top of page
Search

ဘာ့ကြောင့်အရေးတော်ပုံနိုင်မှာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 26, 2021
  • 1 min read

ညီငယ်တစ်ယောက်ကမေးတယ် အဘဘာ့ကြောင့်အရေးတော်ပုံက နိုင်မှာလဲတဲ့။ အဖြေကရှင်းပါတယ်။ မေမြ်ို့က သူရဲကောင်းကြေးရုပ်ကိုကြည့်ကြည့် နေပြည်တော်စစ်ရေးပြကွင်းထဲက ရုပ်တုကိုကြည့်ကြည့် မင်းဘာမြင်လဲလို့။ သူကဖြေပါတယ်။ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ပါလို့ သူကပြန်ဖြေပါတယ်။ ဟုတ်တယ် ယခုက ဗမာနယ်တွေက သူ့ကိုခံချနေတာ။ ဦးအောင်ဇေယျက ရွှေဘို၊ ဗန္ဓုလက ဘုတလင်လေ။ ဗိုလ်ချုပ်က နတ်မောက်။ ယခုဟာက စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး အကုန်ခံချနေတာ။ မင်းတပ်ထဲကလူတွေ ဘယ်နယ်ကမွေးလာလဲ ထိုနယ်တွေကဘဲလေ။

ယခုစစ်ကြောင့် စစ်ဘေးရှောင်နေရ၊ စီးပွါးရေးမလုပ်ရပေမယ့် သူတို့က မအလကို ဘာဖြစ်ဖြစ်အပြုတ်တိုက်မယ်ဆိုပြီး တိုက်နေကြတာကွ။ ဗကပလက်ထက်မှာတောင် စစ်ကိုင်းက မပါခဲ့ဘူး။နောက်သူတို့က သူတို့သားသမီး သူတို့လင်တွေကို မအလတပ်ထဲ မဝင်ခိုင်းတော့ဘူး။ လက်ရှိတပ်ဟာ ဗမာကိုအများစုအခြေခံပြီးဖွဲ့ထားတာ။ သူ့လူမျိုးက သူ့မထောက်ခံရင် သွားပြီပေါ့။ ယခုသူက မီးရှို့လေ ဟိုက နောက်မဆုတ်ဘဲ PDF က လုအင်အားပိုများလာလေဘဲ။ မအလတပ်ထဲထပ်ဝင်မယ့်သူလဲမရှိတော့ဘူး။ ယခုPDF က လက်နက်ကြီးမရသေးလို့သာ။ လက်နက်ရရင် မအလကအမြန်ပြုတ်မှာဖြစ်ပြီး လက်နက်ကြီးမရရင် အချိန်ယူရနိုင်ပေမယ့် အရေးတော်ပုံနိုင်မှာ ကတော့သေချာတယ်လို့ ပြောလိုက်ပါတယ်။

 
 
 
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page