top of page
Search

ဘာကြောင့် အမိန့်စာတွေများနေရလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 20, 2020
  • 1 min read

စာဖတ်သူများက ဘာကြောင့်အမိန့်စာတွေက များနေရတာလဲ မေးကြပါတယ်။ ဒါလေးကိုရှင်းပြဖို့ကဘယ်သူက ဘာအမိန့်ထုတ်နိုင်လဲဆိုတာသိဖို့ လိုအပ်ပါတယ်။

ပထမ ဒီကိုဗစ်က တရုတ်မှာ စဖြစ်ပါတယ်။ သူက ကွန်မြူနစ်စနစ်ပါ။ တပ်က သမ္မတအောက်ကွန်မြူနစ်ပါတီအောက်မှာရှိပါတယ်။ အာဏာရှင်စနစ်ပေါ့။ သူက ဝူဟန်ကိုပိတ်တယ်ဆိုရင် ပိတ်ပါတယ်။ လူတွေကို အိမ်ထဲကနေ ဖမ်းခေါ်ပါတယ်။ ဘယ်သူကမှ သူ့ကိုမဝေဖန်ရဲ စိန်မခေါ်ရဲပါ။ သူပြောတာက အမိန့်ပါ။ သူ့သေနှုန်းကနည်းတယ်ဆိုပေမယ့် သူ့ အချက်အလက် data ကို ယုံသူ မယုံသူရှိပါမယ်။

နောက်ဒီကိုဗစ်က အမေရိကန်နဲ့ ယူကေ၊ အီတလီ၊ ဥရောပတို့မှာဖြစ်ပါတယ်။ အမေရိကန်က ဖယ်ဒရယ်စစ်စစ်ပါ။ ပြည်နယ်အုပ်ချုပ်ရေးမှူး (ဝန်ကြီးချုပ်) တွေကို ရွေးကောက်တင်မြှောက်ရသလို သူ့ပြည်နယ်တွေမှာ ဥပဒေပြုမှုအာဏာ အပြည့်အဝရှိပါတယ်။ စစ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒကလွဲရင်ကျန်တာက အာဏာအပြည့်ပါ။ ပြည်နယ်ရဲကလဲ ပြည်နယ်အစိုးရကို ဩဇာခံပါတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်လာချိန်မှာ နယူးယောက်နဲ့ အခြားပြည်နယ်များ တုန့်ပြန်ပုံ မတူကြပါ။ ပြည်နယ်များက အသက်ရူစက်မလုံလောက်လို့ တရုတ်ကနေ ဝိုင်းလေလံဆွဲခဲ့ကြပါတယ်။ lockdown တောင် ထရမ့်က ကြေညာနိုင်တာလား ပြည်နယ်အုပ်ချုပ်ရေးမှူးက ကြေညာနိုင်လား အစမှာ အငြင်းပွါးသလို ရှိခဲ့ပေမယ့်နောက်ပိုင်းမှာ ထရမ့်က လုပ်သင့်တဲ့ လမ်းညွှန်စာ guideline သာထုတ်ပေးခဲ့ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကသာ ဆုံးဖြတ်ရမှာလို့ လက်ခံခဲ့ပါတယ်။ ထရမ့်အစိုးရကတော့ ပြည်ပအဝင်တွေ ဘာတွေကိုသာ ကိုင်မှာပါ။ သူက ဖယ်ဒရယ်စစ်စစ်ပါ။ ဒါကြောင့် အမိန့်ကို ပြည်နယ်တွေကသာ အကုန်ထုတ်ပါတယ်။

ဥရောပက ယူကေမှာက ကျန်းမာရေးကို ပြည်နယ်တွေခွဲထားလို့ ဒေသတစ်ခုချင်းစီက ကျန်းမာရေးနဲ့ပတ်သက်တာကို အမိန့်ထုတ်ပါတယ်။ ဒါပေမယ့် အလုပ်သမားတွေ လျော်ကြေးပေးတာ စီးပွါးရေးသမားတွေ လျော်ကြေးပေးတာက ဗဟိုကကိုင်ထားလို့ ဗဟိုက အစိုးရက ကြေညာရပါတယ်။

အိန္ဒိယမှာကလဲ အင်္ဂလိပ်ပုံစံမိုလို့ ဗဟိုက အချို့ကိုကိုင်ပြီး ပြည်နယ်ဝကခတွေက ကျန်းမာရေးဆိုင်ရာမူဝါဒကို ကိုင်ပါတယ်။

ကိုဗစ်က မြန်မာပြည်ကို ရောက်ပါတယ်။ သူက ၂၀၀၈ ခြေဥနဲ့ စတွေ့ပါတယ်။ တိုင်းပြည်မှာ တကယ်အုပ်ချုပ်နေတာက အတိုင်ပင်ခံပါ။ တပ်က အမိန့်နာခံတာက သမ္မတပါ။ ဒါကြောင့်ဗဟိုအဆင့်ကော်မတီဖွဲ့ရပါတယ်။ DASSK က ဥက္ကဌပေါ့။ သူကညွှန်ကြားချက်ထုတ်လို့ရပါတယ်။ ဒါပေမယ့် ခြေဥအရ အမိန့်ထုတ်ရတာက သမ္မတပါ။ ဒီနေရာမှာ ညမထွက်ရက ဒေသန္တရအမိန့်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရက ထုတ်ရပါတယ်။ ဒါပေမယ့် ဒီကပ်ရောဂါမှာ ဘယ်လိုနေထိုင်ဆိုတာက ကျန်းမာရေးဝန်ကြီးဌာနနဲ့ ခြေဥအရဆိုင်သွားပါတယ်။ စာရေးသူတို့တိုင်းပြည်က အမေရိကန်လို ဖယ်ဒရယ်မဟုတ်သလို အိန္ဒိယအဆင့်တောင် မဟုတ်ပါ။ ဒါကြောင့် ဗဟိုကျန်းမာရေးဝန်ကြီးက ထုတ်ရပါတယ်။အလုပ်သမားကလဲ ဘယ်သူခွင့်ပြုထားတဲ့ ရင်းနှီးမြုပ်နှံမှုအပေါ်မူတည်ပြီး တိုင်းဒေသကြီးအစိုးရရဲ့လုပ်ပိုင်ခွင့်က အကန့်အသတ်ရှိပါတယ်။ ဒါကြောင့်ဗဟိုက စာထုတ်ရပါတယ်။ လူတွေအမြင်မှာတော့အမိန့်စာတွေများတာပေါ့။

ဒီလိုတွေခွဲမထုတ်ချင်ရင် ကာလုံခေါ် အရေးပေါ်အခြေအနေကြေညာပြီး အဘက ဥပဒေကဲ့သို့အာဏာတည်တဲ့အမိန့်နဲ့ အုပ်ချုပ်လို့ရပါတယ်။ အမိန့်စာတွေများနေတာ မှန်ပါတယ်။ ဒါပေမယ့် ဒီမိုတွေအနေနဲ့ ဒီခြေဥအရ အမိန့်စာတွေများနေတာကို သီးခံနိုင်လိမ့်မယ်လို့ထင်ပါတယ်။ မဟုတ်ရင်အဘက ဖျာဝင်ခင်းပါလိမ့်မယ်။

Credit: The Atlantic, Bloombergquint, institute for government, NPR, Independent

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


U Myint Soe Oo
U Myint Soe Oo
Apr 21, 2020

လူသား(လူဦးရေ အရေအတွက်) အရင်းအမြစ် ( ဉဏ်အခြေခံသော ကာယ ဉာဏ စွမ်းဆောင်ရည်)။ QUANTITY & QUALITY>>>>လူသားအရင်းအမြစ်။ စွမ်းဆောင်ရည်မြင့်မားသူများ ချမ်းသာကြွယ်ဝကြ၏။e.g EUROPE & AMERIA အနောက်မျှော်ဟု မမြင်စေလို။ JAPAN & S.KOREA အရှေ့ကျော် ဒွေးတော်လွမ်းသူလည်း မဟုတ်ရပါ။ လူဦးရေများသော်လည်း စွမ်းဆောင်ရည် ချိုတဲ့ကြလေသော အချို့နိုင်ငံများမှာ•••?။ အမိန့် ဘာကြောင့် ခဏခဏထုတ်ရတာလဲ။ #ကာလဒေသပယောဂ#ပေါ်မူတည်ရပါသည်။ တရားသေ တသံတမိန့် ငါတကော ကော၍မရပါ။ အစွန်းတဖက်ဖက်သို့ကပ်၍ ဆိုးကျိုးများဖြစ်ပေါ် ဆိုင်ရာဝန်းကျင်ကို သက်ရောက်စေတတ်၏။ #အစွန်းရောက်လျှင်မကောင်းကြောင်း#ပစ္စက္ခကာလမှာ မြင်တွေနိုင်ပါသည်။အစွန်းမကပ်ရန် အလယ်လမ်းသာရှိပါသည်။ အလယ်လမ်းသည် ကာလဒေသပယောဂပေါ် လုံးဝ မှီတည်ပါသည်။ အလယ်လမ်းသည် အစွန်းမကပ် ချမ်းသာစေတတ်၏ ။ #မဇ္စျိမပဋိပဋာ#။ဗုဒ္ဓဘုရားရှင်ကျင့်ဆောင်ပြီး လမ်းညွှန်ပြတော်မူခဲ့သဖြင့် ဗုဒ္ဓဘါသာဝင်အပေါင်း၏ ဟဒယအိမ်မှာ စွဲထိလို့ အမြဲပြောနေကြသော စကား!တရား!။ပြောတာတော့ ပြောကြပါ၏။ ကျင့်သုံးနိုင်သော စွမ်းဆောင်ရည် မရှိကြလေသောအခါ •••••••••••¿ ( ? မဟုတ်ရပါ ¿ ¿ ္ ¿) အမြင်ရှင်း၍ လင်းနိုင်ကြပါစေ။ လော်ခြင်းမဟုတ် အဟုတ်သော မေတ္တာဖြင့်!

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page