top of page
Search

ဘာကြောင့် သူမကို ပြည်သူတွေက ချစ်လဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 11, 2019
  • 1 min read

ဘာကြောင့် သူမကို ပြည်သူတွေက ချစ်လဲ

ICJ မှာ စာရေးသူတို့သာဆို မသွားရဲပါ။ အပြစ်လုပ်သူကိုသာ သွားရှင်းခိုင်းလိုက်မှာပါ။ ဒါပေမယ့် သူမကတိုင်းပြည်ခေါင်းဆောင်လေ။ ပြည်သူတွေကချစ်သောသူ မေတ္တာတရား ပြည့်ဝသူ။ ဒါကြောင့် သူမက မိဘကဲ့သို့ရော ခေါင်းဆောင်အနေနဲ့ရော သွားရှင်းခဲ့ပါတယ်။

သူမက လူမျိုးတုန်းသတ်ဖြတ်မှုကို ရှုတ်ချပြီး မြန်မာပြည်မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာရှိနိုင်ပြီး ဒါတွေကိုအရေးယူနေပါတယ်လို့ ထောက်ပြခဲ့ပါတယ်။ မြန်မာပြည်မှာ လူမျိုးတုန်းသတ်တယ်ဆိုတာကိုတော့ ငြင်းခဲ့ပါတယ်။ပြည်တွင်းမှာ အရေးမယူနိုင်မှသာ ပြည်ပက လုပ်ဆောင်သင့်ကြောင့် အဖွင့်မှာ ပြောသွားခဲ့ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ပြည်ထောင်စုလွှတ်တော်မှာ ခြေဥပြင်နေကြောင်းလဲ အနည်းငယ်ထည့်ပြောသွားပါတယ်။

နောက်သူမရဲ့ ရှေ့နေများပါ။ ရှေ့နေများဟာ DASSK ကြောင့်သာ လိုက်တာပါ။ အဘတို့သွားငှါးရင် လိုက်မှာမဟုတ်ပါ။ သူတို့ကလဲ လူမျိုးတုန်းမှုမမြောက်ကြောင်း သေချာ ဥပဒေအချက်အလက်နဲ့ ပြောသွားခဲ့ပါတယ်။ ဒီနေရာမှာ ဓာတ်ခဲကို ကျေးဇူးတင်စရာရှိပါတယ်။ ယခု ဂမ္ဘီယာက လူမျိုးတုန်းသတ်တယ် လူမျိုးဘာသာအပေါ်မူတည်ပြီးလုပ်တာလို့ စွပ်စွဲပါတယ်။ ဒါပေမယ့် ယခုရခိုင်ပြည်မှာ လက်ရှိဓာတ်ခဲနဲ့စစ်ပွဲကြောင့် ဒေသခံ လူမျိုးဘာသာပေါင်းစုံ ထွက်ပြေးနေရလို့ ဒါဟာ လူမျိုးတုန်းလို့ခေါ်ဖို့ ခက်သွားပါတယ်။ အဘက လူမျိုး ဘာသာ မခွဲခြားမှုကို ပြပါတယ်။

အကျဉ်းချုပ်ရရင် ဒီနေ့ပွဲက သူမရဲ့ခေါင်းဆောင်ပီသမှုကို ထပ်မံတွေ့ရှိလိုက်ရသလို သူမရဲ့ ကြီးမားတဲ့ မေတ္တာကိုလဲ ခံစားနားလည်လိုက်ရပါတယ်။ ဒါကြောင့် သူမကို ပြည်သူတွေက ချစ်ကြတာပါ။

Photo credit: Peacock

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page