မလားဆိုတာကိုတော့ရှောင်ဖြေသွားခဲ့ပါတယ်။

ဒုတိယက ဦးအေးမောင်ပါ။ သူကရွေးကောက်ပွဲကိစ္စမှာ ဘောမတွေအတိုင်း NLD ကိုအပြစ်တင်ပါတယ်။ နောက်လူတွေပြန်မလွှတ်တာကလဲ တရားရေးကို မအလက လွှမ်းမိုးမှုမရှိလို့ဆိုပြီး သူက ထပ်မပါတယ်။ ဒါပေမယ့် သူနောက်ဆက်ပြောရာမှာ ဘောဆက်မမနိုင်တော့ကြောင်း ထင်ရှားလာပါတယ်။ သူဟာ ရခိုင်ကိစ္စမှာ အဘကို ဘောမချင်သောလဲ AA ကိုဆန့်ကျင်မပြောရဲပါ။ AA ကို ဆန့်ကျင်ရင် ဘာဖြစ်သွားမလဲ သူသိပါတယ်။ ဗမာကိစ္စမှာလဲယခင်က လက်နက်မရှိတဲ့ NLD ကို လွတ်လွတ်လပ်လပ် အပြစ်တင်ဝေဖန်ရဲသော်လဲNUG/PDF ကိစ္စမှာတော့ ပြဿနာက ကြာလာရင် ပိုကြီးလာမှာ တိုင်းပြည်ပြိုကွဲသွားနိုင်လို့ မအလကို တွေ့ဆုံညှိနှိုင်းဖို့ နောက် ခြေဥကို ဖယ်ဒရယ်ပြင်ဖို့ ပြင်အပြီး စစ်တပ်က လွှတ်တော်က ထွက်တာကို ယခင် NLD ဆွဲထားတဲ့ အချိန်ဇယားမျိုး မအလက နိုင်ငံခြားက သံတမန်တွေရှေ့မှာ ကြေငြာဖို့အထိ ပြောသွားခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲအင်တာဗျူးတွေဟာ ကိုကိုကြီးက နိုဝင်ဘာနဲ့ အေးမောင်က ဒီဇင်ဘာလကုန်မှာဘောမ မီဒီယာ NP က အင်တာဗျူးလုပ်ပေမယ့် တပ်လော်ဘီအကောင့်တွေက တစ်ပတ်အတွင်း ရှေ့နောက်တင်သွားခဲ့တာပါ။ ဒါအပြီး NUG နဲ့ ရာပြည့်တွေ့တယ်ဆိုပြီး ကောလဟာလ ထပ်ထုတ်တာပါ။ ဒါကိုဖြန့်တာကလဲ NP နဲ့ အခြားတပ်အကောင့်တွေပါ။ ဒါက ဘာကိုပြသလဲဆိုတော့ သူ့ကိုဘောမနေသူများတောင် မအလနိုင်ဖို့ မလွယ်ဘူးဆိုတာကို သိနေပြီးအခြားလမ်းကြောင်းရှာနေတယ်ဆိုတာကို ပြနေပါတယ်။ ဒါကြောင့် ပြည်သူတွေ တုန့်ပြန်တာကို သိလိုလို့ နှပ်ကြောင်းပေးတဲ့သဘောပါ။ အင်တာဗျူးမှာ ထင်ရှားတာက ဘောမများဟာPDF အစွမ်းကို သိနေလို့ PDF ကို မခန့်လေးစား မပြောရဲဘူးဆိုတာပါ။ NLD နဲ့ မအလယှဉ်လာရင် မအလဘောကို ပြုံးပြုံးကြီး မ ရဲပေမယ့် PDF နဲ့ မအလ ယှဉ်လာရင် ပေါ်တင် ဘော မမ ရဲတော့ပါ။ သူတို့ စာတတ်လွယ်ပါတယ်။ အချို့ကိစ္စတွေမှာ သွေးကစကားပြောတာမဟုတ်ဘဲ ပိုက်ဆံ (သို့) သေနတ်က စကားပြောတာ တွေ့ရပါတယ်။ ယခုအချိန်မှာ အချို့ဘောမတွေလိုင်းပေါ်က ပျောက်သွားခဲ့ပြီး လက်ကျန်ဘောမများတောင် အဘဘောကို ဆက်မရန် ခက်လာနေပြီးဆိုတာကို ပြောပြပါရစေ။ ဘယ်သူနိုင်နေလဲကတော့ စာဖတ်သူများသာ ဆုံးဖြတ်ပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jan 04, 2022

ဦးမြတ်!!!မြန်မာစာပေနှင့်စကားသည်

ဝေါဟာရ အဓိပ္ပါယ် ကြွယ်သလို၊ နယ်လည်း ကျယ်ပြောပါသည်။

ကပ္ပါယ်အိတ်ကိုပင် ဘော ၊ မုတ် ၊ မုတ္တဟူ၍ အခေါ် အမျိုးမျိုးခေါ်ဆိုကြပါသည်။

ဘောမ သည် တနည်းအားဖြင့် မုတ္တ မ များသည်ဖြစ်ပါသည်။ မုတ္တကို မ ပြီး စားသောက်ရသောကြောင့် မုတ္တမ စားဟူ၍။

ဘောမ (ဝါ ) မုတ္တ မ = ကပ်ဖါး ရပ်ဖါး(သို့) ကပ်ဖါး ယပ်ဖါး ဟု အဓိပ္ပါယ်ပေါ်လွင်ပါသည်။

ရာထူးစည်းစိမ်ချမ်းသာ နှင့် ဩဇာအာဏာ ရှိသူထံ မိမိတို့ တနပ်စာ၊တဘဝစာ ရိက္ခာဖူလုံပြည့်စုံရေးအတွက်

ချဉ်း ကပ်* ၍၊ အလိုလိုက် အကြိုက်ဆောင်စေသောစကားများပြောပီး အတူတကွ ရပ်*တည်ကြောင်း ဖါး(ဘက်လိုက်ခြင်း)ခြင်းအမှုပြုရသည်ကို ကပ်ဖါး ရပ်ဖါးဟု သညာအမှုပြုကြပါသည်။

ရာသီဥတုအပါအဝင် အ‌ေြခနေအရပ်ရပ် မငြိမ်မသက် ဆူပွက် ပူ လာသောအခါ

မပူစေကြောင်း သိလိုစေရန် အနားချဉ်း ကပ်* ၊ ယပ်ကလေး တဖျတ်ဖျတ် ခပ်၊ အေးနေ အေးစေပါကြောင်း ပြောပြ၍ယပ်*သဘောသက်ဝင်သော အပြော

ဖါးခြင်းကို ယပ်ဖါး ဟု သမုတ်ပြုပါသည်။

ဘောမ (သို့ ) မုတ္တ မ များသည် တဘို့တည်းကြည့်ကြသူများသာဖြစ်ပါသည်။

ငတေ ငလေ မာဖို့ပဲ သိကြသူများသာဖြစ်ပါသည်။ ဘွဲ့ ဒီဂရီ နှင့် မဆိုင်ပါ။ ငါစွဲ အတ္တကြီးမားလွန်းကြသောကြောင့် အမှန်ကို အမှန်မှန်း သိ ပေမယ့် မျက်ကွယ်ပြုခဲ့ကြပါသည်။

ဘဝကို မရုန်းကန်ချင်။ ပေါ့ပေါ့ နေ၊ပေါ့ပေါ့ စား ၊ ရရှိလာသော ဘဝကို အလေးမထားသူများသာဖြစ်ပါသည်။ တနည်း ဝေလေလေ လူသားများ။ တနည်း သိုက်တူးတတ်သော သိုက်ဆရာကြီးများ။

အထက်တန်း စကားပြေ မြန်မာစာမှသ်ယူခဲ့ရသော စာနှစ်လုံးဖြင့် ဖွင့်ဆိုရပါမည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page